Xiaomi Mi Mix 3 ကို ေအာက္တိုဘာ ၂၅ တြင္ မိတ္ဆက္မည္

[ Zawgyi ]

တ႐ုတ္ အီလက္ထရြန္နစ္ကုမၸဏီ Xiaomi ဟာ Mi Mix 3 ကို ေအာက္တိုဘာ ၂၅ ရက္ ေဘက်င္းမွာ က်င္းပျပဳလုပ္မယ့္ အခမ္းအနားတစ္ခုမွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ ၁၅ ရက္မွာ မိတ္ဆက္မယ္လို႔ ေကာလာဟလ ထြက္ေပၚခဲ့ၿပီးတဲ့ေနာက္ တရားဝင္မိတ္ဆက္မယ့္ရက္ကို Xiaomi က Weibo ေပၚကေန အခုလို ေၾကညာခဲ့တာာ ျဖစ္ပါတယ္။

Xiaomi ဟာ Mi Mix 3 ကို ေခတ္ေရွ႕ေျပးတဲ့ ဒီဇိုင္းသစ္တစ္မ်ိဳးနဲ႔ ပြဲထုတ္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ ထုတ္ကုန္ စီမံခန္႔ခြဲမႈ ဒါ႐ိုက္တာနဲ႔ ကမ႓ာလံုးဆိုင္ရာ ေျပာေရးဆိုခြင့္ရိွသူ Donovon Sung ကေတာ့ Xiaomi Mi Mix 3 ကို မတူညီတဲ့ ဓာတ္ပံုႏွစ္ခုနဲ႔ အျမည္းမိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီဓာတ္ပံုေတြထဲက တစ္ခုမွာ Mi Mix 3 ကို အေရာင္ေလးမ်ိဳးနဲ႔ ရရိွႏိုင္မယ္လို႔ ရွင္းရွင္းလင္းလင္း ျပသထားပါတယ္။

Mi Mix 3 မွာ Qualcomm Snapdragon 845 ပါဝင္လာဖြယ္ရိွပါတယ္။ RAM နဲ႔ storage ကိုလည္း ေရြးခ်ယ္စရာ အမ်ိဳးမ်ိဳးနဲ႔ ရရိွႏိုင္မွာ ျဖစ္ပါတယ္။ Sliding ဒီဇိုင္းေၾကာင့္ ၆.၄ လက္မ AMOLED display ရဲ႕ screen-to-body အခ်ိဳးက ၁၀၀ ရာခိုင္ႏႈန္းနီးပါး ရိွလာမွာ ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းမွာ သမား႐ိုးက် sensor အစား in-screen fingerprint scanner တစ္ခု ပါဝင္လာမွာ ျဖစ္ပါတယ္။

ေက်ာဘက္မွာလည္း 16 megapixel + 13 megapixel telephoto lens ဆိုၿပီး ကင္မရာ sensor ႏွစ္ခု ပါဝင္လာမွာျဖစ္ပါတယ္။ အေရွ႕ဘက္ 20-megapixel sensor မွာ 3D facial recognition နဲ႔အတူ AI feature အခ်ိဳ႕ ပါဝင္လာမွာ ျဖစ္ပါတယ္။ Android 7.1 Nougat အေျခခံ MIUI 9.0 ကိုအသံုးျပဳထားၿပီး 18W fast charging ကို ေထာက္ပံ့ေပးထားပါတယ္လို႔ သိရပါတယ္။

အေစာပိုင္း ေပါက္ၾကားသတင္းေတြမွာေတာ့ Mi Mix 3 6GB/64GB ေမာ္ဒယ္အတြက္ ၃,၃၉၉ ယြမ္ (၄၉၀ ေဒၚလာ) ျဖစ္ၿပီး 8GB/256GB အတြက္ ၅,၂၆၆ ယြမ္ (၇၆၀ ေဒၚလာ) က်သင့္မယ္လို႔ ေဖာ္ျပထားပါတယ္။

Ref: GizmoChina

[ Unicode ]

တရုတ် အီလက်ထရွန်နစ်ကုမ္ပဏီ Xiaomi ဟာ Mi Mix 3 ကို အောက်တိုဘာ ၂၅ ရက် ဘေကျင်းမှာ ကျင်းပပြုလုပ်မယ့် အခမ်းအနားတစ်ခုမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ မိတ်ဆက်မယ်လို့ ကောလာဟလ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တရားဝင်မိတ်ဆက်မယ့်ရက်ကို Xiaomi က Weibo ပေါ်ကနေ အခုလို ကြေညာခဲ့တာာ ဖြစ်ပါတယ်။

Xiaomi ဟာ Mi Mix 3 ကို ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းသစ်တစ်မျိုးနဲ့ ပွဲထုတ်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Xiaomi ရဲ့ ထုတ်ကုန် စီမံခန့်ခွဲမှု ဒါရိုက်တာနဲ့ ကမ႓ာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Donovon Sung ကတော့ Xiaomi Mi Mix 3 ကို မတူညီတဲ့ ဓာတ်ပုံနှစ်ခုနဲ့ အမြည်းမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေထဲက တစ်ခုမှာ Mi Mix 3 ကို အရောင်လေးမျိုးနဲ့ ရရှိနိုင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။

Mi Mix 3 မှာ Qualcomm Snapdragon 845 ပါဝင်လာဖွယ်ရှိပါတယ်။ RAM နဲ့ storage ကိုလည်း ရွေးချယ်စရာ အမျိုးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Sliding ဒီဇိုင်းကြောင့် ၆.၄ လက်မ AMOLED display ရဲ့ screen-to-body အချိုးက ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိလာမှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ သမားရိုးကျ sensor အစား in-screen fingerprint scanner တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။

ကျောဘက်မှာလည်း 16 megapixel + 13 megapixel telephoto lens ဆိုပြီး ကင်မရာ sensor နှစ်ခု ပါဝင်လာမှာဖြစ်ပါတယ်။ အရှေ့ဘက် 20-megapixel sensor မှာ 3D facial recognition နဲ့အတူ AI feature အချို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Android 7.1 Nougat အခြေခံ MIUI 9.0 ကိုအသုံးပြုထားပြီး 18W fast charging ကို ထောက်ပံ့ပေးထားပါတယ်လို့ သိရပါတယ်။

အစောပိုင်း ပေါက်ကြားသတင်းတွေမှာတော့ Mi Mix 3 6GB/64GB မော်ဒယ်အတွက် ၃,၃၉၉ ယွမ် (၄၉၀ ဒေါ်လာ) ဖြစ်ပြီး 8GB/256GB အတွက် ၅,၂၆၆ ယွမ် (၇၆၀ ဒေါ်လာ) ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။

Ref: GizmoChina