Xiaomi နဲ့ Sony အပါအဝင် OEM ၁၈ ခုက ၂၀၁၉ တွင် 5G စမတ်ဖုန်းများ ထောက်ပံ့မည်

Qualcomm ဟာ 5G ချိတ်ဆက်မှုအပေါ် အရှိန်မြှင့်ဆောင်ရွက်နေမှုများကို ထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ Asus, Fujitsu, HMD Global, HTC, LG, Oppo, Sharp, Sony, vivo, Xiaomi နဲ့ ZTE အပါအဝင် စံသတ်မှတ်ချက် သစ်ထောက်ပံ့ပေးမယ့် OEM ၁၈ ခုထံ Snapdragon X50 modem များ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ထုတ်လုပ်သူတွေဟာ 5G မိုဘိုင်းထုတ်ကုန်များကို ၂၀၁၉ ခုနှစ်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဒီစာရင်းမှာမပါတဲ့ တစ်ခုတည်းသော ကုမ္ပဏီကြီးက Apple ဖြစ်ပါတယ်။ Samsung ကတော့ ပြီးခဲ့တဲ့တစ်ပတ်က Qualcomm နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ထားခဲ့ပါတယ်။

ဒါ့အပြင် AT&T, China Mobile, Orange, SK Telecom, Verizon နဲ့ Vodafone တို့လို ဆက်သွယ်ရေးကုမ္ပဏီတွေက သူတို့ရဲ့ကွန်ရက်တွေကို အကောင်းဆုံးဖြစ်စေမယ့် 5G NR စံသတ်မှတ်ချက်အတွက် စမ်းသပ်မှုတွေကို လုပ်ဆောင်လိမ့်မယ်လို့ ဆန်ဒီယေဂိုကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

5G တိုးတက်မှုတွေကို သရုပ်ပြသဖို့အတွက် Qualcomm က MWC 2018 မှာ သရုပ်ပြသမှုတစ်ရပ် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ထိပ်တန်းအော်ပရေတာတွေနဲ့ 5G NR စမ်းသပ်မှုတွေကို ၂၀၁၈ နှစ်ကုန်မှာ စတင်မယ်ဆိုရင် စမတ်ဖုန်းထုတ်လုပ်သူတွေက အလွန်လျင်မြန်တဲ့ စမတ်ဖုန်းနဲ့ headset တွေကို လာမယ့်နှစ်မှာ မိတ်ဆက်ကြေညာနိုင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena