Wireless Charging Stand

[ Zawgyi ]


-အောင်သက်ကို

[ Unicode ]

စမတ်ဖုန်းကို ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် Rock အမှတ်တံဆိပ် Wireless Charging Stand ဖြစ်ပါတယ်။ Dual Coil နဲ့ Fast Charge ဖြစ်တာကြောင့် ဖုန်းအားသွင်းရာမှာ မြန်ဆန်မှုရှိစေမှာ ဖြစ်ပါတယ်။ ဒေါင်လိုက်အနေနဲ့ အားသွင်းနိုင်ရုံသာမက အလျားလိုက်အနေအထားနဲ့လည်း အားသွင်းနိုင်ပါတယ်။ အားသွင်း ကြာလာတာနဲ့အမျှ အပူချိန်မြင့်လာမှုကို လျှော့ချပေးမယ့် High Efficiency System ကိုလည်း ထည့်သွင်းပေးထားပါတယ်။ iPhone X, iPhone XS, iPhone XS Max, Samsung Galaxy S9, Note 9 စတဲ့ ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်တဲ့ မည်သည့်ဖုန်းကိုမဆို အားသွင်းနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၂၃,၀၀၀ ကျပ် ဖြစ်ပြီး Rock Myanmar ဖုန်း-၀၉ ၄၂၀၄၅၀၀၀၁ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။