Zenfone Max Pro (M2) ကို Asus တရားဝင္ အျမည္းမိတ္ဆက္ခဲ့

[Zawgyi]

Asus Indonesia ဟာ Zenfone Max Pro (M2) ကို Twitter မွာ တရားဝင္ မိတ္ဆက္သြားခဲ့ပါတယ္။
Asus ရဲ႕ဒုတိယေျမာက္မ်ိဳးစက္ Zenfone Max Pro (M2) ကို ဒီဇင္ဘာလ ၁၁ ရက္မွာ ထုတ္ေဖာ္မိတ္ဆက္မွာ ျဖစ္ၿပီး ဘက္ထရီပမာဏ 5,000mAh အထိ ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ Zenfone Max Pro (M2) ဟာ gaming အသားေပးဖုန္းျဖစ္ၿပီး အလြန္စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ chipset ပါဝင္လာႏိုင္တယ္လုိ႔ tweet မွာ အရိပ္အျမြက္ ေဖာ္ျပထားပါတယ္။ Twitter က ပုိ႔စ္မွာ #NextGenerationGaming ဆိုတဲ့ hashtag ကို အသုံးျပဳထားပါတယ္။

Asus အေနနဲ႔ တန္ဖိုးႀကီး Zenfone 5 ဖုန္းႏွစ္မ်ိဳးမွာ notch ကုိ အသုံးျပဳခဲ့ၿပီး အခုလို အလယ္အလတ္ဖုန္းေတြမွာလည္း notch ကုိ တရားဝင္ ထည့္သြင္းလိုက္ပါတယ္။ Zenfone Max Pro (M2) မွာ notch အသုံးျပဳထားၿပီး ေရွ႕ကင္မရာ 13MP f/2.0 နဲ႔ LED flash တို႔ ပါဝင္လာႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာကေတာ့ 12MP Sony IMX486 sensor (f/1.8) နဲ႔ 5MP depth sensor တို႔ ပါဝင္လာႏိုင္ပါတယ္။

Asus Zenfone Max Pro (M2) ကို ဒီဇင္ဘာလ ၁၁ ရက္မွာ မိတ္ဆက္မွာ ျဖစ္ၿပီး Android One မဟုတ္တဲ့ Android ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

Asus Indonesia ဟာ Zenfone Max Pro (M2) ကို Twitter မှာ တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။
Asus ရဲ့ဒုတိယမြောက်မျိုးစက် Zenfone Max Pro (M2) ကို ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပြီး ဘက်ထရီပမာဏ 5,000mAh အထိ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Zenfone Max Pro (M2) ဟာ gaming အသားပေးဖုန်းဖြစ်ပြီး အလွန်စွမ်းဆောင်ရည်ကောင်းမွန်တဲ့ chipset ပါဝင်လာနိုင်တယ်လို့ tweet မှာ အရိပ်အမြွက် ဖော်ပြထားပါတယ်။ Twitter က ပို့စ်မှာ #NextGenerationGaming ဆိုတဲ့ hashtag ကို အသုံးပြုထားပါတယ်။

Asus အနေနဲ့ တန်ဖိုးကြီး Zenfone 5 ဖုန်းနှစ်မျိုးမှာ notch ကို အသုံးပြုခဲ့ပြီး အခုလို အလယ်အလတ်ဖုန်းတွေမှာလည်း notch ကို တရားဝင် ထည့်သွင်းလိုက်ပါတယ်။ Zenfone Max Pro (M2) မှာ notch အသုံးပြုထားပြီး ရှေ့ကင်မရာ 13MP f/2.0 နဲ့ LED flash တို့ ပါဝင်လာနိုင်ပါတယ်။ ကျောဘက်ကင်မရာကတော့ 12MP Sony IMX486 sensor (f/1.8) နဲ့ 5MP depth sensor တို့ ပါဝင်လာနိုင်ပါတယ်။

Asus Zenfone Max Pro (M2) ကို ဒီဇင်ဘာလ ၁၁ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပြီး Android One မဟုတ်တဲ့ Android ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena