Yangon Driver’s Vocational Academy သင်တန်းကျောင်း ပြီးစီးနေမှုများကို ဆွေးနွေး

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီးအတွက် Yangon Driver’s Vocational Academy (YDVLA) သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိးမင်းသိန်းနဲ့ Elite Telecom Public Co., Ltd မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီဇင်ဘာ ၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

Elite Telecom Public Co., Ltd မှ တာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း Yangon Driver’s Vocational Academy (YDVLA) သင်းတန်းကျောင်း ဖွင့်လှစ်ဖို့အတွက် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဲဒီတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျာ်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။