Xiaomi Redmi 7

[ Zawgyi ]

Price : 199,000 (Global)

အားသာခ်က္

ဆြဲေဆာင္မႈရွိတဲ့ ဒီဇုိင္းသစ္၊ ဗီဒီယုိၾကည့္႐ႈဖို႔အတြက္ ေကာင္းမြန္တဲ့ Display နဲ႔ ဘတ္ဂ်က္စမတ္ဖုန္းအမ်ဳိးအစား ျဖစ္ေပမယ့္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏိုင္တဲ့ ဘက္ထရီစနစ္ေတြက ဒီဖုန္းရဲ႕ အားသာခ်က္ေတြပါ။

အားနည္းခ်က္

ကင္မရာက ေန႔ခင္းပိုင္း႐ုိက္ကူးမႈမွာ ေကာင္းမြန္လွေပမယ့္ အလင္းအားနည္းတဲ့ Low-light ႐ိုက္ကူးမႈေတြ အတြက္ကေတာ့ ဒီထက္ပိုေကာင္းသင့္တယ္လို႔ ျမင္ပါတယ္။ ေနာက္ၿပီး သူ႔ရဲ႕ MIUI OS စနစ္မွာ ေၾကာ္ျငာေတြ ပါ၀င္လာတာေတြက ဒီဖုန္းရဲ႕ အားနည္းခ်က္လို႔ဆိုရမွာ ျဖစ္ပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

အလူမီနီယံ ေက်ာဘက္ကိုယ္ထည္ေပၚမွာ ဖန္သားတစ္ထပ္ အုပ္ထားတာျဖစ္ပါတယ္။ ႀကီးမားတဲ့ မ်က္ႏွာျပင္အရြယ္အစားရွိတဲ့ဖုန္း ျဖစ္သလို အေလးခ်ိန္လည္း အနည္းငယ္ရွိတယ္လို႔ ခံစားရပါတယ္။ လက္ထဲမွာ ကိုင္ရတာ အနည္းငယ္ထူတယ္လို႔ဆိုရမွာပါ။ ဖုန္းျမင္ကြင္းရဲ႕ ညာဘက္ေဘာင္ထဲမွာပဲ ပါ၀ါနဲ႔ အသံအတိုးအက်ယ္ ခလုတ္ေတြကို တပ္ဆင္ထားၿပီး လက္ေဗြစနစ္ကေတာ့ ဖုန္းေက်ာဘက္ အလယ္နားမွာပါ။

၆.၂၆ လက္မရွိတဲ့ IPS LCD အမ်ဳိးအစား Dot Drop display မ်က္ႏွာျပင္က 1080×2340 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါဝင္မႈ ရာခုိင္ႏႈန္းကေတာ့ ၈၁.၅ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio ကေတာ့ 19:9 ရွိတဲ့ မ်က္ႏွာျပင္ျဖစ္ပါတယ္။ အေလးခ်ိန္ ၁၈၀ ဂရမ္ရွိပါတယ္။

စြမ္းေဆာင္ရည္

အျမန္ႏႈန္း 1.8 GHz ရွိတဲ့ Qualcomm Snapdragon 632 Octa-core processor ကို ဒီဖုန္းမွာအသုံးျပဳထားၿပီး RAM အေနနဲ႔ 3GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 32 GB ပါဝင္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Adreno 506 GPU ေထာက္ပံ့ပါဝင္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္သလို စပီကာပိုင္းက အသံထြက္ က်ယ္ေလာင္မႈ ရွိပါတယ္။ Android 9.0 (Pie) အေျချပဳ MIUI 10 အသုံးျပဳထားၿပီး ဒီမွာ စုံလင္လွတဲ့ လုပ္ေဆာင္ခ်က္ေတြ အျပင္ မ်က္ႏွာျဖင့္ ဖုန္းကို unlock လုပ္ႏိုင္တဲ့ Face unlock လည္းေထာက္ပံ့ပါ၀င္ပါတယ္။

ကင္မရာ

ေက်ာဘက္မွာ Apeature f/2.2 ရွိတဲ့ အမ်ဳိးအစား 12.2MP ကင္မရာနဲ႔ 2MP depth sensor ကင္မရာႏွစ္လုံးကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ကေတာ့ Apeature f/2.0 ရွိတဲ့ 8MP ကင္မရာကို အသုံးျပဳထားတာျဖစ္ပါတယ္။ ကင္မရာစနစ္မွာ AI နည္းပညာေထာက္ပ့ံပါ၀င္ၿပီး ေန႔ဘက္႐ိုက္ကူးမႈအတြက္ ေကာင္းမြန္တဲ့ ႐ုပ္ထြက္အရည္အေသြးရွိေပမယ့္ ညပိုင္း႐ိုက္ကူးမႈမ်ဳိးမွာေတာ့ ဓာတ္ပုံရဲ႕ ကာလာပိုင္း မွန္ကန္ေကာင္းမြန္ေပမယ့္ Focus ပိုင္း ၾကည္လင္ျပတ္သားမႈ အားနည္းတယ္လို႔ျမင္ပါတယ္။

30/60fps ဗီဒီယုိကို 1080p အရည္အေသြးနဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္ၿပီး ကင္မရာစနစ္မွာ PDAF, LED flash, HDR နဲ႔ Panorama စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

ဘက္ထရီ

Li-Po 4000mAh ပမာဏဘက္ထရီက HD ဗီဒီယုိ ဆက္တိုက္ ၾကည့္႐ႈမႈကို ၁၇ နာရီနဲ႔ ၉ မိနစ္၀န္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒီပမာဏက ဘတ္ဂ်က္ဖုန္းထဲမွာ ဆိုရင္ေတာ့ ေတာ္ေတာ္ေလး ၾကာၾကာ အသုံးျပဳႏိုင္တဲ့ဘက္ထရီလို႔ ဆိုရမွာျဖစ္တဲ့အျပင္ တစ္ေန႔တာအတြက္ လုံေလာက္မႈရွိတဲ့ ပမာဏလို႔ဆိုရမွာ ျဖစ္ပါတယ္။ ဘက္ထရီစနစ္အတြက္ 10W Fast Charging အားသြင္းျမန္ဆန္တဲ့စနစ္ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းက Redmi စီးရဲ႕ထဲမွာ ေတာ္ေတာ္ေလးေကာင္းတဲ့ဖုန္းလို႔ ဆိုလိုရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူ႔အရင္ထြက္ခဲ့သမွ် ဖုန္းေတြထက္ အမ်ားႀကီးပိုေကာင္းေအာင္ ဖန္တီးထားလို႔ျဖစ္ပါတယ္။ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္း၊ ဒီဇုိင္းပိုင္းနဲ႔ ဘက္ထရီနဲ႔ ၾကာၾကာအသုံးျပဳႏုိင္တာေတြက သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ႏႈိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး တန္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ေကာင္းမြန္တဲ 4G စနစ္သုံး ဖုန္းကို ေစ်းသက္သက္သာသာ ကိုင္ခ်င္သူေတြ ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လုံး ျဖစ္ပါတယ္။

GSM Dual 4G VoLTE
SIM Dual Nano-SIM
Display IPS LCD capacitive touchscreen, 6.26 inches (19:9 ratio)
OS MIUI 10_Android 9.0 (Pie)
CPU Qualcomm SDM632 Snapdragon 632 (14 nm)
GPU Adreno 506
Camera 12.2 MP, f/2.2 + 2MP, PDAF, LED flash, HDR, panorama; Front 8 MP, f/2.0
Battery Non-removable Li-Po 4000 mAh
Internal 32 GB; RAM 3 GB, microSD, up to 512 GB
Others Fingerprint (rear-mounted), Fast battery charging (10W), Wi-Fi 802.11 b/g/n, Bluetooth 4.0, Infrared, microUSB 2.0, USB On-The-Go
Display
Performance
Camera
Battery
Hand On
Over all

-ရဲထြဋ္ဝင္း

[ Unicode ]

Price : 199,000 (Global)

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းသစ်၊ ဗီဒီယိုကြည့်ရှုဖို့အတွက် ကောင်းမွန်တဲ့ Display နဲ့ ဘတ်ဂျက်စမတ်ဖုန်းအမျိုးအစား ဖြစ်ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေက ဒီဖုန်းရဲ့ အားသာချက်တွေပါ။

အားနည်းချက်

ကင်မရာက နေ့ခင်းပိုင်းရိုက်ကူးမှုမှာ ကောင်းမွန်လှပေမယ့် အလင်းအားနည်းတဲ့ Low-light ရိုက်ကူးမှုတွေ အတွက်ကတော့ ဒီထက်ပိုကောင်းသင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီး သူ့ရဲ့ MIUI OS စနစ်မှာ ကြော်ငြာတွေ ပါ၀င်လာတာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

အလူမီနီယံ ကျောဘက်ကိုယ်ထည်ပေါ်မှာ ဖန်သားတစ်ထပ် အုပ်ထားတာဖြစ်ပါတယ်။ ကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားရှိတဲ့ဖုန်း ဖြစ်သလို အလေးချိန်လည်း အနည်းငယ်ရှိတယ်လို့ ခံစားရပါတယ်။ လက်ထဲမှာ ကိုင်ရတာ အနည်းငယ်ထူတယ်လို့ဆိုရမှာပါ။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာပဲ ပါ၀ါနဲ့ အသံအတိုးအကျယ် ခလုတ်တွေကို တပ်ဆင်ထားပြီး လက်ဗွေစနစ်ကတော့ ဖုန်းကျောဘက် အလယ်နားမှာပါ။

၆.၂၆ လက်မရှိတဲ့ IPS LCD အမျိုးအစား Dot Drop display မျက်နှာပြင်က 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈၁.၅ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၁၈၀ ဂရမ်ရှိပါတယ်။

စွမ်းဆောင်ရည်

အမြန်နှုန်း 1.8 GHz ရှိတဲ့ Qualcomm Snapdragon 632 Octa-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 3GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32 GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 506 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာပိုင်းက အသံထွက် ကျယ်လောင်မှု ရှိပါတယ်။ Android 9.0 (Pie) အခြေပြု MIUI 10 အသုံးပြုထားပြီး ဒီမှာ စုံလင်လှတဲ့ လုပ်ဆောင်ချက်တွေ အပြင် မျက်နှာဖြင့် ဖုန်းကို unlock လုပ်နိုင်တဲ့ Face unlock လည်းထောက်ပံ့ပါ၀င်ပါတယ်။

ကင်မရာ

ကျောဘက်မှာ Apeature f/2.2 ရှိတဲ့ အမျိုးအစား 12.2MP ကင်မရာနဲ့ 2MP depth sensor ကင်မရာနှစ်လုံးကို တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ Apeature f/2.0 ရှိတဲ့ 8MP ကင်မရာကို အသုံးပြုထားတာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI နည်းပညာထောက်ပ့ံပါ၀င်ပြီး နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရှိပေမယ့် ညပိုင်းရိုက်ကူးမှုမျိုးမှာတော့ ဓာတ်ပုံရဲ့ ကာလာပိုင်း မှန်ကန်ကောင်းမွန်ပေမယ့် Focus ပိုင်း ကြည်လင်ပြတ်သားမှု အားနည်းတယ်လို့မြင်ပါတယ်။

30/60fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF, LED flash, HDR နဲ့ Panorama စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။

ဘက်ထရီ

Li-Po 4000mAh ပမာဏဘက်ထရီက HD ဗီဒီယို ဆက်တိုက် ကြည့်ရှုမှုကို ၁၇ နာရီနဲ့ ၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏက ဘတ်ဂျက်ဖုန်းထဲမှာ ဆိုရင်တော့ တော်တော်လေး ကြာကြာ အသုံးပြုနိုင်တဲ့ဘက်ထရီလို့ ဆိုရမှာဖြစ်တဲ့အပြင် တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ပမာဏလို့ဆိုရမှာ ဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် 10W Fast Charging အားသွင်းမြန်ဆန်တဲ့စနစ် ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

ဒီဖုန်းက Redmi စီးရဲ့ထဲမှာ တော်တော်လေးကောင်းတဲ့ဖုန်းလို့ ဆိုလိုရမှာပါ။ ဘာလို့လဲဆိုတော့ သူ့အရင်ထွက်ခဲ့သမျှ ဖုန်းတွေထက် အများကြီးပိုကောင်းအောင် ဖန်တီးထားလို့ဖြစ်ပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်း၊ ဒီဇိုင်းပိုင်းနဲ့ ဘက်ထရီနဲ့ ကြာကြာအသုံးပြုနိုင်တာတွေက သူ့ရဲ့စျေးနှုန်းနဲ့ နှိုှုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တော်တော်လေး တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်တဲ 4G စနစ်သုံး ဖုန်းကို စျေးသက်သက်သာသာ ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။