ZHIYUN Crane3 Lab

အရွယ်အစားသေးငယ်ပြီး ဒီဇိုင်းဆန်းကာ ကိုင်တွယ်ရာမှာ ပိုမိုလွယ်ကူအဆင်ပြေတဲ့ ZHIYUN Crane3 LAB Camera Gamble ဖြစ်ပါတယ်။ DSLR, Mirrorless Camera တွေနဲ့ ဗီဒီယိုရိုက်ကူးရာမှာ အသုံးတည့်ပါတယ်။

အရင်ထုတ်ထားတဲ့ မော်ဒယ်ထက် ပိုပြီး တည်ငြိမ်မှု ထိရောက်မှု ပိုကောင်းသလို လက်ကိုင်အနေနဲ့လည်း နှစ်ဖက်ပါလာပါတယ်။ Gimbal မှ camera ရဲ့Shutter speed, Aperture, ISO နဲ့ Focus တွေကို လိုသလို ထိန်းချုပ်နိုင်ခြင်းအပြင် USB Cable အထောက်အပံ့မပေးသော camera တွေအတွက်လည်း External Follow Focus Motor တပ်ဆင်ပြီး Focus ကို ကစားနိုင်ခြင်း၊ Motor ကို 360 degree ကို နှစ်သက်သလို လှည့်၍ ရခြင်း၊ iOS/Android Mobile Phone တွေနဲ့ wireless ချိတ်ဆက်ပြီး software နဲ့ အလွယ်တကူ ထိန်းချုပ်နိုင်ခြင်း စတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာပါတယ်။ ဟန်းဆက် Holder ပါ တစ်ပါတည်း ပါဝင်ပါတယ်။ Onboard Controls နဲ့ OLED Status Screen ထောက်ပံ့ပါဝင်လာပါတယ်။ Lithium-Ion Battery battery သုံးလုံးထောက်ပံ့ပေးထားတဲ့ အတွက် အားအပြည့်သွင်းထားရင် ၇.၅ နာရီအထိ တောက်လျှောက်အသုံးပြုနိုင်သလို ဆယ်ပေါင်အလေးချိန်ရှိ DSLR, Mirrorless Camera များကိုပါ တင်ဆောင်အသုံးပြုနိုင်ပါတယ်။ တန်ဖိုးက ၁,၂၁၅,၀၀၀ ကျပ်ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း ၀၉ ၅၁၁၃၅၉ ၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ