August 20, 2018

Xiaomi Mi 8

[ Zawgyi ]

Price : 573,000

အားသာခ်က္

ဒီဖုန္းဟာ Chipset ပိုင္းမွာ ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ေျပာလို႔ရတဲ့ဖုန္းပါ။ တန္ဖိုးျမင့္ သိန္းဆယ္ဂဏန္း ပတ္ဝန္းက်င္မွာရွိတဲ့ ဖုန္းေတြမွာသံုးတဲ့ Chipset မ်ိဳးကို သံုးထားတဲ့ Mid Range ဖုန္းလို႔ေျပာလို႔ရပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တဲ့ အျပင္ ကင္မရာ ပိုင္းနဲ႔ ဖုန္းရဲ႕ပါဝါသိုေလွာင္ႏိုင္မႈပမာဏ ဘက္ထရီပိုင္းမွာလည္း ေကာင္းမြန္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ေျပာလို႔ရပါတယ္။ ဖုန္းရဲ႕ Screen နဲ႔ ကိုယ္ထည္ကို ကာကြယ္ေပးထားမႈ အပိုင္းမွာလည္း ေကာင္းမြန္တဲ့ ဖုန္းပါ။

အားနည္းခ်က္

ဒီဖုန္းမွာ မွတ္ဉာဏ္ထပ္တိုး အသံုးျပဳႏိုင္ဖို႔အတြက္ Micro SD Card Slot မပါဝင္ပါဘူး။ ဒါ့အျပင္ ဒီဖုန္းမွာ နားၾကပ္အတြက္ 3.5mm jack လည္း မပါဝင္သလို FM Radio စနစ္လည္းမပါဝင္ပါဘူး။ နားၾကပ္အ တြက္ USB နားၾကပ္ ဒါမွမဟုတ္ Wireless နားၾကပ္ေတြကိုပဲ အသံုးျပဳရ ပါလိမ့္မယ္။

ဒီဇိုင္း

မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ မ်က္ႏွာျပင္ျပည့္ပံုစံမ်ိဳးရွိတဲ့ ဖုန္းျဖစ္ၿပီး ေရွ႕ မ်က္ႏွာျပင္ရဲ႕ အေပၚထိပ္ဘက္နားမွာ က်ယ္ဝန္းတဲ့ Notch တစ္ခု ပါဝင္ပါတယ္။ ဖုန္းကိုယ္ထည္ တစ္ခုလံုးကို သတၱဳစပ္ကိုယ္ထည္ ပံုစံမ်ိဳးနဲ႔လုပ္ထားၿပီး ကိုင္တြယ္အသံုးျပဳခ်ိန္မွာေတာ့ အေလးခ်ိန္အနည္း ငယ္ရွိတယ္လို႔ ခံစားရေစပါတယ္။ က်စ္လ်စ္တဲ့ ပံုစံမ်ိဳးရွိေနၿပီး ေက်ာဘက္ကာဗာ အနားခံုးဒီဇိုင္းပံုစံေၾကာင့္ ကိုင္တြယ္ရတာ ေကာင္းမြန္တဲ့အျပင္ ဖုန္းကိုလည္းပါးတယ္လုိ႔ ခံစားရေစပါလိမ့္မယ္။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၆.၂၁ လက္မရွိတဲ့ Super AMOLED Screen ကိုအသံုးျပဳထားၿပီး 1080 x 2248 pixels ရွိတဲ့ Full HD+ Screen အမ်ိဳးအစားပါ။

နည္းပညာ

ေနာက္ဘက္ကင္မရာကို Megapixels တူညီတဲ့ ကင္မရာႏွစ္လံုးအ သံုးျပဳထားၿပီး တစ္ခုမွာေတာ့ 4-axis OIS, dual pixel နည္းပညာေတြ ကိုထည့္သြင္းေပးထားၿပီး ေနာက္တစ္လံုးကေတာ့ 2X Optical Zoom အတြက္ ေထာက္ပံ့ေပးႏိုင္တဲ့ပံုစံမ်ိဳး လုပ္ထားတာေတြ႕ရပါတယ္။ ဓာတ္ပံုအရည္အေသြးပိုင္းမွာ ေကာင္းမြန္တဲ့အျပင္ ေရွ႕ကင္မရာကလည္း Megapixels ျမင့္မားတဲ့ ကင္မရာကို အသံုးျပဳထားတာ ေတြ႕ရပါတယ္။ Infrared face recognition နည္းပညာ ပါဝင္တဲ့အတြက္ Phone Lock စနစ္အတြက္ မ်က္ႏွာနဲ႔ မွတ္သားအသံုးျပဳႏုိင္ပါတယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာ CPU, GPU ပိုင္းနဲ႔ Chipset ပိုင္းမွာ ေတာ္ေတာ္ေလးျမင့္ မားေကာင္းမြန္တဲ့ ဖုန္းလို႔ေျပာလို႔ရပါတယ္။ ဖုန္းမွာပါဝင္တဲ့ မွတ္ဉာဏ္ကလည္း ျမင့္မားတဲ့အတြက္ ေကာင္းမြန္တဲ့ Processor Chipset နဲ႔ ျမင့္မားတဲ့ RAM တို႔ရဲ႕ ျမန္ဆန္တဲ့ တြဲဖက္ လုပ္ေဆာင္ႏိုင္မႈေၾကာင့္ ဖုန္းကိုအသံုး ျပဳတဲ့အခ်ိန္မွာ ျမန္ဆန္ေခ်ာေမြ႕မႈ ရွိေနပါလိမ့္မယ္။ ကင္မရာပိုင္းမွာဆို ရင္လည္း ေနာက္ဘက္ ကင္မရာေတြေရာ ေရွ႕ကင္မရာပါ Megapixels ေကာင္းမြန္တဲ့အတြက္ ဓာတ္ပံု႐ုပ္ထြက္ပိုင္းမွာလည္း ေကာင္းမြန္တာ ေတြ႕ရပါတယ္။ အသံုးျပဳထားတဲ့ Screen ေကာင္းမြန္တဲ့အျပင္ Resolution ကလည္း ေကာင္းမြန္တဲ့အတြက္ ၾကည္လင္တဲ့ျမင္ကြင္းကို ခံစားႏိုင္ပါတယ္။ နားၾကပ္ေပါက္မပါတဲ့ အခ်က္တစ္ခ်က္ ရွိေနတဲ့အတြက္ နားၾကပ္အသံုးျပဳမယ္ဆုိရင္ ဖုန္းနားၾကပ္ေတြနဲ႔ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီပမာဏ ေကာင္းမြန္တဲ့အျပင္ အားသြင္းႏႈန္းျမန္ဆန္တဲ့ First Charging စနစ္ကိုလည္း ထည့္သြင္းေပးထားတဲ့အတြက္ ဒါကလည္း ေကာင္းမြန္တဲ့အခ်က္ပါပဲ။ Sim Card ႏွစ္ကတ္ ထည့္သြင္း အသံုးျပဳႏိုင္ေပမယ့္ SD Card ေတာ့ ထပ္ထည့္လို႔မရႏိုင္ပါဘူး။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android 8.1 (Oreo)
CPU Octa-core (4×2.8 GHz Kryo 385 & 4×1.8 GHz Kryo 385)
GPU Adreno 630
Memory Internal 128GB, 6GB RAM , Micro SD No
Camera 12 MP, f/1.8, 1/2.55″, 1.4µm, 4-axis OIS, dual pixel PDAF, 12 MP, f/2.4, 56mm,1/3.4″, 1.0µm, AF, 2x optical zoom, Dual-LED flash, HDR, Front 20 MP, f/2.0
Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct
Bluetooth 5.0, A2DP, LE, aptX HD
Battery Li-Po 3400 mAh Battery

ကိုျပည့္စံုေအာင္ (စမ္းသပ္အသံုးျပဳသူ)

CPU ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ ဖုန္းရဲ႕ေစ်းက အျခားတန္ဖိုးျမင့္ သိန္းဆယ္ ဂဏန္းေလာက္က ဖုန္းေတြနဲ႔ ယွဥ္လို႔ရေလာက္တဲ့ Chipset မ်ိဳးကို သံုးထားတာလည္း ေတြ႕ရတယ္။ ဖုန္းမွာ RAM ကလည္းမ်ား Chipset နဲ႔ Processor ကလည္း ေကာင္းေတာ့ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကေတာ့ ေျပာစရာသိပ္မရွိ ေလာက္ေအာင္ကို ျမန္ဆန္တာေတြ႕ရတယ္။ ကင္မရာပိုင္းမွာလည္း ေနာက္ဘက္ ကင္မရာေရာ ေရွ႕ကင္မရာေတြကပါ Megapixels ေကာင္းတဲ့အျပင္ ႐ုပ္ထြက္ပိုင္းလည္း ေကာင္းတာေတြ႕ရတယ္။ ဒီဖုန္းကေတာ့ Memory, Chipset နဲ႔ ကင္မရာပိုင္းနဲ႔တင္ သူ႔ေစ်းနဲ႔ တန္တယ္လုိ႔ ေျပာလို႔ရပါတယ္။

ကိုေဝယံၿဖိဳး (စမ္းသပ္အသံုးျပဳသူ)

Memory ပိုင္း ေတာ္ေတာ္ေလးျမင့္တဲ့ အခ်က္ကိုသေဘာက်ပါတယ္။ ကင္မရာေကာင္းတာ ဓာတ္ပံုပံုထြက္ေကာင္းတာကိုလည္း သေဘာက်တယ္။ ကၽြန္ေတာ္က ဓာတ္ပံုသမားဆိုေတာ့ ကင္မရာေကာင္းတဲ့ဖုန္းကို ႀကိဳက္သလို ဓာတ္ပံုေတြမ်ားမ်ား သိမ္းထားႏိုင္ဖို႔ အတြက္ Memory မ်ားတာကိုလည္း ႀကိဳက္တယ္။ CPU ကလည္း ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ေျပာလုိ႔ရမယ္ထင္တယ္။ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္အပိုင္းေတြမွာ ေတာ္ေတာ္ေလးျမန္ဆန္တယ္။ Chipset ေတြဘာေတြကေတာ့ ကၽြန္ေတာ္လည္း သိပ္ေတာ့ နားမလည္ဘူး။ ဒါေပမယ့္ MI 8 ကိုေတာ့ Memory ေကာင္းတာ၊ ကင္မရာေကာင္းတာ၊ ဖုန္းကသံုးရတာ ျမန္တာရယ္၊ ၿပီးေတာ့ ဒီဇိုင္းလွတဲ့ အခ်က္ေတြကို သေဘာက်ပါတယ္။

မမိုးစႏၵာေထြး (စမ္းသပ္အသံုးျပဳသူ)

ကင္မရာေကာင္းတဲ့ အခ်က္ကို အရမ္းႀကိဳက္ပါတယ္။ ဓာတ္ပုံ႐ိုက္ရတာ ေတာ္ေတာ္ေလးေကာင္းပါတယ္။ Memory ပိုင္းျမင့္တာ ကိုလည္း သေဘာက်ပါတယ္။ Memory မ်ားတဲ့အတြက္ ဓာတ္ပံု႐ိုက္ ရတာေရာ၊ ဖုန္းထဲကို ဗီဒီယိုေတြထည့္ၿပီး ၾကည့္ရတာပါ အဆင္ေျပတယ္။ Screen ကလည္း က်ယ္က်ယ္ဝန္းဝန္းနဲ႔ဆိုေတာ့ ႀကိဳက္တယ္။ နားၾကပ္သံုးရ ခက္တာကိုေတာ့ သိပ္မႀကိဳက္ဘူး။ ဒါေပ မဲ့လည္း အျခားက်န္တဲ့ အခ်က္ေတြကေတာ့ ေတာ္ေတာ္ေလး ေကာင္းပါတယ္။

-ကိုသက္

[ Unicode ]

Price : 573,000

အားသာချက်

ဒီဖုန်းဟာ Chipset ပိုင်းမှာ တော်တော်လေးကောင်းတယ်လို့ ပြောလို့ရတဲ့ဖုန်းပါ။ တန်ဖိုးမြင့် သိန်းဆယ်ဂဏန်း ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်းတွေမှာသုံးတဲ့ Chipset မျိုးကို သုံးထားတဲ့ Mid Range ဖုန်းလို့ပြောလို့ရပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့ အပြင် ကင်မရာ ပိုင်းနဲ့ ဖုန်းရဲ့ပါဝါသိုလှောင်နိုင်မှုပမာဏ ဘက်ထရီပိုင်းမှာလည်း ကောင်းမွန်တဲ့အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ပြောလို့ရပါတယ်။ ဖုန်းရဲ့ Screen နဲ့ ကိုယ်ထည်ကို ကာကွယ်ပေးထားမှု အပိုင်းမှာလည်း ကောင်းမွန်တဲ့ ဖုန်းပါ။

အားနည်းချက်

ဒီဖုန်းမှာ မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်ဖို့အတွက် Micro SD Card Slot မပါဝင်ပါဘူး။ ဒါ့အပြင် ဒီဖုန်းမှာ နားကြပ်အတွက် 3.5mm jack လည်း မပါဝင်သလို FM Radio စနစ်လည်းမပါဝင်ပါဘူး။ နားကြပ်အ တွက် USB နားကြပ် ဒါမှမဟုတ် Wireless နားကြပ်တွေကိုပဲ အသုံးပြုရ ပါလိမ့်မယ်။

ဒီဇိုင်း

မျက်နှာပြင်ကျယ်ဝန်းတဲ့ မျက်နှာပြင်ပြည့်ပုံစံမျိုးရှိတဲ့ ဖုန်းဖြစ်ပြီး ရှေ့ မျက်နှာပြင်ရဲ့ အပေါ်ထိပ်ဘက်နားမှာ ကျယ်ဝန်းတဲ့ Notch တစ်ခု ပါဝင်ပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုစပ်ကိုယ်ထည် ပုံစံမျိုးနဲ့လုပ်ထားပြီး ကိုင်တွယ်အသုံးပြုချိန်မှာတော့ အလေးချိန်အနည်း ငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ ကျစ်လျစ်တဲ့ ပုံစံမျိုးရှိနေပြီး ကျောဘက်ကာဗာ အနားခုံးဒီဇိုင်းပုံစံကြောင့် ကိုင်တွယ်ရတာ ကောင်းမွန်တဲ့အပြင် ဖုန်းကိုလည်းပါးတယ်လို့ ခံစားရစေပါလိမ့်မယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၂၁ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 1080 x 2248 pixels ရှိတဲ့ Full HD+ Screen အမျိုးအစားပါ။

နည်းပညာ

နောက်ဘက်ကင်မရာကို Megapixels တူညီတဲ့ ကင်မရာနှစ်လုံးအ သုံးပြုထားပြီး တစ်ခုမှာတော့ 4-axis OIS, dual pixel နည်းပညာတွေ ကိုထည့်သွင်းပေးထားပြီး နောက်တစ်လုံးကတော့ 2X Optical Zoom အတွက် ထောက်ပံ့ပေးနိုင်တဲ့ပုံစံမျိုး လုပ်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံအရည်အသွေးပိုင်းမှာ ကောင်းမွန်တဲ့အပြင် ရှေ့ကင်မရာကလည်း Megapixels မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။ Infrared face recognition နည်းပညာ ပါဝင်တဲ့အတွက် Phone Lock စနစ်အတွက် မျက်နှာနဲ့ မှတ်သားအသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ CPU, GPU ပိုင်းနဲ့ Chipset ပိုင်းမှာ တော်တော်လေးမြင့် မားကောင်းမွန်တဲ့ ဖုန်းလို့ပြောလို့ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ကလည်း မြင့်မားတဲ့အတွက် ကောင်းမွန်တဲ့ Processor Chipset နဲ့ မြင့်မားတဲ့ RAM တို့ရဲ့ မြန်ဆန်တဲ့ တွဲဖက် လုပ်ဆောင်နိုင်မှုကြောင့် ဖုန်းကိုအသုံး ပြုတဲ့အချိန်မှာ မြန်ဆန်ချောမွေ့မှု ရှိနေပါလိမ့်မယ်။ ကင်မရာပိုင်းမှာဆို ရင်လည်း နောက်ဘက် ကင်မရာတွေရော ရှေ့ကင်မရာပါ Megapixels ကောင်းမွန်တဲ့အတွက် ဓာတ်ပုံရုပ်ထွက်ပိုင်းမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ အသုံးပြုထားတဲ့ Screen ကောင်းမွန်တဲ့အပြင် Resolution ကလည်း ကောင်းမွန်တဲ့အတွက် ကြည်လင်တဲ့မြင်ကွင်းကို ခံစားနိုင်ပါတယ်။ နားကြပ်ပေါက်မပါတဲ့ အချက်တစ်ချက် ရှိနေတဲ့အတွက် နားကြပ်အသုံးပြုမယ်ဆိုရင် ဖုန်းနားကြပ်တွေနဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီပမာဏ ကောင်းမွန်တဲ့အပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ First Charging စနစ်ကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် ဒါကလည်း ကောင်းမွန်တဲ့အချက်ပါပဲ။ Sim Card နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်ပေမယ့် SD Card တော့ ထပ်ထည့်လို့မရနိုင်ပါဘူး။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android 8.1 (Oreo)
CPU Octa-core (4×2.8 GHz Kryo 385 & 4×1.8 GHz Kryo 385)
GPU Adreno 630
Memory Internal 128GB, 6GB RAM , Micro SD No
Camera 12 MP, f/1.8, 1/2.55″, 1.4µm, 4-axis OIS, dual pixel PDAF, 12 MP, f/2.4, 56mm,1/3.4″, 1.0µm, AF, 2x optical zoom, Dual-LED flash, HDR, Front 20 MP, f/2.0
Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct
Bluetooth 5.0, A2DP, LE, aptX HD
Battery Li-Po 3400 mAh Battery

ကိုပြည့်စုံအောင် (စမ်းသပ်အသုံးပြုသူ)

CPU တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ ဖုန်းရဲ့စျေးက အခြားတန်ဖိုးမြင့် သိန်းဆယ် ဂဏန်းလောက်က ဖုန်းတွေနဲ့ ယှဉ်လို့ရလောက်တဲ့ Chipset မျိုးကို သုံးထားတာလည်း တွေ့ရတယ်။ ဖုန်းမှာ RAM ကလည်းများ Chipset နဲ့ Processor ကလည်း ကောင်းတော့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ ပြောစရာသိပ်မရှိ လောက်အောင်ကို မြန်ဆန်တာတွေ့ရတယ်။ ကင်မရာပိုင်းမှာလည်း နောက်ဘက် ကင်မရာရော ရှေ့ကင်မရာတွေကပါ Megapixels ကောင်းတဲ့အပြင် ရုပ်ထွက်ပိုင်းလည်း ကောင်းတာတွေ့ရတယ်။ ဒီဖုန်းကတော့ Memory, Chipset နဲ့ ကင်မရာပိုင်းနဲ့တင် သူ့စျေးနဲ့ တန်တယ်လို့ ပြောလို့ရပါတယ်။

ကိုဝေယံဖြိုး (စမ်းသပ်အသုံးပြုသူ)

Memory ပိုင်း တော်တော်လေးမြင့်တဲ့ အချက်ကိုသဘောကျပါတယ်။ ကင်မရာကောင်းတာ ဓာတ်ပုံပုံထွက်ကောင်းတာကိုလည်း သဘောကျတယ်။ ကျွန်တော်က ဓာတ်ပုံသမားဆိုတော့ ကင်မရာကောင်းတဲ့ဖုန်းကို ကြိုက်သလို ဓာတ်ပုံတွေများများ သိမ်းထားနိုင်ဖို့ အတွက် Memory များတာကိုလည်း ကြိုက်တယ်။ CPU ကလည်း တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရမယ်ထင်တယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်အပိုင်းတွေမှာ တော်တော်လေးမြန်ဆန်တယ်။ Chipset တွေဘာတွေကတော့ ကျွန်တော်လည်း သိပ်တော့ နားမလည်ဘူး။ ဒါပေမယ့် MI 8 ကိုတော့ Memory ကောင်းတာ၊ ကင်မရာကောင်းတာ၊ ဖုန်းကသုံးရတာ မြန်တာရယ်၊ ပြီးတော့ ဒီဇိုင်းလှတဲ့ အချက်တွေကို သဘောကျပါတယ်။

မမိုးစန္ဒာထွေး (စမ်းသပ်အသုံးပြုသူ)

ကင်မရာကောင်းတဲ့ အချက်ကို အရမ်းကြိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ တော်တော်လေးကောင်းပါတယ်။ Memory ပိုင်းမြင့်တာ ကိုလည်း သဘောကျပါတယ်။ Memory များတဲ့အတွက် ဓာတ်ပုံရိုက် ရတာရော၊ ဖုန်းထဲကို ဗီဒီယိုတွေထည့်ပြီး ကြည့်ရတာပါ အဆင်ပြေတယ်။ Screen ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ဆိုတော့ ကြိုက်တယ်။ နားကြပ်သုံးရ ခက်တာကိုတော့ သိပ်မကြိုက်ဘူး။ ဒါပေ မဲ့လည်း အခြားကျန်တဲ့ အချက်တွေကတော့ တော်တော်လေး ကောင်းပါတယ်။