YongNuo YN-360II LED Light Wand

[ Zawgyi ]


-ကျော်ဇေယျ

[ Unicode ]

YongNuo အမှတ်တံဆိပ် ပထမဆုံး built-in battery နဲ့ ထုတ်လုပ်လိုက်တဲ့ YN-360 II LED ဖြစ်ပါတယ်။ Professional ဓာတ်ပုံဆရာတွေအနေနဲ့ Indoor မော်ဒယ်အလှပုံရိုက်ကူးရေးနဲ့ Low Light ရိုက်ကူးမှုတွေမှာ မိမိစိတ်ကူးရှိတဲ့အတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရှည် ၁၈.၁ လက်မ ရှိပြီး 320 LED မီးသီးနဲ့ 40 RGB SMD မီးသီးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Color Temperature ကို 3200K~5500K အပြင် RGB (နီ/စိမ်း/ပြာ) လိုအပ်သလို ကစားနိုင်ပါတယ်။ White Light Mode Output က 2560 Lumens အထိ ရနိုင်ပြီး 5200mAh Li-Ion Battery ထောက်ပံ့ပေးထားပါတယ်။ Mobile App ကိုအသုံးပြုပြီး ၁၅ မီတာ အကွာအဝေးမှ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ အရွယ်အစား 59.5 x 11.5 x 5.0 cm ဖြစ်ပြီး အလေးချိန် 1134 g ရှိပါတယ်။ တန်ဖိုး ၁၃၈,ဝဝဝ ကျပ်ဝန်းကျင်ဖြစ်ပြီး ROYAL Camera ဖုန်း – ၀၁ ၈၃၉၈၃၇၀ နဲ့ ၀၁ ၃၉၁၆၁၅ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။