World Robot Olympaid 2018 ၿပိဳင္ပဲြ အေတြ႕အႀကံဳ ရွင္းလင္းပြဲျပဳလုပ္

[ Zawgyi ]

ထိုင္းႏုိင္ငံ၊ ခ်င္းမုိင္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ World Robot Olympaid 2018 ၿပိဳင္ပဲြမွာ င္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ လူငယ္ေတြရဲ႕ ၿပိဳင္ပြဲဝင္အေတြ႕အႀကံဳရွင္းလင္းပြဲတစ္ရပ္ကို Olympic Hotel မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ဒီၿပိဳင္ပြဲကို ကမၻာ့ႏုိင္ငံေပါင္း ၆၃ ႏိုင္ငံမွ ၿပိဳင္ပြဲဝင္အသင္းေပါင္း ၂၂,၀၀၀ ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ တစ္ဖြဲ႕ကို ၃ ေယာက္ႏႈန္းနဲ႔ ၄ ဖြဲ႕သြားေရာက္ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုသြားေရာက္ ယွဥ္ၿပိဳင္ဖို႔အတြက္ Fun and learn Education Center မွ National organizer အျဖစ္ စီစဥ္ေပးခဲ့တာ ျဖစ္ပါတယ္။ World Robot Olympaid ၿပိဳင္ပဲြေတြကို ၂၀၀၄ မွစတင္ကာ ႏိုဝင္ဘာလမွာ က်င္းပေလ့ရွိၿပီး ယခုႏွစ္အတြက္ကိုေတာ့ လူသားမ်ား ရွင္သန္ႀကီးျပင္းျခင္း၊ မွ်ေ၀ေနထုိင္ျခင္းနဲ႔ အစားအေသာက္မ်ား ေဝငွစားသံုးျခင္းကုိ ရည္ရြယ္တဲ့ Food Matters ေခါင္းစဥ္နဲ႔ က်င္းပခဲ့ ျခင္းျဖစ္ပါတယ္။

“ပထမဦးဆုံးယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲျဖစ္တဲ့အတြက္ အေတြ႕အႀကဳံေတြ အမ်ားႀကီးရရွိခဲ့ပါတယ္၊ ျပင္ဆင္ခ်ိန္နည္းခဲ့တာေတာင္ ကမာၻ႔အဆင့္ ၄၀ မွာ အဆင့္ ၃၀ ရရွိခဲ့တယ္။ ၿပိဳင္ပြဲမွာ သိရွိခဲ့တာက လူငယ္ေတြက နည္းပညာတစ္ခုတည္း မဟုတ္ေတာ့ဘဲ လက္မႈပညာပါ ထြန္းကားလာတာကို ေတြ႕ရတယ္။ သူမ်ားႏိုင္ငံမွာ လူငယ္ေတြက Arts ကိုပါ ျပဳလုပ္လာတယ္။ ယေန႔ေခတ္ ႏိုင္ငံေတာ္ေတာ္မ်ားမွာ STEM ပညာေရးကို အထူးတလည္ အားေပးေနတာေတြ႔ရၿပီး STEM နည္းပညာရပ္မၽားကို လက္ေတြ႕ေလာကနဲ႔ ဆက္စပ္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနၾကတာကိုလည္း ေတြ႔ေနရပါတယ္။ ဒီက လူငယ္ေတြလည္း လက္ေတြ႕ လုပ္ရတဲ့အလုပ္ေတြ အမ်ားႀကီးရွိလာတယ္ဆိုတာ သိသြားတယ္” လို႔ ILBC ေက်ာင္းမွ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ေက်ာင္းသား/သူမ်ားကို Coach အျဖစ္ ေဆာင္ရြက္ေပးခဲ့သူ ကိုမ်ိဳးမင္းသူက ေျပာၾကားခဲ့ပါတယ္။

STEM ဆိုသည္မွာ ေက်ာင္းေတြမွာ ပုံမွန္သင္ၾကားလ်က္ရွိတဲ့ သမား႐ိုးက်ဘာသာရပ္ေတြ အေပၚမွာ ထပ္မံေပါင္းစပ္ ထည့္သြင္းသင္ၾကားႏုိင္တဲ့ သိပၸံ (Science)၊ နည္းပညာ (Technology)၊ စက္မႈပညာ (Engineering)၊ သခ်ၤာ (Mathematics) ပညာရပ္ကိုေပါင္းစပ္ထားတဲ့ ဘာသာရပ္အသစ္ျဖစ္ပါတယ္။ ကေလးသူငယ္ေတြရဲ႕ မိမိကိုယ္ကို ယုံၾကည္မႈ၊ ဆန္းစစ္ေဝဖန္ႏႈိင္းခ်ိန္ျခင္းနဲ႔ ျပႆနာေျဖရွင္းျခင္းေတြမွာ ပူးေပါင္းေဆာင္ရြက္ ႐ိုင္းပင္းကူညီတတ္ဖို႔နဲ႔ လက္ေတြ႔ ဘဝကိုေျဖရွင္းႏိုင္ေစတဲ့ ပညာရပ္တစ္ခုလည္း ျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ World Robot Olympaid 2018 ပြိုင်ပွဲမှာ င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်တွေရဲ့ ပြိုင်ပွဲဝင်အတွေ့အကြုံရှင်းလင်းပွဲတစ်ရပ်ကို Olympic Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၆၃ နိုင်ငံမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၂၂,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တစ်ဖွဲ့ကို ၃ ယောက်နှုန်းနဲ့ ၄ ဖွဲ့သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသွားရောက် ယှဉ်ပြိုင်ဖို့အတွက် Fun and learn Education Center မှ National organizer အဖြစ် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ World Robot Olympaid ပြိုင်ပွဲတွေကို ၂၀၀၄ မှစတင်ကာ နိုဝင်ဘာလမှာ ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက်ကိုတော့ လူသားများ ရှင်သန်ကြီးပြင်းခြင်း၊ မျှဝေနေထိုင်ခြင်းနဲ့ အစားအသောက်များ ဝေငှစားသုံးခြင်းကို ရည်ရွယ်တဲ့ Food Matters ခေါင်းစဉ်နဲ့ ကျင်းပခဲ့ ခြင်းဖြစ်ပါတယ်။

“ပထမဦးဆုံးယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပါတယ်၊ ပြင်ဆင်ချိန်နည်းခဲ့တာတောင် ကမ္ဘာ့အဆင့် ၄၀ မှာ အဆင့် ၃၀ ရရှိခဲ့တယ်။ ပြိုင်ပွဲမှာ သိရှိခဲ့တာက လူငယ်တွေက နည်းပညာတစ်ခုတည်း မဟုတ်တော့ဘဲ လက်မှုပညာပါ ထွန်းကားလာတာကို တွေ့ရတယ်။ သူများနိုင်ငံမှာ လူငယ်တွေက Arts ကိုပါ ပြုလုပ်လာတယ်။ ယနေ့ခေတ် နိုင်ငံတော်တော်များမှာ STEM ပညာရေးကို အထူးတလည် အားပေးနေတာတွေ့ရပြီး STEM နည်းပညာရပ်များကို လက်တွေ့လောကနဲ့ ဆက်စပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဒီက လူငယ်တွေလည်း လက်တွေ့ လုပ်ရတဲ့အလုပ်တွေ အများကြီးရှိလာတယ်ဆိုတာ သိသွားတယ်” လို့ ILBC ကျောင်းမှ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား/သူများကို Coach အဖြစ် ဆောင်ရွက်ပေးခဲ့သူ ကိုမျိုးမင်းသူက ပြောကြားခဲ့ပါတယ်။

STEM ဆိုသည်မှာ ကျောင်းတွေမှာ ပုံမှန်သင်ကြားလျက်ရှိတဲ့ သမားရိုးကျဘာသာရပ်တွေ အပေါ်မှာ ထပ်မံပေါင်းစပ် ထည့်သွင်းသင်ကြားနိုင်တဲ့ သိပ္ပံ (Science)၊ နည်းပညာ (Technology)၊ စက်မှုပညာ (Engineering)၊ သချင်္ာ (Mathematics) ပညာရပ်ကိုပေါင်းစပ်ထားတဲ့ ဘာသာရပ်အသစ်ဖြစ်ပါတယ်။ ကလေးသူငယ်တွေရဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ ဆန်းစစ်ဝေဖန်နှိုင်းချိန်ခြင်းနဲ့ ပြဿနာဖြေရှင်းခြင်းတွေမှာ ပူးပေါင်းဆောင်ရွက် ရိုင်းပင်းကူညီတတ်ဖို့နဲ့ လက်တွေ့ ဘဝကိုဖြေရှင်းနိုင်စေတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။