Xperia Home launcher သစ္တစ္မ်ိဳးကို Sony ဖန္တီးေန

[ Zawgyi ]

Sony အေနနဲ႔ ကုိယ္ပုိင္စမတ္ဖုန္းေတြမွာ ထည့္သြင္းေရာင္းခ်ေနတဲ့ Xperia Home launcher ကို ဆက္လက္ဖန္တီးေတာ့မွာ မဟုတ္ဘူးလို႔ သတင္းထြက္ေပၚခဲ့ပါတယ္။ Sony အေနနဲ႔ launcher အတြက္ Beta အစီအစဥ္ကို ပိတ္သိမ္းဖုိ႔ စီစဥ္ခဲ့ပါေသးတယ္။

ဒါေပမဲ့ Sony က Xperia Home app သစ္တစ္မ်ိဳးကုိ အာ႐ုံစိုက္ လုပ္ကုိင္ေနတယ္လို႔ Home အဖြဲ႕ရဲ႕ developer တစ္ဦးျဖစ္သူ အဲရစ္ကာပ႐ိုင္းမတ္စ္က ေျပာသြားခဲ့ပါတယ္။ အဲဒီေျပာၾကားခ်က္က ထြက္ေပၚေနတဲ့ ေကာလာဟလ သတင္းေတြကိုေခ်ဖ်က္ခဲ့ပါတယ္။

Sony အေနနဲ႔ Android P နဲ႔မိတ္ဆက္မယ့္ gesture လုပ္ေဆာင္ခ်က္ ထည့္သြင္းဖို႔အတြက္ Home launcher သစ္ကုိ ျပန္လည္တည္ေဆာက္ေနတယ္လို႔ ယူဆရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Sony အနေနဲ့ ကိုယ်ပိုင်စမတ်ဖုန်းတွေမှာ ထည့်သွင်းရောင်းချနေတဲ့ Xperia Home launcher ကို ဆက်လက်ဖန်တီးတော့မှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ Sony အနေနဲ့ launcher အတွက် Beta အစီအစဉ်ကို ပိတ်သိမ်းဖို့ စီစဉ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ Sony က Xperia Home app သစ်တစ်မျိုးကို အာရုံစိုက် လုပ်ကိုင်နေတယ်လို့ Home အဖွဲ့ရဲ့ developer တစ်ဦးဖြစ်သူ အဲရစ်ကာပရိုင်းမတ်စ်က ပြောသွားခဲ့ပါတယ်။ အဲဒီပြောကြားချက်က ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေကိုချေဖျက်ခဲ့ပါတယ်။

Sony အနေနဲ့ Android P နဲ့မိတ်ဆက်မယ့် gesture လုပ်ဆောင်ချက် ထည့်သွင်းဖို့အတွက် Home launcher သစ်ကို ပြန်လည်တည်ဆောက်နေတယ်လို့ ယူဆရပါတယ်။

စိုးထက်
Ref: GSMArena