August 20, 2018

Xiaomi စမတ္ဖုန္းေတြကေန bloatware ေတြကို ဖယ္ရွားႏိုင္မယ့္ နည္းလမ္း

[ Zawgyi ]

Xiaomi ဟာ ဘတ္ဂ်က္စမတ္ဖုန္းေတြနဲ႔အတူ ကမၻာကို တျဖည္းျဖည္းခ်င္း ႀကီးစိုးေနပါတယ္။ ကုမၸဏီအေနနဲ႔ အိႏၵိယနဲ႔ တ႐ုတ္ေစ်းကြက္ကို လႊမ္းမိုးထားသလို အသစ္ထြက္မယ့္ Mi A2 ကလည္း ၂၀၁၈ ခုႏွစ္မွာ လူႀကိဳက္မ်ားတဲ့ ထုတ္ကုန္တစ္ခု ျဖစ္လာႏိုင္တဲ့ အလားအလာေတြ ရိွေနပါတယ္။

ဒါေပမဲ့ Xiaomi သံုးစြဲသူေတြ အၿမဲတေစ ေဝဖန္ေနတဲ့အရာတစ္ခု ရိွပါတယ္။ အဲ့ဒါကေတာ့ bloatware ေတြပါဝင္တဲ့ MIUI ပါ။ Xiaomi ထုတ္ကုန္ေတြကေန အဲ့ဒီ bloatware ေတြကို ဖယ္ရွားခ်င္တယ္ဆိုရင္ ေအာက္ပါနည္းလမ္းအတုိင္း ျပဳလုပ္ႏိုင္ပါတယ္။

– MIUI hidden settings app ကို ဖြင့္ပါ။

– Android version ကို ေရြးပါ။

– Manage Application ကိုႏွိပ္ပါ။

– ကိုယ္ ဖယ္ရွားခ်င္တဲ့ app ေတြကို tap လုပ္ၿပီး “Disable” သို႔မဟုတ္ “Uninstall” ကိုႏွိပ္ပါ။

ဒါဆိုရင္ ဖယ္ရွားဖို႔ခက္ခဲၿပီး အသံုးမလုိတဲ့ app ေတြကို ဖုန္းကေန အလြယ္တကူ ဖယ္ရွားႏိုင္ပါၿပီ။

MIUI hidden settings app ကို ဒီေနရာမွာ download ရယူႏိုင္ပါတယ္။

Ref: FossBytes

[ Unicode ]

Xiaomi ဟာ ဘတ်ဂျက်စမတ်ဖုန်းတွေနဲ့အတူ ကမ္ဘာကို တဖြည်းဖြည်းချင်း ကြီးစိုးနေပါတယ်။ ကုမ္ပဏီအနေနဲ့ အိန္ဒိယနဲ့ တရုတ်စျေးကွက်ကို လွှမ်းမိုးထားသလို အသစ်ထွက်မယ့် Mi A2 ကလည်း ၂၀၁၈ ခုနှစ်မှာ လူကြိုက်များတဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

ဒါပေမဲ့ Xiaomi သုံးစွဲသူတွေ အမြဲတစေ ဝေဖန်နေတဲ့အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ bloatware တွေပါဝင်တဲ့ MIUI ပါ။ Xiaomi ထုတ်ကုန်တွေကနေ အဲ့ဒီ bloatware တွေကို ဖယ်ရှားချင်တယ်ဆိုရင် အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

– MIUI hidden settings app ကို ဖွင့်ပါ။

– Android version ကို ရွေးပါ။

– Manage Application ကိုနှိပ်ပါ။

– ကိုယ် ဖယ်ရှားချင်တဲ့ app တွေကို tap လုပ်ပြီး “Disable” သို့မဟုတ် “Uninstall” ကိုနှိပ်ပါ။

ဒါဆိုရင် ဖယ်ရှားဖို့ခက်ခဲပြီး အသုံးမလိုတဲ့ app တွေကို ဖုန်းကနေ အလွယ်တကူ ဖယ်ရှားနိုင်ပါပြီ။

MIUI hidden settings app ကို ဒီနေရာမှာ download ရယူနိုင်ပါတယ်။

Ref: FossBytes