zSpace Laptop

[ Zawgyi ]

ေစ်းႏႈန္း – ကန္ေဒၚလာ ၁၂၉၉
(AR မ်က္မွန္၊ Stylus အပါ)

အားသာခ်က္

ဆန္းသစ္တဲ့ ကိုုယ္ထည္ဒီဇုိင္းက ဆြဲေဆာင္မႈရွိသလို 3D effects လုပ္ေဆာင္ခ်က္နဲ႔ ေလ့လာသင္ၾကားမႈဆုိင္ရာ AR app ေတြ မ်ားစြာေထာက္ပံ့ပါ၀င္တာ သေဘာက်စရာပါ။ ေနာက္တစ္ခု အသုံး၀င္လွတဲ့ Laptop အသုံးျပဳနည္းကိုလည္း တစ္ပါတည္း ထည့္သြင္းေပးထားတာ အဆင္ေျပလွပါတယ္။

အားနည္းခ်က္

ထူထဲၿပီး ေလးလံတဲ့ ကိုယ္ထည္ဒီဇုိင္း၊ CPU ရဲ႕ စြမ္းေဆာင္ရည္က ရွိသင့္တာထက္ နည္းတယ္လို႔ခံစားရတာနဲ႔ ဘက္ထရီနဲ႔ ၾကာၾကာအသုံးမျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ပါ။

သုံးသပ္ခ်က္

zSpace က Laptop တစ္လုံးဆိုတာထက္ ပထမဆုံး AR နဲ႔ VR နည္းပညာကို ေပါင္းစပ္ၿပီး တီထြင္ဖန္တီးထားတဲ့ ေလ့လာသင္ယူစရာ Tool တစ္ခုလို႔ ဆိုရမွာပါ။ တျခား Laptop ေတြနဲ႔ မတူတာက ေက်ာင္းသားလူငယ္ေတြနဲ႔ လုပ္ငန္းနယ္ပယ္ကသူေတြအတြက္ 3D effect ဆုိင္ရာ လုပ္ငန္းေဆာင္တာေတြကို AR၊ VR နည္းပညာေတြအသုံးျပဳၿပီး မိမိတို႔ရဲ႕ ေလ့လာသူမႈေတြ အတြက္ အသုံးျပဳႏုိင္ေအာင္ ဖန္တီး ထားတာေၾကာင့္ ျဖစ္ပါတယ္။ သူ႔မွာပါ၀င္တဲ့ ကင္မရာ၊ ဆင္ဆာ၊ 3D မ်က္မွန္၊ Stylus စတာေတြအသုံးျပဳၿပီး အသုံးျပဳက 3D ႐ုပ္ၾကြအရာ၀တၳဳေတြကို ကိုယ္တုိင္ ကိုင္တြယ္ေလ့လာ အသုံးျပဳရသလိုမ်ဳိး ေလ့လာႏုိင္ မွာျဖစ္ပါတယ္။ ဒီ Laptop က ေက်ာင္းသားလူငယ္ေတြအတြက္ ဘာသာရပ္အစုံ က႑အစုံအတြက္ ေလ့လာသင္ၾကားေရး ဆုိင္ရာ app ေတြ ရာနဲ႔ခ်ီၿပီး ေထာက္ပံ့ေပးထားပါေသးတယ္။ zSpace Laptop ကို အဓိက အေနနဲ႔ စာသင္ေက်ာင္းသုံး၊ ေက်ာင္းသားသုံး ဒါမွမဟုတ္ ထုတ္ကုန္သစ္ေတြအတြက္ လိုအပ္တဲ့ စမ္းသပ္မႈေတြ ျပဳလုပ္ခ်င္သူေတြအတြက္ ေတာ္ေတာ္ေလး အသုံး၀င္တဲ့ Tool တစ္ခုျဖစ္မယ့္ Laptop လို႔ သုံးသပ္ရမွာျဖစ္ၿပီး ေပးရတဲ့ေစ်းနဲ႔ဆိုရင္လည္း တန္တယ္လို႔ခံစားရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel အထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။ AMD A9-9420 APU Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ AMD Radeon R5 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 8 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256 GB M.2 SATA SSD ကို အသုံးျပဳထားပါတယ္။ သူ႔မွာ တပ္ဆင္ထားတဲ့ Webcam က 720p အမ်ဳိးအစားျဖစ္ၿပိး ၄.ဝx၂.၃ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈေကာင္းမြန္ပါ တယ္။ Qualcomm Atheros QCA61 WiFi 802.11 ac, Bluetotoh 4.0 ၊ HDMI ေပါက္၊ USB 3.0 ေပါက္နဲ႔ Type-C ေပါက္ေတြ ပါ၀င္ပါတယ္။ ျမင္ကြင္း ေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၃ နာရီနဲ႔ ၉ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၂.၉ ကီလိုဂရမ္ (၆.၄ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

Ref: www.laptopmag.com

-ရဲထြဋ္ဝင္း

[ Unicode ]

စျေးနှုန်း – ကန်ဒေါ်လာ ၁၂၉၉
(AR မျက်မှန်၊ Stylus အပါ)

အားသာချက်

ဆန်းသစ်တဲ့ ကိုုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို 3D effects လုပ်ဆောင်ချက်နဲ့ လေ့လာသင်ကြားမှုဆိုင်ရာ AR app တွေ များစွာထောက်ပံ့ပါ၀င်တာ သဘောကျစရာပါ။ နောက်တစ်ခု အသုံးဝင်လှတဲ့ Laptop အသုံးပြုနည်းကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားတာ အဆင်ပြေလှပါတယ်။

အားနည်းချက်

ထူထဲပြီး လေးလံတဲ့ ကိုယ်ထည်ဒီဇိုင်း၊ CPU ရဲ့ စွမ်းဆောင်ရည်က ရှိသင့်တာထက် နည်းတယ်လို့ခံစားရတာနဲ့ ဘက်ထရီနဲ့ ကြာကြာအသုံးမပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

zSpace က Laptop တစ်လုံးဆိုတာထက် ပထမဆုံး AR နဲ့ VR နည်းပညာကို ပေါင်းစပ်ပြီး တီထွင်ဖန်တီးထားတဲ့ လေ့လာသင်ယူစရာ Tool တစ်ခုလို့ ဆိုရမှာပါ။ တခြား Laptop တွေနဲ့ မတူတာက ကျောင်းသားလူငယ်တွေနဲ့ လုပ်ငန်းနယ်ပယ်ကသူတွေအတွက် 3D effect ဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို AR၊ VR နည်းပညာတွေအသုံးပြုပြီး မိမိတို့ရဲ့ လေ့လာသူမှုတွေ အတွက် အသုံးပြုနိုင်အောင် ဖန်တီး ထားတာကြောင့် ဖြစ်ပါတယ်။ သူ့မှာပါ၀င်တဲ့ ကင်မရာ၊ ဆင်ဆာ၊ 3D မျက်မှန်၊ Stylus စတာတွေအသုံးပြုပြီး အသုံးပြုက 3D ရုပ်ကြွအရာဝတ္ထုတွေကို ကိုယ်တိုင် ကိုင်တွယ်လေ့လာ အသုံးပြုရသလိုမျိုး လေ့လာနိုင် မှာဖြစ်ပါတယ်။ ဒီ Laptop က ကျောင်းသားလူငယ်တွေအတွက် ဘာသာရပ်အစုံ ကဏ္ဍအစုံအတွက် လေ့လာသင်ကြားရေး ဆိုင်ရာ app တွေ ရာနဲ့ချီပြီး ထောက်ပံ့ပေးထားပါသေးတယ်။ zSpace Laptop ကို အဓိက အနေနဲ့ စာသင်ကျောင်းသုံး၊ ကျောင်းသားသုံး ဒါမှမဟုတ် ထုတ်ကုန်သစ်တွေအတွက် လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ချင်သူတွေအတွက် တော်တော်လေး အသုံးဝင်တဲ့ Tool တစ်ခုဖြစ်မယ့် Laptop လို့ သုံးသပ်ရမှာဖြစ်ပြီး ပေးရတဲ့စျေးနဲ့ဆိုရင်လည်း တန်တယ်လို့ခံစားရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ AMD A9-9420 APU Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ AMD Radeon R5 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB M.2 SATA SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က 720p အမျိုးအစားဖြစ်ပြိး ၄.ဝx၂.၃ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါ တယ်။ Qualcomm Atheros QCA61 WiFi 802.11 ac, Bluetotoh 4.0 ၊ HDMI ပေါက်၊ USB 3.0 ပေါက်နဲ့ Type-C ပေါက်တွေ ပါ၀င်ပါတယ်။ မြင်ကွင်း တောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၃ နာရီနဲ့ ၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၉ ကီလိုဂရမ် (၆.၄ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com