Xiaomi Redmi Note 7

Price : 289,000 Ks (4GB/64GB)

အားသာချက်

ရှေ့နောက်ကို Gorilla Glass 5 နဲ့ဖုံးအုပ်ပြီး တည်ဆောက်ထားတဲ့ build quality ပိုင်းကောင်းတယ်။ ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြု နိုင်တဲ့အပြင် အလင်းအားနည်းတဲ့ အချိန်မျိုးမှာတောင် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေး ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာစနစ်ပိုင်းလည်း သဘောကျတယ်။ USB Type-C , IR, MicroSD, Bluetooth 5.0, FM radio စနစ်တွေ စုံလင်စွာထောက်ပံ့ပါဝင်တယ်။ UI ပိုင်းလည်း ကောင်းမွန်သလို မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတာ ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

သူ့မှာ အသုံးပြုထားတဲ့ chipset က ထောက်ပံ့ပေးနိုင်တဲ့ အမျိုးအစား ဖြစ်ပေမယ့် ဒီဖုန်းက 4K ဗီဒီယိုနဲ့ မရိုက်ကူးနိုင်တာ စိတ်ပျက်စရာပါ။ နေ့ဘက်ရိုက်ကူးမှုမှာ ကင်မရာရဲ့ exposure အကွာအဝေးပိုင်းနဲ့ ကာလာပိုင်း ကြည်လင်ပြတ်သားမှုက ဒီထက်ပိုကောင်းသင့်တယ်လို့မြင်ပါတယ်။ NFC စနစ်ထောက်ပံ့ပါဝင်ခြင်းမရှိတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ဒီဇိုင်းပိုင်းက ပုံမှန် mid-range ဖုန်းတွေနဲ့သိပ်မကွာလှပါဘူး။ ဒါပေမယ့် ကျောဘက်နဲ့ ရှေ့ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ် ထားတယ်။ သူ့ရဲ့ SIM ကတ်ပေါက်ကတော့ မြင်ကွင်းဘယ်ဘောင်ထဲမှာ ထည့်သွင်းထားပြီး ဖုန်းအောက် ဘက်ဘောင်ထဲမှာတော့ 2.0 USB Type-C အားသွင်းပေါက်နဲ့ စပီကာတွေရှိ ပါတယ်။ မြင်ကွင်းညာဘက်ဘောင်ထဲမှာ အသံတိုးကျယ်ခလုတ်နဲ့ ပါဝါခလုတ်ရှိမှာ ဖြစ်ပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ ကျောဘက်မှာထည့် သွင်းထားတာဖြစ်ပါတယ်။ ကင်မရာကိုတော့ ဖုန်းရဲ့ ကျောဘက်အပေါ် ဘက်နားမှာ ဒေါင်လိုက်ပုံစံဒီဇိုင်းနဲ့ ထည့်သွင်းထားပါတယ်။

၆.၃ လက်မရှိတဲ့ IPS LCD display မျက်နှာပြင်က dewdrop notch ပါဝင်တဲ့ပုံစံဖြစ်ပြီး 1080×2340 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈၁.၄ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ ကျစ်လစ်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်းက လက်ထဲမှာ ကိုင်ရတာ အနည်းငယ်ကြီးတယ်လို့ ခံစားရသလို ၁၈၆ ဂရမ်အလေးချိန်က အနည်းငယ်ဝိတ်ကလေးရှိတယ်လို့ ဆိုရမှာပါ။

စွမ်းဆောင်ရည်

အမြန်နှုန်း 1.8GHz ရှိတဲ့ Qualcomm Snapdragon 660 Octa-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ပါဝင်သလို သိုလှောင်မှုကို microSd ကတ်ကနေ 256GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ဖို့ ကတ် slot လည်းသီးသန့်ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 512 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာပိုင်းက အသံထွက် ကျယ်လောင်မှုရှိပါတယ်။ Android 9 အခြေခံထားတဲ့ MIUI 10 ကလည်း အထူးပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။

ကင်မရာ

ကျောဘက်မှာ Apeature f/1.8 ရှိတဲ့ 48MP ကင်မရာနဲ့ Apeature f/2.4 ရှိတဲ့ 5MP (depth) ကင်မရာနှစ်လုံးကို တပ်ဆင်ထားပြီး PDAF နည်းပညာထောက်ပံ့ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ Apeatur f/2.2 ရှိတဲ့ 13MP ကင်မရာကို notch ထဲမှာ ထည့်သွင်းထားပါတယ်။

နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုအတွက် ကောင်းမွန်လှတဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ Dual-LED flash ၊ HDR စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီ

Li-Po 4100mAh ပမာဏ ဘက်ထရီပါဝင်ပြီး 3G ဖုန်းခေါ်ဆိုမှုကို ၁၀၈ နာရီဝန်းကျင် အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက်အသုံးပြုမှုကို ၁၄ နာရီနဲ့ ဗီဒီယိုကြည့်ရှုမှုကို ၁၄ နာရီဝန်းကျင်လောက် အသုံးပြုနိုင်တာ သဘောကျစရာပါ။ ဒီပမာနက upper-mid-range နဲ့ high-end စမတ်ဖုန်းတွေနဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့ အချက်ပါ။ ဒီဖုန်းမှာ 18W Quick charge 4 နည်းပညာလည်း ထောက်ပံ့ပါဝင်ပါတယ်။

သုံးသပ်ချက်

Redmi Note 7 က mid-range အမျိုးအစားဖုန်းတွေထဲမှာ တော်တော်လေး ရွေးချယ်စရာကောင်းလှတဲ့ အရည်အသွေးနဲ့ ဟာ့ဒ်ဝဲတွေကို ပိုင်ဆိုင်ထားတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ဈေးနှုန်းအားဖြင့်လည်း သူ့မှာပါဝင်တဲ့ ဟာ့ဒ်ဝဲအရည်အသွေးအရ သုံးရတာ တော်တော်လေးတန်တယ်လို့ ခံစားရမယ်။ ဖုန်းမှာ အားသွင်းမြန်ဆန်တဲ့ 18W Quick Charge 4 စနစ်ထောက်ပံ့ပါဝင်ပေမယ့် သူ့မှာမပါတာက အားသွင်းမြန်ဆန်တဲ့ အားသွင်းခေါင်းမပါဝင်တာပါ။ နောက်တစ်ခုက Snapdragon 660 processor က 4K ဗီဒီယိုရိုက်ကူးမှုအတွက် ကောင်းမွန်ပေမယ့် 4K အရည်အသွေးဗီဒီယိုကို မရိုက်ကူးနိုင်တာကလွဲရင် ကောင်းမွန်တဲ့ ဟာ့ဒ်ဝဲ၊ ကင်မရာ၊ ဘက်ထရီနဲ့ သက်သာတဲ့ ဈေးနှုန်းတွေအရ ဒီဖုန်းက Xiaomi ရဲ့ mid-range ထဲမှာ ရွေးချယ်ဖို့သင့်တဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာ ဖြစ်ပါတယ်။

GSM 4G LTE
SIM
Hybrid Dual SIM
Display IPS LCD capacitive touchscreen, 6.3 inches (19.5:9 ratio)
OS Android 9.0 (Pie); MIUI 10
CPU Qualcomm SDM660 Snapdragon 660 (14 nm)
GPU Adreno 512
Camera 48 MP, f/1.8 + 5 MP, f/2.4 depth,
PDAF, dual-LED flash, HDR, panorama; Front 13 MP, f/2.2
Battery Non-removable Li-Po 4000 mAh
Internal 64 GB; RAM 4 GB, microSD, up to 256 GB
Others
Fingerprint (rear-mounted), Bixby, Samsung DeX, Fast wireless charging 15W, Fast battery charging 9V/2A 18W (Quick Charge 4), Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, 2.0 Type-C 1.0
Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း