Xiaomi Mi 9 က Snapdragon 8150 chipset သံုးထားတဲ့ ပထမဆံုးဖုန္း ျဖစ္လာဖြယ္ရိွ

[ Zawgyi ]

Xiaomi ဟာ slider ဒီဇိုင္းသစ္နဲ႔ ကင္မရာေလးခုပါဝင္တဲ့ Xiaomi Mi MIX 3 ကို တရုတ္ႏိုင္ငံမွာ မၾကာေသးခင္က မိတ္ဆက္ ခဲ့ပါတယ္။ အဲ့ဒီ စမတ္ဖုန္းသစ္ကို မိတ္ဆက္ၿပီး မၾကာခင္မွာပဲ Xiaomi 2019 flagship ဖုန္းရဲ႕ ေကာလာဟလသတင္းေတြ ထြက္ေပၚလာပါတယ္။ GizChina ကေန ထြက္ေပၚလာတဲ့ သတင္းအခ်က္အလက္အရ Xiaomi Mi 9 ဟာ Snapdragon 8150 chipset ပါဝင္တဲ့ ပထမဆံုးဖုန္း ျဖစ္လာဖြယ္ရိွတယ္လို႔ သိရပါတယ္။ ဒီ အခ်က္အလက္ေပါက္ၾကားမႈမွာ စမတ္ဖုန္းရဲ႕ အဓိက အခ်က္အလက္အခ်ိဳ႕ကိုလည္း ေဖာ္ျပထားပါတယ္။

Xiaomi Mi 9 ကို ၂၀၁၉ ပထမႏွစ္ဝက္မွာ ေတြ႕ျမင္ရဖြယ္ရိွၿပီး Snapdragon 8150 chipset သံုးထားတဲ့ ပထမဆံုးဖုန္း ျဖစ္လာဖြယ္ရိွတယ္လို႔ ေဖာ္ျပထားပါတယ္။ Mi 8 လိုပဲ Mi 9 ကို တရုတ္ႏိုင္ငံမွာပဲ ပထမဆံုး ေရာင္းခ်သြားဖြယ္ရိွပါတယ္။

Mi 9 flagship စမတ္ဖုန္းမွာ ေက်ာဘက္ကင္မရာ သံုးခုပါဝင္ၿပီး ပင္မ sensor က 48-megapixel Sony IMX586 ျဖစ္ဖြယ္ရိွတယ္လို႔ ဆိုပါတယ္။ အေျခခံေမာ္ဒယ္ကို 6GB ဒါမွမဟုတ္ 8GB RAM နဲ႔ရရိွႏိုင္ၿပီး အျမင့္ဆံုးေမာ္ဒယ္မွာေတာ့ 10GB RAM ပါဝင္လာဖြယ္ရိွပါတယ္။ ဒီဟန္းဆက္မွာ under-display fingerprint scanner ပါဝင္လာႏိုင္ပါတယ္။

Xiaomi ဟာ ၿပီးခဲ့တဲ့ႏွစ္က Mi MIX 2 စမတ္ဖုန္းကို Snapdragon 835 SoC နဲ႔ မိတ္ဆက္ခဲ့ပါတယ္။ ၂၀၁၈ မတ္လမွာ မိတ္ဆက္ခဲ့တဲ့ Mi MIX 2S ဖုန္းဟာ Mi MIX 2 နဲ႔ ဒီဇိုင္းပိုင္းနဲ႔ specs ေတြ ဆင္တူေပမယ့္ Snapdragon 845 ကို အသံုးျပဳခဲ့ပါတယ္။

လာမယ့္ႏွစ္မွာလည္း Xiaomi က အလားတူ ဗ်ဴဟာကို အသံုးျပဳဖြယ္ရိွပါတယ္။ Mi MIX 3 မိတ္ဆက္ပြဲမွာ Xiaomi က 5G ဗားရွင္း ဖုန္းကို ၂၀၁၉ ပထမသံုးလပတ္မွာ မိတ္ဆက္ေၾကညာသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ Mi MIX 3 5G ဗားရွင္းကို လာမယ့္ႏွစ္မွာ Mi MIX 3 ဒီဇိုင္းနဲ႔ ေတြ႕ျမင္ရဖို႔ရိွပါတယ္။ Mi MIX 3 5G ကလည္း Snapdragon 8150 SoC သံုးထားတဲ့ ပထမဆံုးဖုန္း ျဖစ္လာႏိုင္ပါတယ္။

ကုမၸဏီရဲ႕ ၈ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ စမတ္ဖုန္းျဖစ္တဲ့ Xiaomi Mi 8 ကို ဒီႏွစ္ ေမလက ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ ဒါေၾကာင့္ Mi 9 ကိုလည္း ၂၀၁၉ ေမလမွာ ေတြ႕ျမင္ရႏိုင္ပါတယ္။ ဒါဟာ Mi MIX 3 5G ဗားရွင္းကို မိတ္ဆက္ၿပီး တစ္လ၊ ႏွစ္လအၾကာမွာ ေတြ႕ျမင္ရႏိုင္ဖို႔ရိွတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၉ ေဖေဖာ္ဝါရီလအတြင္း Mobile World Congress (MWC) နည္းပညာျပပြဲမွာ မိတ္ဆက္ေၾကညာဖြယ္ရိွတဲ့ Galaxy S10, ZenFone 5Z ေနရာဆက္ခံမယ့္ ဟန္းဆက္နဲ႔ Sony Xperia XZ4 တို႔ကလည္း Snapdragon 8150 သံုးထားတဲ့ ပထမဆံုး စမတ္ဖုန္းေတြ ျဖစ္လာႏိုင္ပါတယ္။

Ref: GizmoChina

[ Unicode ]

Xiaomi ဟာ slider ဒီဇိုင်းသစ်နဲ့ ကင်မရာလေးခုပါဝင်တဲ့ Xiaomi Mi MIX 3 ကို တရုတ်နိုင်ငံမှာ မကြာသေးခင်က မိတ်ဆက် ခဲ့ပါတယ်။ အဲ့ဒီ စမတ်ဖုန်းသစ်ကို မိတ်ဆက်ပြီး မကြာခင်မှာပဲ Xiaomi 2019 flagship ဖုန်းရဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လာပါတယ်။ GizChina ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်အရ Xiaomi Mi 9 ဟာ Snapdragon 8150 chipset ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီ အချက်အလက်ပေါက်ကြားမှုမှာ စမတ်ဖုန်းရဲ့ အဓိက အချက်အလက်အချို့ကိုလည်း ဖော်ပြထားပါတယ်။

Xiaomi Mi 9 ကို ၂၀၁၉ ပထမနှစ်ဝက်မှာ တွေ့မြင်ရဖွယ်ရှိပြီး Snapdragon 8150 chipset သုံးထားတဲ့ ပထမဆုံးဖုန်း ဖြစ်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ Mi 8 လိုပဲ Mi 9 ကို တရုတ်နိုင်ငံမှာပဲ ပထမဆုံး ရောင်းချသွားဖွယ်ရှိပါတယ်။

Mi 9 flagship စမတ်ဖုန်းမှာ ကျောဘက်ကင်မရာ သုံးခုပါဝင်ပြီး ပင်မ sensor က 48-megapixel Sony IMX586 ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အခြေခံမော်ဒယ်ကို 6GB ဒါမှမဟုတ် 8GB RAM နဲ့ရရှိနိုင်ပြီး အမြင့်ဆုံးမော်ဒယ်မှာတော့ 10GB RAM ပါဝင်လာဖွယ်ရှိပါတယ်။ ဒီဟန်းဆက်မှာ under-display fingerprint scanner ပါဝင်လာနိုင်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့နှစ်က Mi MIX 2 စမတ်ဖုန်းကို Snapdragon 835 SoC နဲ့ မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၈ မတ်လမှာ မိတ်ဆက်ခဲ့တဲ့ Mi MIX 2S ဖုန်းဟာ Mi MIX 2 နဲ့ ဒီဇိုင်းပိုင်းနဲ့ specs တွေ ဆင်တူပေမယ့် Snapdragon 845 ကို အသုံးပြုခဲ့ပါတယ်။

လာမယ့်နှစ်မှာလည်း Xiaomi က အလားတူ ဗျူဟာကို အသုံးပြုဖွယ်ရှိပါတယ်။ Mi MIX 3 မိတ်ဆက်ပွဲမှာ Xiaomi က 5G ဗားရှင်း ဖုန်းကို ၂၀၁၉ ပထမသုံးလပတ်မှာ မိတ်ဆက်ကြေညာသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် Mi MIX 3 5G ဗားရှင်းကို လာမယ့်နှစ်မှာ Mi MIX 3 ဒီဇိုင်းနဲ့ တွေ့မြင်ရဖို့ရှိပါတယ်။ Mi MIX 3 5G ကလည်း Snapdragon 8150 SoC သုံးထားတဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။

ကုမ္ပဏီရဲ့ ၈ နှစ်မြောက် နှစ်ပတ်လည် စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi 8 ကို ဒီနှစ် မေလက ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် Mi 9 ကိုလည်း ၂၀၁၉ မေလမှာ တွေ့မြင်ရနိုင်ပါတယ်။ ဒါဟာ Mi MIX 3 5G ဗားရှင်းကို မိတ်ဆက်ပြီး တစ်လ၊ နှစ်လအကြာမှာ တွေ့မြင်ရနိုင်ဖို့ရှိတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ဖေဖော်ဝါရီလအတွင်း Mobile World Congress (MWC) နည်းပညာပြပွဲမှာ မိတ်ဆက်ကြေညာဖွယ်ရှိတဲ့ Galaxy S10, ZenFone 5Z နေရာဆက်ခံမယ့် ဟန်းဆက်နဲ့ Sony Xperia XZ4 တို့ကလည်း Snapdragon 8150 သုံးထားတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။

Ref: GizmoChina