Windows 10 အတြက္ Snapdragon 8cx chipset ေတြကုိ Qualcomm မိတ္ဆက္

[ Zawgyi ]

ဟာဝိုင္ရီျပည္နယ္မွာ ျပဳလုပ္ခဲ့တဲ့ Snapdragon Summit မွာ Qualcomm ဟာ Windows 10 ကြန္ပ်ဴတာေတြအတြက္ ထုတ္လုပ္ထားတဲ့ Snapdragon 8cx chipset ေတြ မိတ္ဆက္ခဲ့ပါတယ္။ Snapdragon 8cx ဟာ Snapdragon 850 ေနရာကို ဆက္ခံသြားမွာ ျဖစ္ပါတယ္။

Qualcomm ရဲ႕ Snapdragon 8cx ဟာ Windows 10 ကြန္ပ်ဴတာေတြအတြက္ အထူးတည္ေဆာက္ထားတဲ့ ကုမၸဏီရဲ႕ ပထမဆုံး SoC ျဖစ္ပါတယ္။ Snapdragon 8cx ကို 7nm လုပ္ငန္းစဥ္နဲ႔ ဖန္တီးထားၿပီး လာမယ့္ႏွစ္ တတိယသုံးလပတ္အတြင္း ထြက္ရွိမယ့္ ထုတ္ကုန္ေတြမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

Snapdragon 8cx ရဲ႕စြမ္းေဆာင္ရည္ဟာ Snapdragon 850 ထက္ ႏွစ္ဆျမန္ဆန္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Snapdragon 8cx ရဲ႕စြမ္းေဆာင္ရည္ဟာ Windows ARM app ေတြမွာ အသုံးျပဳရင္ Intel Core i5 U-series CPU စြမ္းေဆာင္ရည္ကို ယွဥ္ၿပိဳင္ႏိုင္တယ္လို႔ Qualcomm ကေျပာထားပါတယ္။

Snapdragon 8cx ရဲ႕ Adreno 680 GPU အေနနဲ႔ 4K HDR display ႏွစ္လုံးကုိ ထိန္းေက်ာင္းႏိုင္ၿပီး 120fps က 4K HDR video playback အတြက္ hardware acceleration ေတြပါဝင္လာပါတယ္။ Snapdragon 8cx ရဲ႕ CPU core ေတြကေတာ့ Kryo 495 ျဖစ္သလို download နဲ႔ upload ျမန္ႏႈန္း 2Gbps နဲ႔ 316Mbps အထိ ေပးႏိုင္တဲ့ X24 Cat.20 LTE modem လည္းပါဝင္ပါတယ္။

တတိယေျမာက္မ်ိဳးဆက္ PCI-E နဲ႔ ဒုတိယေျမာက္ မ်ိဳးဆက္ USB 3.1 ေထာက္ပံ့ေပးထားၿပီး NVME SSD ေထာက္ပံ့မႈလည္း ပါဝင္လာပါတယ္။ Snapdragon 8cx မွာပါဝင္တဲ့ Hexagon 685 DSP ကလည္း Cortana နဲ႔ Alexa အတြက္ အသံအေထာက္အပံ့ေပးႏိုင္သလို Qualcomm ရဲ႕ စတုတၳမ်ိဳးဆက္ AI engine လည္း ပါဝင္လာပါတယ္။ ဒါ့အျပင္ Bluetooth 5.0 နဲ႔ Quick Charge 4+ လည္း ပါဝင္လာပါေသးတယ္။

Qualcomm ရဲ႕ Snapdragon 8cx ဟာ အျမန္ဆန္းဆုံး ခ်စ္ပ္ျဖစ္လာႏိုင္ၿပီး laptop နဲ႔ 2-in-1 ထုတ္ကုန္ေတြမွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ကုိ ေပးလာႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ဟာဝိုင်ရီပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ Snapdragon Summit မှာ Qualcomm ဟာ Windows 10 ကွန်ပျူတာတွေအတွက် ထုတ်လုပ်ထားတဲ့ Snapdragon 8cx chipset တွေ မိတ်ဆက်ခဲ့ပါတယ်။ Snapdragon 8cx ဟာ Snapdragon 850 နေရာကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

Qualcomm ရဲ့ Snapdragon 8cx ဟာ Windows 10 ကွန်ပျူတာတွေအတွက် အထူးတည်ဆောက်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး SoC ဖြစ်ပါတယ်။ Snapdragon 8cx ကို 7nm လုပ်ငန်းစဉ်နဲ့ ဖန်တီးထားပြီး လာမယ့်နှစ် တတိယသုံးလပတ်အတွင်း ထွက်ရှိမယ့် ထုတ်ကုန်တွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Snapdragon 8cx ရဲ့စွမ်းဆောင်ရည်ဟာ Snapdragon 850 ထက် နှစ်ဆမြန်ဆန်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Snapdragon 8cx ရဲ့စွမ်းဆောင်ရည်ဟာ Windows ARM app တွေမှာ အသုံးပြုရင် Intel Core i5 U-series CPU စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်နိုင်တယ်လို့ Qualcomm ကပြောထားပါတယ်။

Snapdragon 8cx ရဲ့ Adreno 680 GPU အနေနဲ့ 4K HDR display နှစ်လုံးကို ထိန်းကျောင်းနိုင်ပြီး 120fps က 4K HDR video playback အတွက် hardware acceleration တွေပါဝင်လာပါတယ်။ Snapdragon 8cx ရဲ့ CPU core တွေကတော့ Kryo 495 ဖြစ်သလို download နဲ့ upload မြန်နှုန်း 2Gbps နဲ့ 316Mbps အထိ ပေးနိုင်တဲ့ X24 Cat.20 LTE modem လည်းပါဝင်ပါတယ်။

တတိယမြောက်မျိုးဆက် PCI-E နဲ့ ဒုတိယမြောက် မျိုးဆက် USB 3.1 ထောက်ပံ့ပေးထားပြီး NVME SSD ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။ Snapdragon 8cx မှာပါဝင်တဲ့ Hexagon 685 DSP ကလည်း Cortana နဲ့ Alexa အတွက် အသံအထောက်အပံ့ပေးနိုင်သလို Qualcomm ရဲ့ စတုတ္ထမျိုးဆက် AI engine လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် Bluetooth 5.0 နဲ့ Quick Charge 4+ လည်း ပါဝင်လာပါသေးတယ်။

Qualcomm ရဲ့ Snapdragon 8cx ဟာ အမြန်ဆန်းဆုံး ချစ်ပ်ဖြစ်လာနိုင်ပြီး laptop နဲ့ 2-in-1 ထုတ်ကုန်တွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးလာနိုင်ပါတယ်။

Ref: GSMArena