September 20, 2018

Xbox ဂိမ်းစက်သစ်ကို ၂၀၂၀ တွင် မိတ်ဆက်ရန် Microsoft စီစဉ်နေ

Microsoft ဟာ Xbox ဂိမ်းစက်သစ်ကို ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Xbox အကြီးအကဲ Phil Spencer က ကုမ္ပဏီအနေနဲ့ Xbox ဂိမ်းစက်သစ်တွေအတွက် ဖန်တီးနေကြောင်း မကြာသေးခင်က ပြောကြားခဲ့တဲ့နောက် အဆိုပါ Xbox ဂိမ်းစက်သစ်တွေကို ၂၀၂၀ ခုနှစ်မှာ တွေ့မြင်ရမယ်လို့ Brad Sams က Thurrott.com မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Microsoft ရဲ့ Xbox ဂိမ်းစက်သစ် codename က Scarlett ဖြစ်ပြီး ထုတ်ကုန်တစ်ခုထက် ပိုမိုနိုင်တယ်လို့လည်း Brad Sams က ရေးသားခဲ့ပါတယ်။

Microsoft ရဲ့ မျိုးဆက်သစ် Xbox ဂိမ်းစက်တွေမှာ လက်ရှိ Xbox One ဂိမ်းတွေကို ကစားနိုင်မယ့် အထောက်အပံ့ ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှာ Xbox ဂိမ်းစက်သစ်နဲ့အတူ တွေ့မြင်ရဖွယ်ရှိတဲ့ အခြားထုတ်ကုန်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

-နောင်နောင်
Ref: TheVerge