Xiaomi Redmi Go

[ Zawgyi ]

Price : (99,900 Ks)
Global Version

အားသာခ်က္

HD အရည္အေသြးျမင္ကြင္း၊ က်ယ္ေလာင္မႈရွိတဲ့ စပီကာနဲ႔ ေန႔ဘက္႐ိုက္ကူးမႈေကာင္းမြန္လွတဲ့ ကင္မရာစနစ္ေတြ အျပင္ 4G LTE စနစ္နဲ႔ USB OTG စနစ္ေတြ အသုံးျပဳႏုိင္တာေတြက တန္ဖိုးနည္း ဘတ္ဂ်က္ဖုန္းတစ္လုံးအတြက္ ေတာ္ေတာ္မိုက္တယ္ေျပာရမယ္။

အားနည္းခ်က္

ဖုန္းရဲ႕ ဘက္ထရီအားသြင္းစနစ္က ဒီထက္ပိုျမန္ဆန္ရင္ ပိုေကာင္းမယ္လို႔ျမင္ပါတယ္။ ေနာက္ၿပီး အလင္းအားနည္းတဲ့ အခ်ိန္မွာေတာ့ ေရွ႕ဘက္ Selfie ကင္မရာပိုင္းက သိပ္မေကာင္းလွတာေတြက ဒီဖုန္းရဲ႕ အားနည္းခ်က္ျဖစ္ပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ကိုယ္ထည္ဒီဇုိင္း ဖြဲ႔စည္းပုံက ေက်ာဘက္ကာဗာ တစ္ဖက္တစ္ခ်က္စီက အေကြးေလးနဲ႔ ေဘာင္ရဲ႕ေထာင့္ေကြးဒီဇုိင္းက သေဘာက်ဖုိ႔ေကာင္းတယ္။ ကာဗာနဲ႔ ကိုယ္ထည္က ပလတ္စတစ္နဲ႔ လုပ္ထားတာျဖစ္သလို လက္ထဲမွာကိုင္ရတဲ့ခံစားမႈ ေကာင္းတယ္။ ေရွ႕မ်က္ႏွာျပင္က 2.5D မွန္ေကြး Panel ျဖစ္ၿပီး ဘတ္ဂ်က္ဖုန္းတစ္လုံးအတြက္ အဆင္ေျပတယ္ ေျပာရမယ္။ ဖုန္းအေပၚဘက္ေဘာင္ထဲမွာ နားၾကပ္ေပါက္ရွိမွာျဖစ္ၿပီး ေအာက္ဘက္ေဘာင္ထဲမွာေတာ့ microUSB အားသြင္းေပါက္နဲ႔ စပီကာတစ္လုံး တပ္ဆင္ထားတယ္။ ျမင္ကြင္းဘယ္ဘက္ေဘာင္ထဲမွာ SIM ေပါက္နဲ႔ microSD ကတ္ေပါက္ ရွိမွာျဖစ္ၿပီး ညာဘက္ေဘာင္ထဲမွာေတာ့ ပါ၀ါနဲ႔ အသံအတိုးအက်ယ္ခလုတ္ေတြ တပ္ဆင္ထားပါတယ္။

၅ လက္မရွိတဲ့ မ်က္ႏွာျပင္က IPS LCD Display က 720×1280 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါ၀င္မႈ ရာခုိင္ႏႈန္းကေတာ့ ၇၀ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio ကေတာ့ 16:9 ရွိတဲ့ မ်က္ႏွာျပင္ျဖစ္ပါတယ္။ က်စ္လ်စ္မႈရွိတဲ့ ကိုယ္ထည္ဒီဇုိင္းက လက္ထဲမွာကိုင္ရတာ အံ၀င္ခြင္က်ရွိတဲ့အျပင္ လက္တစ္ဖက္တည္း ကိုင္တြယ္အသုံးျပဳမႈ အတြက္လည္း လက္ထဲကေန ေလွ်ာၿပီး လြတ္က်တာမ်ဳိးလည္း မရွိႏုိင္ပါဘူး။

စြမ္းေဆာင္ရည္

အျမန္ႏႈန္း 1.4GHz 62bit Snapdragon 425 Quad-core processor ကို ဒီဖုန္းမွာအသုံးျပဳထားၿပီး RAM အေနနဲ႔ 1GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 8GB ပါ၀င္သလို သိုေလွာင္မႈကို microSd ကတ္ကေန 128GB ထိ ထပ္မံ တိုးျမႇင့္အသုံးျပဳႏုိင္ဖို႔ ကတ္ slot လည္း သီးသန္႔ပါ၀င္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Adreno 306 GPU ေထာက္ပံ့ပါ၀င္တဲ့အတြက္ Mobile Legends: Bang Bang ကို ဂရပ္ဖစ္အနိမ့္ဆုံးေဆာ့ကစားႏုိင္တာက အထင္ႀကီးစရာပါ။ ဒါကလည္း သူ႔ မွာအသုံးျပဳထားတဲ့ Android Go Edition ေၾကာင့္လည္းျဖစ္ႏုိင္ပါတယ္။ ဖုန္းထဲမွာ ေနရာသိပ္မယူဘဲ ဖုန္းရဲ႕ CPU အတြက္ အထူးသင့္ေလ်ာ္တဲ့ Google Go, YouTube GO, Gamil GO, Maps Go နဲ႔ Lite ဗားရွင္း App ေတြ တစ္ပါတည္း ထည့္သြင္းေပးထားပါတယ္။ ဖုန္းမွာ လက္ေဗြစနစ္နဲ႔ Face unlock စနစ္ေတြမပါ၀င္ေပမယ့္ USB OTG စနစ္ ေထာက္ပံ့ပါ၀င္ေတာ့ ေက်နပ္စရာေကာင္းလွပါတယ္။

ကင္မရာ

Apeature f/2.0 ရွိတဲ့ 8MP ေက်ာဘက္ကင္မရာတစ္လုံးကို တပ္ဆင္ထားၿပီး AF စနစ္နဲ႔ LED Falsh မီးစနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။ ကင္မရာကေတာ့ MIUI စနစ္ကင္မရာ app ျဖစ္ၿပီး Auto HDR လုပ္ေဆာင္ခ်က္နဲ႔ filters စနစ္ ၁၃ မ်ဳိး၊ scene ၁၁ မ်ဳိးေလာက္ ပါ၀င္ပါတယ္။ သေဘာက်ဖို႔ေကာင္းတာက Manual mode နဲ႔ ဓာတ္ပုံကို ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ Apeatur f/2.2 ရွိတဲ့ ေရွ႕ဘက္ 5MP ရွိတဲ့ကင္မရာျဖစ္ၿပီး Auto HDR စနစ္နဲ႔ Filter လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။ ေန႔ခင္းပိုင္း႐ိုက္ကူးမႈအတြက္ ေကာင္းမြန္တဲ့႐ုပ္ထြက္ရွိေပမယ့္ ညပိုင္း ႐ိုက္ကူးမႈကေတာ့ အနည္းငယ္ မႈန္၀ါးမႈရွိတာေတြ႔ရပါတယ္။

ကင္မရာစနစ္အတြက္ OIS နဲ႔ EIS စနစ္ေတြ ဘာမွ မပါ၀င္ေပမယ့္ 1080p အရည္အေသြး ဗီဒီယုိကို 30 fps ေရွ႕ေနာက္ ကင္မရာႏွစ္မ်ဳိးနဲ႔ ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။

ဘက္ထရီ

3000mAh ပမာဏ ဘက္ထရီက ပါ၀ါသုံးစြဲမႈပုိင္းကို အေကာင္းဆုံးစီမံေပးမယ့္ Android (Go edition) OS စနစ္နဲ႔ တြဲဖက္ထားတာျဖစ္တဲ့အတြက္ လုံေလာက္မႈရွိတာထက္ ပိုတယ္လို႔ဆိုရမွာပါ။ ပုံမွန္အား ျဖင့္ ၁၇ နာရီ ၀န္းက်င္ အသုံးျပဳႏုိင္မွာျဖစ္ၿပီး 4G hotspot mode ကို ေတာက္ေလွ်ာက္ဖြင့္သုံးမယ္ဆိုရင္ေတာ့ ၄ နာရီေက်ာ္ ေလာက္ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဘက္ထရီပိုင္းက ေပးရတဲ့ေစ်းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ ေတာ္ေတာ္ေလးေကာင္းတယ္လို႔ မွတ္ခ်က္ျပဳရမွာျဖစ္ပါတယ္။ ဘက္ထရီပိုင္းမွာ Power saving စနစ္ ေထာက္ပံ့ပါဝင္တာကလည္း ဘက္ထရီနဲ႔ ဒီထက္ ပိုၾကာၾကာ အသုံးျပဳႏုိင္ေစမွာျဖစ္ပါတယ္။

သံုးသပ္ခ်က္

ေစ်းသက္သက္သာသာနဲ႔ ဘတ္ဂ်က္ဖုန္းကို ကိုင္ဖို႔စဥ္းစားေနတယ္ ဆိုရင္ေတာ့ Redmi Go က ေရြးခ်ယ္သင့္ပါတယ္။ 1A Charger စနစ္က ဖုန္းကို အားအျပည့္သြင္းဖို႔ ၃ နာရီေလာက္ အခ်ိန္ယူရမွာျဖစ္သလို ညပိုင္း႐ိုက္ကူးမႈပိုင္းမွာ ေရွ႕ကင္မရာပိုင္းက သိပ္မေကာင္းဘူးဆိုေပမယ့္ သူ႔ေစ်းႏႈန္းအရဆိုရင္ေတာ့ လက္ခံႏုိင္ေလာက္တဲ့ အေနအထားပါ။ အခုမွ စမတ္ဖုန္းစကိုင္မယ္ ဆိုတဲ့သူေတြနဲ႔ ဖုန္းေျပာဖို႔သက္သက္ပဲ အသုံးျပဳခ်င္သူေတြအတြက္ ေစ်းႏႈန္းသက္သာၿပီး 4G LTE စနစ္သုံးႏုိင္တဲ့ ဒီဖုန္းက အဆင္ေျပလွပါတယ္။

GSM 4G LTE
SIM Dual SIM
Display IPS LCD capacitive touchscreen, 5.0 inches (16:9 ratio)
OS Android 8.1 Oreo (Go edition)
CPU Qualcomm MSM8917 Snapdragon 425 (28nm)
GPU Adreno 308
Camera 8 MP, f/2.0, AF; LED flash, HDR; Front 5 MP (f/2.2)
Internal 8 GB; RAM 1 GB, microSD, up to 128 GB
Battery Non-removable Li-Ion 3000 mAh
Others Wi-Fi 802.11 b/g/n, Bluetooth 4.1, microUSB 2.0
Display
Performance
Camera
Battery
Hand on
Over all

[ Unicode ]

Price : (99,900 Ks)
Global Version

အားသာချက်

HD အရည်အသွေးမြင်ကွင်း၊ ကျယ်လောင်မှုရှိတဲ့ စပီကာနဲ့ နေ့ဘက်ရိုက်ကူးမှုကောင်းမွန်လှတဲ့ ကင်မရာစနစ်တွေ အပြင် 4G LTE စနစ်နဲ့ USB OTG စနစ်တွေ အသုံးပြုနိုင်တာတွေက တန်ဖိုးနည်း ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် တော်တော်မိုက်တယ်ပြောရမယ်။

အားနည်းချက်

ဖုန်းရဲ့ ဘက်ထရီအားသွင်းစနစ်က ဒီထက်ပိုမြန်ဆန်ရင် ပိုကောင်းမယ်လို့မြင်ပါတယ်။ နောက်ပြီး အလင်းအားနည်းတဲ့ အချိန်မှာတော့ ရှေ့ဘက် Selfie ကင်မရာပိုင်းက သိပ်မကောင်းလှတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ကိုယ်ထည်ဒီဇိုင်း ဖွဲ့စည်းပုံက ကျောဘက်ကာဗာ တစ်ဖက်တစ်ချက်စီက အကွေးလေးနဲ့ ဘောင်ရဲ့ထောင့်ကွေးဒီဇိုင်းက သဘောကျဖို့ကောင်းတယ်။ ကာဗာနဲ့ ကိုယ်ထည်က ပလတ်စတစ်နဲ့ လုပ်ထားတာဖြစ်သလို လက်ထဲမှာကိုင်ရတဲ့ခံစားမှု ကောင်းတယ်။ ရှေ့မျက်နှာပြင်က 2.5D မှန်ကွေး Panel ဖြစ်ပြီး ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် အဆင်ပြေတယ် ပြောရမယ်။ ဖုန်းအပေါ်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်ရှိမှာဖြစ်ပြီး အောက်ဘက်ဘောင်ထဲမှာတော့ microUSB အားသွင်းပေါက်နဲ့ စပီကာတစ်လုံး တပ်ဆင်ထားတယ်။ မြင်ကွင်းဘယ်ဘက်ဘောင်ထဲမှာ SIM ပေါက်နဲ့ microSD ကတ်ပေါက် ရှိမှာဖြစ်ပြီး ညာဘက်ဘောင်ထဲမှာတော့ ပါ၀ါနဲ့ အသံအတိုးအကျယ်ခလုတ်တွေ တပ်ဆင်ထားပါတယ်။

၅ လက်မရှိတဲ့ မျက်နှာပြင်က IPS LCD Display က 720×1280 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှု ရာခိုင်နှုန်းကတော့ ရ၀ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 16:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ ကျစ်လျစ်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်းက လက်ထဲမှာကိုင်ရတာ အံဝင်ခွင်ကျရှိတဲ့အပြင် လက်တစ်ဖက်တည်း ကိုင်တွယ်အသုံးပြုမှု အတွက်လည်း လက်ထဲကနေ လျှောပြီး လွတ်ကျတာမျိုးလည်း မရှိနိုင်ပါဘူး။

စွမ်းဆောင်ရည်

အမြန်နှုန်း 1.4GHz 62bit Snapdragon 425 Quad-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 1GB နဲ့ သိုလှောင်နိုင်မှုပမာဏ 8GB ပါ၀င်သလို သိုလှောင်မှုကို microSd ကတ်ကနေ 128GB ထိ ထပ်မံ တိုးမြှင့်အသုံးပြုနိုင်ဖို့ ကတ် slot လည်း သီးသန့်ပါ၀င်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 306 GPU ထောက်ပံ့ပါ၀င်တဲ့အတွက် Mobile Legends: Bang Bang ကို ဂရပ်ဖစ်အနိမ့်ဆုံးဆော့ကစားနိုင်တာက အထင်ကြီးစရာပါ။ ဒါကလည်း သူ့ မှာအသုံးပြုထားတဲ့ Android Go Edition ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖုန်းထဲမှာ နေရာသိပ်မယူဘဲ ဖုန်းရဲ့ CPU အတွက် အထူးသင့်လျော်တဲ့ Google Go, YouTube GO, Gamil GO, Maps Go နဲ့ Lite ဗားရှင်း App တွေ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဖုန်းမှာ လက်ဗွေစနစ်နဲ့ Face unlock စနစ်တွေမပါ၀င်ပေမယ့် USB OTG စနစ် ထောက်ပံ့ပါ၀င်တော့ ကျေနပ်စရာကောင်းလှပါတယ်။

ကင်မရာ

Apeature f/2.0 ရှိတဲ့ 8MP ကျောဘက်ကင်မရာတစ်လုံးကို တပ်ဆင်ထားပြီး AF စနစ်နဲ့ LED Falsh မီးစနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။ ကင်မရာကတော့ MIUI စနစ်ကင်မရာ app ဖြစ်ပြီး Auto HDR လုပ်ဆောင်ချက်နဲ့ filters စနစ် ၁၃ မျိုး၊ scene ၁၁ မျိုးလောက် ပါ၀င်ပါတယ်။ သဘောကျဖို့ကောင်းတာက Manual mode နဲ့ ဓာတ်ပုံကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ Apeatur f/2.2 ရှိတဲ့ ရှေ့ဘက် 5MP ရှိတဲ့ကင်မရာဖြစ်ပြီး Auto HDR စနစ်နဲ့ Filter လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါ၀င်ပါတယ်။ နေ့ခင်းပိုင်းရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ရုပ်ထွက်ရှိပေမယ့် ညပိုင်း ရိုက်ကူးမှုကတော့ အနည်းငယ် မှုန်ဝါးမှုရှိတာတွေ့ရပါတယ်။

ကင်မရာစနစ်အတွက် OIS နဲ့ EIS စနစ်တွေ ဘာမှ မပါ၀င်ပေမယ့် 1080p အရည်အသွေး ဗီဒီယိုကို 30 fps ရှေ့နောက် ကင်မရာနှစ်မျိုးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

3000mAh ပမာဏ ဘက်ထရီက ပါ၀ါသုံးစွဲမှုပိုင်းကို အကောင်းဆုံးစီမံပေးမယ့် Android (Go edition) OS စနစ်နဲ့ တွဲဖက်ထားတာဖြစ်တဲ့အတွက် လုံလောက်မှုရှိတာထက် ပိုတယ်လို့ဆိုရမှာပါ။ ပုံမှန်အား ဖြင့် ၁၇ နာရီ ၀န်းကျင် အသုံးပြုနိုင်မှာဖြစ်ပြီး 4G hotspot mode ကို တောက်လျှောက်ဖွင့်သုံးမယ်ဆိုရင်တော့ ၄ နာရီကျော် လောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းက ပေးရတဲ့စျေးနဲ့နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လေးကောင်းတယ်လို့ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ Power saving စနစ် ထောက်ပံ့ပါဝင်တာကလည်း ဘက်ထရီနဲ့ ဒီထက် ပိုကြာကြာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

သုံးသပ်ချက်

စျေးသက်သက်သာသာနဲ့ ဘတ်ဂျက်ဖုန်းကို ကိုင်ဖို့စဉ်းစားနေတယ် ဆိုရင်တော့ Redmi Go က ရွေးချယ်သင့်ပါတယ်။ 1A Charger စနစ်က ဖုန်းကို အားအပြည့်သွင်းဖို့ ၃ နာရီလောက် အချိန်ယူရမှာဖြစ်သလို ညပိုင်းရိုက်ကူးမှုပိုင်းမှာ ရှေ့ကင်မရာပိုင်းက သိပ်မကောင်းဘူးဆိုပေမယ့် သူ့စျေးနှုန်းအရဆိုရင်တော့ လက်ခံနိုင်လောက်တဲ့ အနေအထားပါ။ အခုမှ စမတ်ဖုန်းစကိုင်မယ် ဆိုတဲ့သူတွေနဲ့ ဖုန်းပြောဖို့သက်သက်ပဲ အသုံးပြုချင်သူတွေအတွက် စျေးနှုန်းသက်သာပြီး 4G LTE စနစ်သုံးနိုင်တဲ့ ဒီဖုန်းက အဆင်ပြေလှပါတယ်။