Xiaomi Pocophone F1

Price : 489,000

အားသာခ်က္

ဒီဖုန္းရဲ႕ အဓိကေကာင္းမြန္တဲ့ အခ်က္ကေတာ့ Performance ပိုင္းလို႔ပဲ ေျပာခ်င္ပါတယ္။ ဒီဖုန္းမွာသံုးထားတဲ့ CPU ပိုင္းနဲ႔ Chipset ေတြက တန္ဖိုးျမင့္ ဖုန္းေတြမွာ အသံုးျပဳတဲ့ အစိတ္အပိုင္းေတြကို သံုးထားတာပါ။ ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္လိုက္ရင္ ဖုန္းမွာပါတဲ့ CPU, Chipset ေတြနဲ႔တင္ တန္တယ္လို႔ ေျပာလို႔ရေနတဲ့ ဖုန္းပါ။ ေနာက္ထပ္ေကာင္းမြန္တဲ့ အခ်က္ေတြကေတာ့ ကင္မရာပိုင္းနဲ႔ ဘက္ထရီပိုင္းလို႔ ေျပာလို႔ရပါတယ္။ အားသြင္းျမန္ဆန္တဲ့စနစ္လည္း ပါဝင္ပါတယ္။ Infrared face recognition စနစ္ျဖစ္တဲ့အတြက္ Face Unlock စနစ္မွာလည္း ေမွာင္တဲ့အခ်ိန္ေတြမွာေတာင္ မ်က္ႏွာကိုသိရွိႏိုင္ပါတယ္။

အားနည္းခ်က္

ေက်ာဘက္မွာ တပ္ဆင္ထားတဲ့ Fingerprint Sensor က ကင္မရာ နဲ႔ အရမ္းကပ္လြန္းေနတဲ့အတြက္ Fingerprint ကို အသံုးျပဳတဲ့အခ်ိန္မွာ ကင္မရာကိုတစ္ခ်ိန္လံုး လက္နဲ႔ ပြတ္မိေနေစပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အေလးခ်ိန္မ်ားတယ္လို႔ ခံစားရၿပီး NFC လို စနစ္ေတြလည္းဒီ ဖုန္းမွာပါဝင္တာ မေတြ႕ရပါဘူး။

CPU

Octa-core 2.8 GHz Kryo 385 Gold ေလးလံုးနဲ႔ 1.8 GHz Kryo 385 Silver ေလးလံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Snapdragon ရဲ႕ အေကာင္းဆံုးလို႔ ေျပာရမယ့္ SDM 845 (10 nm) Chipset ကိုအသံုးျပဳထားတာေတြ႕ရပါတယ္။ ဒီ Chipset ဟာ လက္ရွိမွာေတာ့ ေစ်းႏႈန္းျမင့္တဲ့ တန္ဖိုးျမင့္ဖုန္းေတြမွာ သံုးေနတဲ့ Chip ျဖစ္ၿပီး Pocophone F1 ရဲ႕ေစ်းႏႈန္းအတန္းထဲမွာ ဒီ Chipset ကို သံုးတဲ့ဖုန္းကမရွိသေလာက္ကို ရွားပါတယ္။

ဒီဇိုင္း

ဒီဖုန္းက မ်က္ႏွာျပင္အျပည့္ ဒီဇိုင္းမ်ိဳးလို႔ ဆိုေပမယ့္လည္း Screen အခ်ိဳးက 18.7:9 Ratio ပဲရွိေနၿပီး ေရွ႕မ်က္ႏွာျပင္ ေအာက္ေျခေဘာင္ အနည္းငယ္ ရွိေနပါေသးတယ္။ မ်က္ႏွာျပင္ ထိပ္ဘက္မွာ ထည့္သြင္းထားတဲ့ Notch ကလည္း ေတာ္ေတာ္ေလးႀကီးေနတဲ့အတြက္ Notch မႀကိဳက္တဲ့ သူေတြအတြက္ေတာ့ ဒါကစိတ္အေႏွာက္အယွက္ ျဖစ္စရာရွိႏိုင္ပါတယ္။ ကိုယ္ထည္ဖြဲ႕စည္း တည္ေဆာက္မႈကေတာ့ က်စ္လ်စ္တဲ့ ဒီဇိုင္းပံုစံမ်ိဳးရွိေနၿပီး ကိုင္တြယ္အသံုးျပဳခ်ိန္မွာေတာ့ အေလးခ်ိန္ အနည္းငယ္မ်ားတယ္လို႔ ခံစားရပါတယ္။

မွတ္ဉာဏ္

Internal Memory က 256GB, 8GB RAM နဲ႔ 64GB, 6GB RAM ဆိုၿပီးရွိေပမယ့္ ခုေဖာ္ျပတဲ့ေစ်းႏႈန္းကေတာ့ 64GB, 6GB RAM ျဖစ္ပါတယ္။ Micro SD Card 256GB အထိ ထပ္တိုးႏိုင္ေပမယ့္ SD Card သံုးမယ္ဆိုရင္ SIM 2 Slot မွာ အသံုးျပဳရမယ့္ ပံုစံမ်ိဳး ရွိပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာက 12 Megapixels, Aperture f/1.9, PDAF ကင္မရာတစ္လံုးနဲ႔ 5 Megapixels, Aperture f/2.0 Depth Sensor ကင္မရာကို Dual အေနနဲ႔ သံုးထားတာပါ။ ကင္မရာရဲ႕ ဓာတ္ပံုစနစ္ေတြေကာင္းမြန္ၿပီး ႐ုပ္ထြက္လည္းေကာင္းမြန္တာေတြ႕ရပါ တယ္။ Bokeh စနစ္ပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းတာေတြ႕ရပါ တယ္။ ေရွ႕ဘက္ကင္မရာ ကေတာ့ 20 Megapixels, Aperture f/2.0 ပါ။ ကင္မရာေတြရဲ႕ Megapixels နဲ႔ Aperture ပိုင္းေကာင္းမြန္တဲ့အတြက္ အလင္းအားနည္းတဲ့ အခ်ိန္ေတြမွာ ဓာတ္ပံု႐ိုက္လို႔ အဆင္ေျပပါတယ္။

သံုးသပ္ခ်က္

Pocophone F1 ဟာ ဖုန္းရဲ႕ေစ်းႏႈန္းႏႈန္းနဲ႔ ယွဥ္လိုက္ရင္ Performance ပိုင္းမွာေတာ့ ေတာ္ေတာ္ေလး ေကာင္းတယ္လုိ႔ ေျပာလို႔ ရပါတယ္။ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏေကာင္းမြန္တဲ့အတြက္ ဖုန္းကိုအခ်ိန္ၾကာၾကာ သံုးႏိုင္သလို အားသြင္းႏႈန္းကလည္း ျမန္ဆန္တာ ေတြ႕ရပါတယ္။ ဒီဖုန္းရဲ႕ Face Unlock စနစ္ကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္သလို မွတ္ဉာဏ္ပိုင္းကလည္း ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ၾကည့္ရင္ မွ်တတယ္လို႔ ေျပာလို႔ရပါတယ္။ ကင္မရာပိုင္းကလည္း Gyro EIS Sensor စနစ္ပါဝင္တဲ့တြက္ ဓာတ္ပံု႐ိုက္ဖို႔ အဆင္ေျပတာ ေတြ႕ရပါတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.1 (Oreo)
CPU Octa-core (4×2.8 GHz Kryo 385 Gold &4×1.8 GHz Kryo 385 Silver)
GPU Adreno 630
Camera 12 MP, f/1.9, dual pixel PDAF, 5 MP, f/2.0, depth sensor, HDR, panorama, Video (gyro- EIS), Front 20 MP, f/2.0
Memory Internal 64GB, RAM 6GB
Battery Li-Po 4000 mAh

သူတို႔အျမင္

ကိုစိုးေနထြန္း

Performance ပိုင္းကေတာ့ လံုးဝကိုမိုက္တယ္။ သူ႔ေစ်းႏႈန္းအတန္းထဲမွာ ဒီလို CPU နဲ႔ Chipset သံုးထားတဲ့ Device က မရွိသေလာက္ပဲ။ ေနာက္တစ္ခ်က္က ကင္မရာပိုင္းကလည္း ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ ဘက္ထရီပိုင္းလည္း ေကာင္းပါတယ္။ ေစ်းႏႈန္းေလးသိန္းေက်ာ္ ငါးသိန္းဝန္းက်င္နဲ႔ ဒီေလာက္ Performance ကို သံုးႏိုင္ေအာင္ လုပ္ေပးထားတာက ဒီဖုန္းအတြက္ အရမ္းကိုေကာင္းတဲ့ အခ်က္ေတြလို႔ ေျပာလုိ႔ရတယ္။ ေနာက္တစ္ခ်က္က ဒီဇိုင္းပိုင္းလည္း လွတယ္။ Notch ႀကီးေနတာကိုေတာ့ သိပ္မႀကိဳက္ဘူး။ ေနာက္တစ္ခ်က္က ကင္မရာပိုင္းမွာ Manual Mode ကို သိပ္မႀကိဳက္ဘူး။

ကိုေဇယ်ာလင္း

ဒီဖုန္းက Performance ပိုင္းကို အဓိကထား ထုတ္ထားတဲ့ဖုန္းလို႔ ျမင္မိတယ္။ သူ႔နဲ႔ယွဥ္လုိက္ရင္ သူ႔ရဲ႕ Performance ကျမင့္ေန တယ္။ ၿပီးေတာ့ ကင္မရာပိုင္းနဲ႔ ဖုန္းရဲ႕ဘက္ထရီပိုင္းကိုလည္း ေကာင္းေအာင္လုပ္ထားတာ ေတြ႕ရတယ္။ ဒီဖုန္းမွာသံုးထားတဲ့ Snapdragon 845 Chipset က တန္ဖိုးျမင့္ဖုန္းေတြမွာပဲ သံုးေနေသးတာ ေတြ႕ရတယ္။ ဒီေတာ့ ဒီဖုန္းက ေစ်းကြက္ထဲမွာ တန္ဖိုးျမင့္ဖုန္း ေတြအတြက္ စိန္ေခၚမႈတစ္ခုလိုေတာ့ ျဖစ္ေနတယ္။ Face Unlock စနစ္ပိုင္းမွာဆိုရင္လည္း Infrared စနစ္ကိုသံုးထားတဲ့ အခ်က္ကလည္း ေကာင္းတဲ့ အခ်က္တစ္ခုပါပဲ။ ေျပာရမယ္ဆုိရင္ေတာ့ သံုးသင့္တဲ့ ဖုန္းတစ္လံုးလို႔ ေျပာလို႔ရတယ္။

ကိုေစာဝင္းလြင္

Performance ပိုင္းေကာင္းတဲ့ ဖုန္းလို႔ပဲေျပာရမယ္။ CPU ေတြ Chipset ေတြ ေတာ္ေတာ္ေလးျမင့္တဲ့ဖုန္းပဲ။ ဒီေစ်းနဲ႔ ဒီ Chipset မ်ိဳးကို သံုးလို႔ရမယ္လို႔ ထင္ေတာင္မထင္မိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Snapdragon 845 နဲ႔ဆိုရင္ ေစ်းကအနည္းဆံုး ခုနစ္သိန္းေက်ာ္ ေလာက္ရွိတဲ့ ဖုန္းေတြကမ်ားတယ္။ ဒီဖုန္းမွာ ကင္မရာကလည္း ေတာ္ေတာ္ေလး အဆင္ေျပေအာင္ လုပ္ေပးထားတာ ေတြ႕ရတယ္။ ကိုယ္ထည္ ဖြဲ႕စည္းတည္ေဆာက္မႈ အပိုင္းကလည္း ေတာ္ေတာ္ေလးလွပါတယ္။ ဘက္ထရီပိုင္းကလည္း ေတာ္ေတာ္ေလးမ်ားၿပီး အားသြင္းရတာလည္း ေတာ္ေတာ္ျမန္ပါတယ္။

-ကိုသက္

[ Unicode ]

Price : 489,000

အားသာချက်

ဒီဖုန်းရဲ့ အဓိကကောင်းမွန်တဲ့ အချက်ကတော့ Performance ပိုင်းလို့ပဲ ပြောချင်ပါတယ်။ ဒီဖုန်းမှာသုံးထားတဲ့ CPU ပိုင်းနဲ့ Chipset တွေက တန်ဖိုးမြင့် ဖုန်းတွေမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေကို သုံးထားတာပါ။ စျေးနှုန်းနဲ့ ယှဉ်ကြည့်လိုက်ရင် ဖုန်းမှာပါတဲ့ CPU, Chipset တွေနဲ့တင် တန်တယ်လို့ ပြောလို့ရနေတဲ့ ဖုန်းပါ။ နောက်ထပ်ကောင်းမွန်တဲ့ အချက်တွေကတော့ ကင်မရာပိုင်းနဲ့ ဘက်ထရီပိုင်းလို့ ပြောလို့ရပါတယ်။ အားသွင်းမြန်ဆန်တဲ့စနစ်လည်း ပါဝင်ပါတယ်။ Infrared face recognition စနစ်ဖြစ်တဲ့အတွက် Face Unlock စနစ်မှာလည်း မှောင်တဲ့အချိန်တွေမှာတောင် မျက်နှာကိုသိရှိနိုင်ပါတယ်။

အားနည်းချက်

ကျောဘက်မှာ တပ်ဆင်ထားတဲ့ Fingerprint Sensor က ကင်မရာ နဲ့ အရမ်းကပ်လွန်းနေတဲ့အတွက် Fingerprint ကို အသုံးပြုတဲ့အချိန်မှာ ကင်မရာကိုတစ်ချိန်လုံး လက်နဲ့ ပွတ်မိနေစေပါတယ်။ နောက်တစ်ချက်ကတော့ အလေးချိန်များတယ်လို့ ခံစားရပြီး NFC လို စနစ်တွေလည်းဒီ ဖုန်းမှာပါဝင်တာ မတွေ့ရပါဘူး။

CPU

Octa-core 2.8 GHz Kryo 385 Gold လေးလုံးနဲ့ 1.8 GHz Kryo 385 Silver လေးလုံးကို အသုံးပြုထားပြီး Chipset ကတော့ Snapdragon ရဲ့ အကောင်းဆုံးလို့ ပြောရမယ့် SDM 845 (10 nm) Chipset ကိုအသုံးပြုထားတာတွေ့ရပါတယ်။ ဒီ Chipset ဟာ လက်ရှိမှာတော့ စျေးနှုန်းမြင့်တဲ့ တန်ဖိုးမြင့်ဖုန်းတွေမှာ သုံးနေတဲ့ Chip ဖြစ်ပြီး Pocophone F1 ရဲ့စျေးနှုန်းအတန်းထဲမှာ ဒီ Chipset ကို သုံးတဲ့ဖုန်းကမရှိသလောက်ကို ရှားပါတယ်။

ဒီဇိုင်း

ဒီဖုန်းက မျက်နှာပြင်အပြည့် ဒီဇိုင်းမျိုးလို့ ဆိုပေမယ့်လည်း Screen အချိုးက 18.7:9 Ratio ပဲရှိနေပြီး ရှေ့မျက်နှာပြင် အောက်ခြေဘောင် အနည်းငယ် ရှိနေပါသေးတယ်။ မျက်နှာပြင် ထိပ်ဘက်မှာ ထည့်သွင်းထားတဲ့ Notch ကလည်း တော်တော်လေးကြီးနေတဲ့အတွက် Notch မကြိုက်တဲ့ သူတွေအတွက်တော့ ဒါကစိတ်အနှောက်အယှက် ဖြစ်စရာရှိနိုင်ပါတယ်။ ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှုကတော့ ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံမျိုးရှိနေပြီး ကိုင်တွယ်အသုံးပြုချိန်မှာတော့ အလေးချိန် အနည်းငယ်များတယ်လို့ ခံစားရပါတယ်။

မှတ်ဉာဏ်

Internal Memory က 256GB, 8GB RAM နဲ့ 64GB, 6GB RAM ဆိုပြီးရှိပေမယ့် ခုဖော်ပြတဲ့စျေးနှုန်းကတော့ 64GB, 6GB RAM ဖြစ်ပါတယ်။ Micro SD Card 256GB အထိ ထပ်တိုးနိုင်ပေမယ့် SD Card သုံးမယ်ဆိုရင် SIM 2 Slot မှာ အသုံးပြုရမယ့် ပုံစံမျိုး ရှိပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာက 12 Megapixels, Aperture f/1.9, PDAF ကင်မရာတစ်လုံးနဲ့ 5 Megapixels, Aperture f/2.0 Depth Sensor ကင်မရာကို Dual အနေနဲ့ သုံးထားတာပါ။ ကင်မရာရဲ့ ဓာတ်ပုံစနစ်တွေကောင်းမွန်ပြီး ရုပ်ထွက်လည်းကောင်းမွန်တာတွေ့ရပါ တယ်။ Bokeh စနစ်ပိုင်းမှာလည်း တော်တော်လေးကောင်းတာတွေ့ရပါ တယ်။ ရှေ့ဘက်ကင်မရာ ကတော့ 20 Megapixels, Aperture f/2.0 ပါ။ ကင်မရာတွေရဲ့ Megapixels နဲ့ Aperture ပိုင်းကောင်းမွန်တဲ့အတွက် အလင်းအားနည်းတဲ့ အချိန်တွေမှာ ဓာတ်ပုံရိုက်လို့ အဆင်ပြေပါတယ်။

သုံးသပ်ချက်

Pocophone F1 ဟာ ဖုန်းရဲ့စျေးနှုန်းနှုန်းနဲ့ ယှဉ်လိုက်ရင် Performance ပိုင်းမှာတော့ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏကောင်းမွန်တဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ သုံးနိုင်သလို အားသွင်းနှုန်းကလည်း မြန်ဆန်တာ တွေ့ရပါတယ်။ ဒီဖုန်းရဲ့ Face Unlock စနစ်ကလည်း တော်တော်လေး ကောင်းမွန်သလို မှတ်ဉာဏ်ပိုင်းကလည်း စျေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် မျှတတယ်လို့ ပြောလို့ရပါတယ်။ ကင်မရာပိုင်းကလည်း Gyro EIS Sensor စနစ်ပါဝင်တဲ့တွက် ဓာတ်ပုံရိုက်ဖို့ အဆင်ပြေတာ တွေ့ရပါတယ်။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.1 (Oreo)
CPU Octa-core (4×2.8 GHz Kryo 385 Gold &4×1.8 GHz Kryo 385 Silver)
GPU Adreno 630
Camera 12 MP, f/1.9, dual pixel PDAF, 5 MP, f/2.0, depth sensor, HDR, panorama, Video (gyro- EIS), Front 20 MP, f/2.0
Memory Internal 64GB, RAM 6GB
Battery Li-Po 4000 mAh

သူတို့အမြင်

ကိုစိုးနေထွန်း

Performance ပိုင်းကတော့ လုံးဝကိုမိုက်တယ်။ သူ့စျေးနှုန်းအတန်းထဲမှာ ဒီလို CPU နဲ့ Chipset သုံးထားတဲ့ Device က မရှိသလောက်ပဲ။ နောက်တစ်ချက်က ကင်မရာပိုင်းကလည်း တော်တော်လေး အဆင်ပြေပါတယ်။ ဘက်ထရီပိုင်းလည်း ကောင်းပါတယ်။ စျေးနှုန်းလေးသိန်းကျော် ငါးသိန်းဝန်းကျင်နဲ့ ဒီလောက် Performance ကို သုံးနိုင်အောင် လုပ်ပေးထားတာက ဒီဖုန်းအတွက် အရမ်းကိုကောင်းတဲ့ အချက်တွေလို့ ပြောလို့ရတယ်။ နောက်တစ်ချက်က ဒီဇိုင်းပိုင်းလည်း လှတယ်။ Notch ကြီးနေတာကိုတော့ သိပ်မကြိုက်ဘူး။ နောက်တစ်ချက်က ကင်မရာပိုင်းမှာ Manual Mode ကို သိပ်မကြိုက်ဘူး။

ကိုဇေယျာလင်း

ဒီဖုန်းက Performance ပိုင်းကို အဓိကထား ထုတ်ထားတဲ့ဖုန်းလို့ မြင်မိတယ်။ သူ့နဲ့ယှဉ်လိုက်ရင် သူ့ရဲ့ Performance ကမြင့်နေ တယ်။ ပြီးတော့ ကင်မရာပိုင်းနဲ့ ဖုန်းရဲ့ဘက်ထရီပိုင်းကိုလည်း ကောင်းအောင်လုပ်ထားတာ တွေ့ရတယ်။ ဒီဖုန်းမှာသုံးထားတဲ့ Snapdragon 845 Chipset က တန်ဖိုးမြင့်ဖုန်းတွေမှာပဲ သုံးနေသေးတာ တွေ့ရတယ်။ ဒီတော့ ဒီဖုန်းက စျေးကွက်ထဲမှာ တန်ဖိုးမြင့်ဖုန်း တွေအတွက် စိန်ခေါ်မှုတစ်ခုလိုတော့ ဖြစ်နေတယ်။ Face Unlock စနစ်ပိုင်းမှာဆိုရင်လည်း Infrared စနစ်ကိုသုံးထားတဲ့ အချက်ကလည်း ကောင်းတဲ့ အချက်တစ်ခုပါပဲ။ ပြောရမယ်ဆိုရင်တော့ သုံးသင့်တဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ရတယ်။

ကိုစောဝင်းလွင်

Performance ပိုင်းကောင်းတဲ့ ဖုန်းလို့ပဲပြောရမယ်။ CPU တွေ Chipset တွေ တော်တော်လေးမြင့်တဲ့ဖုန်းပဲ။ ဒီစျေးနဲ့ ဒီ Chipset မျိုးကို သုံးလို့ရမယ်လို့ ထင်တောင်မထင်မိဘူး။ ဘာကြောင့်လဲဆိုတော့ Snapdragon 845 နဲ့ဆိုရင် စျေးကအနည်းဆုံး ခုနစ်သိန်းကျော် လောက်ရှိတဲ့ ဖုန်းတွေကများတယ်။ ဒီဖုန်းမှာ ကင်မရာကလည်း တော်တော်လေး အဆင်ပြေအောင် လုပ်ပေးထားတာ တွေ့ရတယ်။ ကိုယ်ထည် ဖွဲ့စည်းတည်ဆောက်မှု အပိုင်းကလည်း တော်တော်လေးလှပါတယ်။ ဘက်ထရီပိုင်းကလည်း တော်တော်လေးများပြီး အားသွင်းရတာလည်း တော်တော်မြန်ပါတယ်။