Xiaomi Mi Mix 3 တွင် 5G အထောက်အပံ့နှင့် 10GB RAM ပါဝင်မည်

[ Zawgyi ]

Mi Mix 3 ဟာ ဈေးကွက်ထဲမှာ 5G အထောက်အပံ့ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲမှာ ပါဝင်သလို 10GB RAM ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က အတည်ပြုခဲ့ပါတယ်။



Ref: GSMArena

[ Unicode ]

Mi Mix 3 ဟာ စျေးကွက်ထဲမှာ 5G အထောက်အပံ့ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲမှာ ပါဝင်သလို 10GB RAM ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က အတည်ပြုခဲ့ပါတယ်။

5G အထောက်အပံ့ပါဝင်မယ့် အတည်ပြုချက်ဟာ Xiaomi Spain ဆီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး 10GB RAM အတည်ပြုချက်ကိုတော့ Weibo post တစ်ခုနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ အတည်ပြုချက်နှစ်ခုမှာ slide-out ကင်မရာတွေကိုလည်း အရိပ်အမြွက် ပြသထားပါတယ်။

Xiaomi Mi Mix 3 နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို တရားဝင်မိတ်ဆက်မယ့် အောက်တိုဘာ ၂၅ ရက်မှာ သိရှိရမှာ ဖြစ်ပါတယ်။

Ref: GSMArena