September 20, 2018

Wreckfest

[ Zawgyi ]

Need for Speed ပဲ ေမာင္းေနရတာ ပ်င္းေနၿပီလား၊ DeathRace ဇာတ္ကားထဲကလို ကားေတြကို ကိုယ့္စိတ္ႀကိဳက္ ျပင္ဆင္ဖန္တီး၊ ၿပီးရင္ ၿပိဳင္ေမာင္း၊ လမ္းမွာအခ်င္းခ်င္းတိုက္ ခိုက္ရင္း ခပ္ၾကမ္းၾကမ္းကား ေမာင္းၿပိဳင္ခ်င္သူေတြအတြက္ Wreckfest ဂိမ္းသစ္လာပါၿပီ။ DeathRace န႔ဲ မတူတာဆိုလုိ႔ ကားေတြမွာ ေသနတ္လို လက္နက္ေတြ မပါတာကလြဲရင္ ကားေတြကို အၾကမ္းခံႏိုင္ေအာင္ စိတ္ႀကိဳက္ ျပင္ဆင္ၿပီး ၿပိဳင္ပြဲဝင္ရမွာပါ။ တိုက္ကားေမာင္းသလိုပဲ ၿပိဳင္ပြဲမွာမိမိအႏုိင္ရဖို႔ အျခားၿပိဳင္ဘက္ ကားေတြထက္ ျမန္ဖို႔လိုအပ္သလို ၿပိဳင္ဘက္ကားေတြကို ေနာက္ထပ္ ကိုယ့္ကို ၿပိဳင္ဆိုင္မလာေအာင္ ပြဲသိမ္းေပးလိုက္ဖို႔လည္း လိုအပ္ပါတယ္။ ကိုယ့္ကားနား ကပ္လာသမွ် ၿပိဳင္ကားေတြကို တိုက္ဖယ္ၿပီး လမ္းေဘးေရာက္ေအာင္ ပို႔ေပးလိုက္ပါ။ မဟုတ္ရင္လည္း တျခားကားေတြနဲ႔ တိုက္မိၿပီးဆက္ မၿပိဳင္ႏုိင္ေအာင္ ဇာတ္သိမ္းေပးလိုက္ေပါ့။

ဂိမ္းရဲ႕ စာသားကိုက Drive Hard. Die Last တဲ့ဗ်ာ။ ျမန္ျမန္ေမာင္း၊ ေနာက္ဆံုးအထိ ရွင္သန္ႏိုင္ေအာင္ ႀကိဳးစားရမယ္။ ဒီပတ္လမ္း ေမာင္းကားၿပိဳင္ပြဲထဲမွာ အခ်င္းခ်င္း Multi အေနနဲ႔လည္း ကစားႏုိင္သလို Single အေနနဲ႔လည္း ကစားလို႔ရတယ္။ ၿပိဳင္ပြဲဝင္ ကားအခ်င္းခ်င္း တိုက္ခိုက္ၿပိဳင္ဆိုင္ ေမာင္းႏွင္႐ံုတင္ မဟုတ္ေသးပဲ ၿပိဳင္ပြဲထဲမွာဗီလိန္ ကားႀကီး တစ္စင္းလည္း ထည့္ေပးထား
ေသးတယ္။ ဒီကားႀကီးက လမ္း ရွင္းကားႀကီး၊ သံမဏိေတြနဲ႔ အခိုင္အခန္႔ ဖန္တီးထားတာ၊ ၿပိဳင္ပြဲ၀င္ ကားေတြထက္ ၅ စီးစာ ေလာက္ ပိုႀကီးတဲ့ ကားႀကီးကိုပါ ရွင္းထုတ္ႏုိင္ၿပီးမွ သင့္အေနနဲ႔ အႏုိင္ရမယ္။ ဒီေတာ့ တစ္စီးခ်င္း ၿပိဳင္တိုက္ဖို႔ေတာ့ မလြယ္ဘူး ေပါ့။ Multi သမားေတြက ေပါင္းၿပီး အခုကားႀကီးကို ရွင္းထုတ္ဖုိ႔ လြယ္ေပမယ့္ Single ကစားသူ ေတြကေတာ့ စိန္ေခၚမႈ ပိုႀကီး သြားၿပီေပါ့။
ပံုမွန္ ပတ္လမ္းေမာင္း ၿပိဳင္ပြဲအေနနဲ႔လည္း ေမာင္းႏိုင္တယ္၊ ႏွစ္ေယာက္တည္းပံုစံ ႏွစ္စီးတည္း လည္း ၿပိဳင္ႏုိင္တယ္၊ ပတ္လမ္းနဲ႔ ဝန္းက်င္ အေနအထားေတြလည္း ေျပာင္းလဲကစားႏုိင္မွာပါ။ ကားေရြးခ်ယ္ႏုိင္တယ္၊ Auto နဲ႔ ေမာင္းမလား Manual နဲ႔ ေမာင္းမလား၊ ဂီယာစနစ္ပါ ေရြးႏုိင္ေသးတယ္။ ၿပီးေတာ့ လမ္းေၾကာင္းေရြးၿပီး ေမာင္း လို႔ရပါၿပီ။ ပြဲေတြႏိုင္္လို႔ရလာတဲ့ ေငြနဲ႔ ကားေတြ ဝယ္ထားႏုိင္သလို ျပန္ေရာင္းလို႔ လည္း ရပါတယ္။ စိတ္ႀကိဳက္ဖန္တီး တပ္ဆင္မႈေတြလည္း လုပ္ေဆာင္ႏုိ္င္ဦးမွာပါ။ ဘယ္ Item ကို ထည့္လုိက္လုိ႔ ဘယ္လို စြမ္းေဆာင္ရည္ တက္လာမယ္လုိ႔ ပံုေသနည္းမရွိဘဲ မိမိသေဘာက်ရာကို စိတ္ႀကိဳက္ တပ္ဆင္ ဖန္တီးၿပီး ၿပိဳင္ပြဲဝင္ႏုိင္မွာ
ပါ။ အၾကမ္းခံ ဦးစားေပးတပ္ဆင္မွာလား၊ အျမန္ႏႈန္းဦးစားေပးလား၊ မိမိစိတ္ႀကိဳက္ေပါ့။

ဂိမ္းမွာ အေကာင္းဆံုး သေဘာက်စရာေကာင္းတဲ့ အခ်က္က ႐ုပ္ထြက္ပါ။ တကယ့္ ႐ုပ္ရွင္ကားထဲက ပတ္ဝန္းက်င္နဲ႔ ကားေတြကို ျမင္ေနရသလို ႐ုပ္ထြက္က ေကာင္းလြန္းတယ္၊ ကားတစ္စီးနဲ႔ တစ္စီးတိုက္မိလို႔ အပိုင္းအစေတြ လြင့္ထြက္တဲ့ အခန္းေတြမွာေတာင္ ႐ုပ္ထြက္က ပီျပင္လြန္းပါတယ္။ စိတ္ႀကိဳက္ျဖစ္မိပါတယ္။ အခုေလာေလာ ဆယ္မွာေတာ့ Wins သမားအတြက္ပဲ ထြက္ထားေသးတယ္ ဆိုေပမယ့္ ျပည္တြင္းမွာက ကြန္ပ်ဴတာနဲ႔ ဂိမ္းကစားသူမ်ား ေတာ့ အဆင္ေျပပါတယ္။ Console သမားေတြအတြက္ကေတာ့ ခဏေစာင့္ပါ။ PS4 နဲ႔ Xbox One သမားေတြအတြက္ လာမယ့္ ႏိုဝင္ဘာလထဲမွာ Version အသစ္ထြက္လာပါလိမ့္မယ္။ အခုႏွစ္ ဝက္ေက်ာ္ ကာလအထိေတာ့ ကားၿပိဳင္ပြဲဂိမ္းေတြထဲမွာ အေကာင္းဆံုးဂိမ္းအျဖစ္ သတ္မွတ္ ခံထားရပါတယ္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

Need for Speed ပဲ မောင်းနေရတာ ပျင်းနေပြီလား၊ DeathRace ဇာတ်ကားထဲကလို ကားတွေကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ဖန်တီး၊ ပြီးရင် ပြိုင်မောင်း၊ လမ်းမှာအချင်းချင်းတိုက် ခိုက်ရင်း ခပ်ကြမ်းကြမ်းကား မောင်းပြိုင်ချင်သူတွေအတွက် Wreckfest ဂိမ်းသစ်လာပါပြီ။ DeathRace နဲ့ မတူတာဆိုလို့ ကားတွေမှာ သေနတ်လို လက်နက်တွေ မပါတာကလွဲရင် ကားတွေကို အကြမ်းခံနိုင်အောင် စိတ်ကြိုက် ပြင်ဆင်ပြီး ပြိုင်ပွဲဝင်ရမှာပါ။ တိုက်ကားမောင်းသလိုပဲ ပြိုင်ပွဲမှာမိမိအနိုင်ရဖို့ အခြားပြိုင်ဘက် ကားတွေထက် မြန်ဖို့လိုအပ်သလို ပြိုင်ဘက်ကားတွေကို နောက်ထပ် ကိုယ့်ကို ပြိုင်ဆိုင်မလာအောင် ပွဲသိမ်းပေးလိုက်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ကားနား ကပ်လာသမျှ ပြိုင်ကားတွေကို တိုက်ဖယ်ပြီး လမ်းဘေးရောက်အောင် ပို့ပေးလိုက်ပါ။ မဟုတ်ရင်လည်း တခြားကားတွေနဲ့ တိုက်မိပြီးဆက် မပြိုင်နိုင်အောင် ဇာတ်သိမ်းပေးလိုက်ပေါ့။

ဂိမ်းရဲ့ စာသားကိုက Drive Hard. Die Last တဲ့ဗျာ။ မြန်မြန်မောင်း၊ နောက်ဆုံးအထိ ရှင်သန်နိုင်အောင် ကြိုးစားရမယ်။ ဒီပတ်လမ်း မောင်းကားပြိုင်ပွဲထဲမှာ အချင်းချင်း Multi အနေနဲ့လည်း ကစားနိုင်သလို Single အနေနဲ့လည်း ကစားလို့ရတယ်။ ပြိုင်ပွဲဝင် ကားအချင်းချင်း တိုက်ခိုက်ပြိုင်ဆိုင် မောင်းနှင်ရုံတင် မဟုတ်သေးပဲ ပြိုင်ပွဲထဲမှာဗီလိန် ကားကြီး တစ်စင်းလည်း ထည့်ပေးထား
သေးတယ်။ ဒီကားကြီးက လမ်း ရှင်းကားကြီး၊ သံမဏိတွေနဲ့ အခိုင်အခန့် ဖန်တီးထားတာ၊ ပြိုင်ပွဲဝင် ကားတွေထက် ၅ စီးစာ လောက် ပိုကြီးတဲ့ ကားကြီးကိုပါ ရှင်းထုတ်နိုင်ပြီးမှ သင့်အနေနဲ့ အနိုင်ရမယ်။ ဒီတော့ တစ်စီးချင်း ပြိုင်တိုက်ဖို့တော့ မလွယ်ဘူး ပေါ့။ Multi သမားတွေက ပေါင်းပြီး အခုကားကြီးကို ရှင်းထုတ်ဖို့ လွယ်ပေမယ့် Single ကစားသူ တွေကတော့ စိန်ခေါ်မှု ပိုကြီး သွားပြီပေါ့။
ပုံမှန် ပတ်လမ်းမောင်း ပြိုင်ပွဲအနေနဲ့လည်း မောင်းနိုင်တယ်၊ နှစ်ယောက်တည်းပုံစံ နှစ်စီးတည်း လည်း ပြိုင်နိုင်တယ်၊ ပတ်လမ်းနဲ့ ဝန်းကျင် အနေအထားတွေလည်း ပြောင်းလဲကစားနိုင်မှာပါ။ ကားရွေးချယ်နိုင်တယ်၊ Auto နဲ့ မောင်း မလား Manual နဲ့ မောင်းမလား၊ ဂီယာစနစ်ပါ ရွေးနိုင်သေးတယ်။ ပြီးတော့ လမ်းကြောင်းရွေးပြီး မောင်း လို့ရပါပြီ။ ပွဲတွေနိုင််လို့ရလာတဲ့ ငွေနဲ့ ကားတွေ ဝယ်ထားနိုင်သလို ပြန်ရောင်းလို့ လည်း ရပါတယ်။ စိတ်ကြိုက်ဖန်တီး တပ်ဆင်မှုတွေလည်း လုပ်ဆောင်နို်င်ဦးမှာပါ။ ဘယ် Item ကို ထည့်လိုက်လို့ ဘယ်လို စွမ်းဆောင်ရည် တက်လာမယ်လို့ ပုံသေနည်းမရှိဘဲ မိမိသဘောကျရာကို စိတ်ကြိုက် တပ်ဆင် ဖန်တီးပြီး ပြိုင်ပွဲဝင်နိုင်မှာ
ပါ။ အကြမ်းခံ ဦးစားပေးတပ်ဆင်မှာလား၊ အမြန်နှုန်းဦးစားပေး လား၊ မိမိစိတ်ကြိုက်ပေါ့။

ဂိမ်းမှာ အကောင်းဆုံး သဘောကျစရာကောင်းတဲ့ အချက်က ရုပ်ထွက်ပါ။ တကယ့် ရုပ်ရှင်ကားထဲက ပတ်ဝန်းကျင်နဲ့ ကားတွေကို မြင်နေရသလို ရုပ်ထွက်က ကောင်းလွန်းတယ်၊ ကားတစ်စီးနဲ့ တစ်စီးတိုက်မိလို့ အပိုင်းအစတွေ လွင့်ထွက်တဲ့ အခန်းတွေမှာတောင် ရုပ်ထွက်က ပီပြင်လွန်းပါတယ်။ စိတ်ကြိုက်ဖြစ်မိပါတယ်။ အခုလောလော ဆယ်မှာတော့ Wins သမားအတွက်ပဲ ထွက်ထားသေးတယ် ဆိုပေမယ့် ပြည်တွင်းမှာက ကွန်ပျူတာနဲ့ ဂိမ်းကစားသူများ တော့ အဆင်ပြေပါတယ်။ Console သမားတွေအတွက်ကတော့ ခဏစောင့်ပါ။ PS4 နဲ့ Xbox One သမားတွေအတွက် လာမယ့် နိုဝင်ဘာလထဲမှာ Version အသစ်ထွက်လာပါလိမ့်မယ်။ အခုနှစ် ၀က်ကျော် ကာလအထိတော့ ကားပြိုင်ပွဲဂိမ်းတွေထဲမှာ အကောင်းဆုံးဂိမ်းအဖြစ် သတ်မှတ် ခံထားရပါတယ်။