Xiaomi Redmi Note 6 ကို ႏိုဝင္ဘာ ၆ ရက္တြင္ ေတြ႕ျမင္ရဖြယ္ရိွ

[ Zawgyi ]

Xiaomi ဟာ ႏိုဝင္ဘာ ၆ ရက္မွာ ထုတ္ကုန္သစ္တစ္မ်ိဳး မိတ္ဆက္မယ့္အေၾကာင္းကို Weibo account ကေန အတည္ျပဳခဲ့ပါတယ္။ အသစ္မိတ္ဆက္မယ့္ ထုတ္ကုန္ရဲ႕အမည္ကို တရုတ္ကုမၸဏီက ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရိွေပမယ့္ ေကာလာဟာလ သတင္းေတြအရ ႏိုဝင္ဘာ ၆ ရက္မွာ Redmi Note 6 ကို မိတ္ဆက္သြားဖြယ္ရိွတယ္လို႔ သိရပါတယ္။

Xiaomi Mall က ေဝမွ်ခဲ့တဲ့ ပိုစတာမွာ ထုတ္ကုန္သစ္ကို ႏိုဝင္ဘာ ၆ ရက္ တ႐ုတ္စံေတာ္ခ်ိန္ ေန႔လယ္ ၂ နာရီမွာ ပြဲထုတ္မိတ္ဆက္ သြားမယ္လို႔ ေဖာ္ျပထားပါတယ္။ အဲ့ဒီပိုစတာမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ ထုတ္ကုန္အတြက္ “အံ့အားသင့္ဖြယ္ရာ အဆင့္ျမႇင့္တင္မႈ” ဆိုတဲ့ စာတန္းကို ထည့္သြင္းထားပါတယ္။

Weibo ေပၚမွာ ေပါက္ၾကားထြက္ေပၚလာခဲ့တဲ့ Redmi Note 6 ေၾကာ္ျငာဓာတ္ပံုေတြအရ အဆုိပါဖုန္းမွာ ကင္မရာေလးခုနဲ႔အတူ AI portrait blur feature ပါဝင္လာမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ 20-megapixel + 2-megapixel dual selfie ကင္မရာစနစ္လည္း ပါဝင္လာမယ္လို႔ ေဖာ္ျပထားပါတယ္။ ဟန္းဆက္ရဲ႕ ေစ်းႏႈန္းက ၉၉၉ ယြမ္ျဖစ္ၿပီး ႏိုဝင္ဘာ ၁၁ ရက္မွာက်ေရာက္မယ့္ Single Day မွာ ေရာင္းခ်သြားဖို႔ ရည္ရြယ္ထားပါတယ္။

Redmi Note 6 ရဲ႕ specification တစ္ခုလံုးကလည္း ထြက္ေပၚလာခဲ့ၿပီး ျဖစ္ပါတယ္။ Note 6 မွာ ၆.၂၆ လက္မ IPS LCD notched screen ပါဝင္ၿပီး 19:9 aspect ratio, Full HD+ resolution နဲ႔ အသံုးျပဳႏိုင္ပါတယ္။ Chipset က Snapdragon 636 ျဖစ္ၿပီး ဘက္ထရီက 4,000mAh ျဖစ္ပါတယ္။

Redmi Note 6 ရဲ႕ ေက်ာဘက္ကင္မရာက 12-megapixel + 5-megapixel ျဖစ္ပါတယ္။ OS က Android 8.1 Oreo အေျခခံ MIUI ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းကို 3GB + 32GB ဗားရွင္းနဲ႔ ရႏိုင္သလို 4GB/6GB + 64GB နဲ႔လည္း ရႏိုင္တယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

Xiaomi ဟာ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ကုန်သစ်တစ်မျိုး မိတ်ဆက်မယ့်အကြောင်းကို Weibo account ကနေ အတည်ပြုခဲ့ပါတယ်။ အသစ်မိတ်ဆက်မယ့် ထုတ်ကုန်ရဲ့အမည်ကို တရုတ်ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမယ့် ကောလာဟာလ သတင်းတွေအရ နိုဝင်ဘာ ၆ ရက်မှာ Redmi Note 6 ကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Xiaomi Mall က ဝေမျှခဲ့တဲ့ ပိုစတာမှာ ထုတ်ကုန်သစ်ကို နိုဝင်ဘာ ၆ ရက် တရုတ်စံတော်ချိန် နေ့လယ် ၂ နာရီမှာ ပွဲထုတ်မိတ်ဆက် သွားမယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီပိုစတာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ထုတ်ကုန်အတွက် “အံ့အားသင့်ဖွယ်ရာ အဆင့်မြှင့်တင်မှု” ဆိုတဲ့ စာတန်းကို ထည့်သွင်းထားပါတယ်။

Weibo ပေါ်မှာ ပေါက်ကြားထွက်ပေါ်လာခဲ့တဲ့ Redmi Note 6 ကြော်ငြာဓာတ်ပုံတွေအရ အဆိုပါဖုန်းမှာ ကင်မရာလေးခုနဲ့အတူ AI portrait blur feature ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 20-megapixel + 2-megapixel dual selfie ကင်မရာစနစ်လည်း ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ ဟန်းဆက်ရဲ့ စျေးနှုန်းက ၉၉၉ ယွမ်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်မှာကျရောက်မယ့် Single Day မှာ ရောင်းချသွားဖို့ ရည်ရွယ်ထားပါတယ်။

Redmi Note 6 ရဲ့ specification တစ်ခုလုံးကလည်း ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ Note 6 မှာ ၆.၂၆ လက်မ IPS LCD notched screen ပါဝင်ပြီး 19:9 aspect ratio, Full HD+ resolution နဲ့ အသုံးပြုနိုင်ပါတယ်။ Chipset က Snapdragon 636 ဖြစ်ပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။

Redmi Note 6 ရဲ့ ကျောဘက်ကင်မရာက 12-megapixel + 5-megapixel ဖြစ်ပါတယ်။ OS က Android 8.1 Oreo အခြေခံ MIUI ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို 3GB + 32GB ဗားရှင်းနဲ့ ရနိုင်သလို 4GB/6GB + 64GB နဲ့လည်း ရနိုင်တယ်လို့ သိရပါတယ်။

Ref: GizmoChina