ZEISS ZX1 Digital Camera

[ Zawgyi ]

အားသာခ်က္

႐ိုက္ပါ၊ ျပင္ပါ၊ လူမႈကြန္ရက္မွာ ခ်က္ခ်င္းမွ်ေဝပါလို႔ ေၾကာ္ျငာထားပါတယ္။ FullFrame (36 x 24 mm)အရြယ္ရွိ CMOS Sensor ပါဝင္ၿပီးInternal Memory 512GB SSD ေထာက္ပံ့
ေပးထားတဲ့ ZEISS ZX1 ေမာ္ဒယ္ ဒီဂ်စ္တယ္ကင္မရာျဖစ္ပါတယ္။ 37.4Megapixel ပါဝင္ၿပီး ဓာတ္ပံုကို JPEG Format ,DNG File နဲ႔ပါ ႐ိုက္ကူးႏိုင္ပါတယ္။ ဗီဒီယိုကို 4K UHD ကို 30fps အထိ ႐ိုက္ကူးႏိုင္မွာပါ။ Lens အေနနဲ႔ 35mm Fix Lens f/2-f22 ပါ၀င္ ပါတယ္။ JPEG File အတြက္ Frame per second 3fps ျမန္ႏႈန္းနဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။

၄.၃၄ လက္မ အရြယ္အစား Touchscreen LCD with Tool Bar ပါ၀င္ၿပီး ထိေတြ႕ေစခိုင္းႏိုင္သလို ပံုေတြကိုပါျပဳျပင္ႏိုင္မွာပါ။ ခ်ိတ္ဆက္မႈပိုင္းအတြက္ ႀကိဳးနဲ႔ဆိုရင္ 1/8″ Headphone, 1/8″ Microphone, USB Type- C စတာေတြနဲ႔ခ်ိတ္ဆက္ ႏိုင္ပါတယ္။ ႀကိဳးမဲ့အတြက္လည္း Wi-Fi 5 (802.11ac) Built In ကို ထည့္သြင္းေထာက္ပံံ့ေပးထားပါတယ္။ ထူးျခားတာက ကင္မရာကိုယ္ထည္တြင္း Adobe Photoshop Lightroom CC ထည့္သြင္းေပးထားတဲ့အတြက္ ႐ိုက္ၿပီးၿပီးခ်င္း ကင္မရာထဲမွာ Touch & Tool Bar နဲ႔ ပံုျပဳျပင္ႏိုင္သလို လူမႈကြန္ရက္ေတြေပၚ ခ်က္ခ်င္းတင္ႏိုင္ပါတယ္။

အားနည္းခ်က္

Frame Per Second အေနနဲ႔ 3fps ေလာက္သာ ရရွိႏိုင္တာက သူ႔ရဲ႕ အားနည္းခ်က္ပါ။ ေနာက္ၿပီး ေနာက္စဥ္းစားရမယ့္ အႀကီးမားဆံုးေသာအခ်က္က Fixed Lens ျဖစ္တာေၾကာင့္ အျဖဳတ္အတပ္ မလုပ္ႏိုင္ဘူးဆိုတဲ့ အခ်က္ပါပဲ။

သံုးသပ္ခ်က္

Internal Memory 512GB (SSD) ထည့္သြင္းေထာက္ပံ့ထားသလို ကိုယ္ထည္တြင္း Adobe Photoshop Lightroom CC ထည့္သြင္းေပးထားတဲ့အတြက္ ႐ိုက္ၿပီးၿပီးခ်င္း ကင္မရာထဲမွာ Touch &  Tool Bar ျပဳျပင္ႏိုင္တဲ့ Full Frame Camera တစ္လံုးျဖစ္ပါတယ္။ ေစ်းႏႈန္းေၾကာ္ျငာထားျခင္း မရွိေသးေပမယ့္ ေစ်းကေတာ့နည္းမွာ မဟုတ္ပါဘူး။

လုပ္ေဆာင္ခ်က္

File Format ေတြအေနနဲ႔ JPEG ေရာ DNG File နဲ႔ပါ ႐ိုက္ကူးႏိုင္ပါတယ္။ ဗီဒီယိုပိုင္းမွာ 4K @30fps,80 ကေန 51200 အထိ အသံုးျပဳႏိုင္ပါတယ္။ Shutter Speed အေနနဲ႔ အေႏွးဆံုး30” ကေန 1 / 8000 အထိ ရပါတယ္။ Bult-in Flash အေနနဲ႔ မပါ၀င္ဘဲ External Flash တပ္ဆင္ႏိုင္တဲ့ Hot Shoe သာပါဝင္မွာပါ။

Exposure Mode အေနနဲ႔ Aperture Priority, Manual, Program, Shutter Priority တို႔ကို ေရြးခ်ယ္အသံုးျပဳႏိုင္ပါတယ္။ Internal Memory 512GB (SSD) ေထာက္ပံ့ေပးထားပါတယ္။ 0.74x Full HD OLED Electronic Viewfinder ပါ၀င္ၿပီး Screen Display အေနနဲ႔ 4.34″ လက္မအရြယ္ရွိ LCD with Tool Bar က ေထာက္ပံ့ထားပါတယ္။ အရြယ္အစား142.0 x 93.0 x 66.0 mm ရွိၿပီး အေလးခ်ိန္ 800 g ရွိပါတယ္။

Ref: B & H

[ Unicode ]

အားသာချက်

ရိုက်ပါ၊ ပြင်ပါ၊ လူမှုကွန်ရက်မှာ ချက်ချင်းမျှဝေပါလို့ ကြော်ငြာထားပါတယ်။ FullFrame (36 x 24 mm)အရွယ်ရှိ CMOS Sensor ပါဝင်ပြီးInternal Memory 512GB SSD ထောက်ပံ့
ပေးထားတဲ့ ZEISS ZX1 မော်ဒယ် ဒီဂျစ်တယ်ကင်မရာဖြစ်ပါတယ်။ 37.4Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format ,DNG File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို 4K UHD ကို 30fps အထိ ရိုက်ကူးနိုင်မှာပါ။ Lens အနေနဲ့ 35mm Fix Lens f/2-f22 ပါ၀င် ပါတယ်။ JPEG File အတွက် Frame per second 3fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

၄.၃၄ လက်မ အရွယ်အစား Touchscreen LCD with Tool Bar ပါ၀င်ပြီး ထိတွေ့စေခိုင်းနိုင်သလို ပုံတွေကိုပါပြုပြင်နိုင်မှာပါ။ ချိတ်ဆက်မှုပိုင်းအတွက် ကြိုးနဲ့ဆိုရင် 1/8″ Headphone, 1/8″ Microphone, USB Type- C စတာတွေနဲ့ချိတ်ဆက် နိုင်ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi 5 (802.11ac) Built In ကို ထည့်သွင်းထောက်ပံံ့ပေးထားပါတယ်။ ထူးခြားတာက ကင်မရာကိုယ်ထည်တွင်း Adobe Photoshop Lightroom CC ထည့်သွင်းပေးထားတဲ့အတွက် ရိုက်ပြီးပြီးချင်း ကင်မရာထဲမှာ Touch & Tool Bar နဲ့ ပုံပြုပြင်နိုင်သလို လူမှုကွန်ရက်တွေပေါ် ချက်ချင်းတင်နိုင်ပါတယ်။

အားနည်းချက်

Frame Per Second အနေနဲ့ 3fps လောက်သာ ရရှိနိုင်တာက သူ့ရဲ့ အားနည်းချက်ပါ။ နောက်ပြီး နောက်စဉ်းစားရမယ့် အကြီးမားဆုံးသောအချက်က Fixed Lens ဖြစ်တာကြောင့် အဖြုတ်အတပ် မလုပ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။

သုံးသပ်ချက်

Internal Memory 512GB (SSD) ထည့်သွင်းထောက်ပံ့ထားသလို ကိုယ်ထည်တွင်း Adobe Photoshop Lightroom CC ထည့်သွင်းပေးထားတဲ့အတွက် ရိုက်ပြီးပြီးချင်း ကင်မရာထဲမှာ Touch & Tool Bar ပြုပြင်နိုင်တဲ့ Full Frame Camera တစ်လုံးဖြစ်ပါတယ်။ စျေးနှုန်းကြော်ငြာထားခြင်း မရှိသေးပေမယ့် စျေးကတော့နည်းမှာ မဟုတ်ပါဘူး။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော DNG File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps,80 ကနေ 51200 အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး30” ကနေ 1 / 8000 အထိ ရပါတယ်။ Bult-in Flash အနေနဲ့ မပါ၀င်ဘဲ External Flash တပ်ဆင်နိုင်တဲ့ Hot Shoe သာပါဝင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Internal Memory 512GB (SSD) ထောက်ပံ့ပေးထားပါတယ်။ 0.74x Full HD OLED Electronic Viewfinder ပါ၀င်ပြီး Screen Display အနေနဲ့ 4.34″ လက်မအရွယ်ရှိ LCD with Tool Bar က ထောက်ပံ့ထားပါတယ်။ အရွယ်အစား142.0 x 93.0 x 66.0 mm ရှိပြီး အလေးချိန် 800 g ရှိပါတယ်။

Ref: B & H