Wireless Power Bank

[ Zawgyi ]


-အောင်သက်ကို

[ Unicode ]

စမတ်ဖုန်းကို ကြိုးမဲ့အားပြန်သွင်းနိုင်မယ့် Remax အမှတ်တံဆိပ် Jelly Power Bank ဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်မှုက 10000mAh ဖြစ်တဲ့အတွက် စမတ်ဖုန်းကို အားအပြည့် နှစ်ကြိမ်ခန့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ USB Port ပါဝင်တဲ့အတွက် ကြိုးမဲ့အားသွင်းခြင်းအပြင် USB Port ကနေတစ်ဆင့် အားသွင်းနိုင်မှာဖြစ်ပါတယ်။ Intelligent Chipset ပါဝင်တဲ့အတွက် စမတ်ဖုန်းအားပြည့်ပါက အားသွင်းတာရပ်ပေးမှာ ဖြစ်ပါတယ်။ iPhone 8, iPhoneX နဲ့ ကြိုးမဲ့အားပြန်သွင်းနိုင်တဲ့ မည်သည့်စမတ်ဖုန်းတွေနဲ့ မဆို အားသွင်းနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၃၀,၀၀၀ ကျပ်ဖြစ်ပြီး Remax အရောင်းပြခန်း ဖုန်း-၀၉ ၂၅၉၉၁၁၉၀၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။