Xiaomi က ေခါက္စမတ္ဖုန္းကုိ ဗီဒီယိုတစ္ခုနဲ႔ မိတ္ဆက္

[ Zawgyi ]

Xiaomi ရဲ႕ေခါက္စမတ္ဖုန္းကို ကုမၸဏီက ဗီဒီယိုတိုတစ္ခုနဲ႔ မိတ္ဆက္လုိက္ပါတယ္။ Xiaomi ကုိ တြဲဖက္တည္ေထာင္သူနဲ႔ ဥကၠ႒လင္ဘင္ဟာ ႏွစ္ေခါက္ ေခါက္ႏိုင္တဲ့ စမတ္ဖုန္း အေသးစိတ္ကုိ ေဖာ္ျပထားၿပီး တစ္မိနစ္သာသာ ၾကာျမင့္တဲ့ ဗီဒီယိုကုိ Weibo မွာတင္ခဲ့ပါတယ္။ Xiaomi ရဲ႕ေခါက္စမတ္ဖုန္းဟာ ေဘးႏွစ္ဖက္စလုံးကေန ေခါက္ႏိုင္ၿပီး tablet ပုံစံကေန က်စ္လ်စ္တဲ့ဖုန္းပုံစံအျဖစ္ ေျပာင္းလဲႏိုင္ပါတယ္။ အျခား ေခါက္စမတ္ဖုန္းေတြနဲ႔ ဒီဇိုင္းပုိင္း မတူညီပါဘူး။

Xiaomi အေနနဲ႔ ေခါက္စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကုိေတာ့ မေဖာ္ျပခဲ့ပါဘူး။ ဗီဒီယိုထဲမွာပါဝင္တဲ့ ေခါက္စမတ္ဖုန္းကေတာ့ အင္ဂ်င္နီယာေမာ္ဒယ္တစ္မ်ိဳး ျဖစ္ႏိုင္ပါတယ္။ Xiaomi အေနနဲ႔ ေခါက္ႏိုင္တဲ့မ်က္ႏွာျပင္၊ ေပ်ာ႔ေပ်ာင္းတဲ့ကာဗာနည္းပညာ၊ four-wheel drive folding shaft နည္းပညာနဲ႔ MIUI ထည့္သြင္းမႈ စတဲ့ နည္းပညာဆိုင္ရာ အခက္အခဲေတြမ်ားစြာကုိ ေျဖရွင္းႏိုင္ခဲ့တယ္လို႔ လင္ဘင္ကေျဖရွင္းထားပါတယ္။ Xiaomi ဟာ ေခါက္စမတ္ဖုနး္အတြက္ MIUI software ကို အသားက်ေအာင္ ထည့္သြင္းႏိုင္ခဲ့ပါတယ္။

Xiaomi ရဲ႕ေခါက္စမတ္ဖုန္းဓာတ္ပုံေတြဟာ ဒီလအေစာပုိင္းအတြင္း ေပါက္ၾကားထြက္ေပၚေနခဲ့ၿပီး Samsung ရဲ႕ ေခါက္စမတ္ဖုန္းေရွ႕ေျပးပုံစံနဲ႔ တ႐ုတ္ကုမၸဏီ Royole ရဲ႕ေခါက္စမတ္ဖုန္းေတြလို ထုတ္ကုန္ေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ အသင့္ျဖစ္ေနပုံပါပဲ။ Huawei ကလည္း ေခါက္စမတ္ဖုန္းတစ္မ်ိဳးကို မိတ္ဆက္ဖုိ႔ စီစဥ္ေနၿပီး Lenovo ကလည္း ေကြးႏိုင္တဲ့ဖုန္းေတြကို လုပ္ကိုင္ေနတယ္လို႔ မိတ္ဆက္ခဲ့ဖူးပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Xiaomi ရဲ့ခေါက်စမတ်ဖုန်းကို ကုမ္ပဏီက ဗီဒီယိုတိုတစ်ခုနဲ့ မိတ်ဆက်လိုက်ပါတယ်။ Xiaomi ကို တွဲဖက်တည်ထောင်သူနဲ့ ဥက္ကဋ္ဌလင်ဘင်ဟာ နှစ်ခေါက် ခေါက်နိုင်တဲ့ စမတ်ဖုန်း အသေးစိတ်ကို ဖော်ပြထားပြီး တစ်မိနစ်သာသာ ကြာမြင့်တဲ့ ဗီဒီယိုကို Weibo မှာတင်ခဲ့ပါတယ်။ Xiaomi ရဲ့ခေါက်စမတ်ဖုန်းဟာ ဘေးနှစ်ဖက်စလုံးကနေ ခေါက်နိုင်ပြီး tablet ပုံစံကနေ ကျစ်လျစ်တဲ့ဖုန်းပုံစံအဖြစ် ပြောင်းလဲနိုင်ပါတယ်။ အခြား ခေါက်စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်း မတူညီပါဘူး။

Xiaomi အနေနဲ့ ခေါက်စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ ဗီဒီယိုထဲမှာပါဝင်တဲ့ ခေါက်စမတ်ဖုန်းကတော့ အင်ဂျင်နီယာမော်ဒယ်တစ်မျိုး ဖြစ်နိုင်ပါတယ်။ Xiaomi အနေနဲ့ ခေါက်နိုင်တဲ့မျက်နှာပြင်၊ ပျော့ပျောင်းတဲ့ကာဗာနည်းပညာ၊ four-wheel drive folding shaft နည်းပညာနဲ့ MIUI ထည့်သွင်းမှု စတဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေများစွာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ လင်ဘင်ကဖြေရှင်းထားပါတယ်။ Xiaomi ဟာ ခေါက်စမတ်ဖုနး်အတွက် MIUI software ကို အသားကျအောင် ထည့်သွင်းနိုင်ခဲ့ပါတယ်။

Xiaomi ရဲ့ခေါက်စမတ်ဖုန်းဓာတ်ပုံတွေဟာ ဒီလအစောပိုင်းအတွင်း ပေါက်ကြားထွက်ပေါ်နေခဲ့ပြီး Samsung ရဲ့ ခေါက်စမတ်ဖုန်းရှေ့ပြေးပုံစံနဲ့ တရုတ်ကုမ္ပဏီ Royole ရဲ့ခေါက်စမတ်ဖုန်းတွေလို ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပုံပါပဲ။ Huawei ကလည်း ခေါက်စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ဖို့ စီစဉ်နေပြီး Lenovo ကလည်း ကွေးနိုင်တဲ့ဖုန်းတွေကို လုပ်ကိုင်နေတယ်လို့ မိတ်ဆက်ခဲ့ဖူးပါတယ်။

Ref: TheVerge