WiFi Direct နည္းပညာ

[ Zawgyi ]

WiFi Direct ဆိုတာက ေတာ့ WiFi စနစ္ ေထာက္ပံ့ပါ၀င္တဲ့ မိုဘုိင္းထုတ္ကုန္ အခ်င္းခ်င္း အလြယ္တကူ ဆက္သြယ္ႏုိင္တဲ့ ႀကိဳးမဲ့ခ်ိတ္ဆက္မႈ နည္းပညာတစ္ခုပဲ ျဖစ္ပါတယ္။ ဒီနည္းပညာက စမတ္ဖုန္းရဲ႕ WiFi စနစ္က တစ္ဆင့္ တျခားေသာ WiFi စနစ္ ေထာက္ပံ့ပါ၀င္တဲ့ Printer,Notebook, Netbook, Tablet PC စတာေတြကို ဖုန္းကေန အခ်က္အလက္ဖုိင္ေတြ အလြယ္တကူ ကူးေျပာင္းတာမ်ဳိးနဲ႔ Print ထုတ္တာမ်ဳိးေတြကို အလြယ္တကူ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

WiFi Direct စနစ္ ေထာက္ပံ့ပါ၀င္တဲ့ ထုတ္ကုန္အခ်င္းခ်င္း WiFi ႀကိဳးမဲ့ကြန္ရက္ေပၚကေန အလြယ္တကူ ခ်ိတ္ဆက္ ေဆာင္ရြက္ႏုိင္ဖို႔အတြက္ ဖန္တီးထားတာ ျဖစ္တဲ့အတြက္ ယခင္အသုံးျပဳခဲ့တဲ့ WiFi Hotspot သို႔မဟုတ္ သမား႐ိုးက် ႀကိဳးမဲ့ နက္၀က္ခ္တစ္ခုေပၚကေန ခ်ိတ္ဆက္ေဆာင္ရြက္စရာ မလိုဘဲ အသုံးျပဳႏုိင္မွာပါ။

အဲဒီလုိအသုံးျပဳႏုိင္တဲ့ WiFi Direct စနစ္ကို နည္းပညာ အေခၚအေ၀ၚအေနနဲ႔ဆိုရင္ေတာ့ WiFi P2P (Peer to Peer) ဆိုၿပီးလည္း သုံးႏႈန္းပါေသးတယ္။ ဒီစနစ္က ႀကိဳးမဲ့ Wireless access point ရွိစရာမလိုဘဲ ထုန္ကုန္ေတြအခ်င္းခ်င္း အခ်က္အလက္ဖုိင္ေတြကို တိုက္႐ိုက္ေ၀မွ်ျခင္း၊ ေပးပို႔ျခင္း၊ လက္ခံျခင္း စတာေတြကို ျပဳလုပ္ႏုိင္ေစပါတယ္။

ပုံမွန္ WiFi အသုံးျပဳတဲ့ အျမန္ႏႈန္းတစ္ခုေပၚမွာပဲ တစ္ခုထက္ပိုတဲ့ ထုတ္ကုန္ပစၥည္းအခ်င္းခ်င္း ခ်ိတ္ဆက္အသုံးျပဳႏုိင္မွာပါ။ သာမန္အခ်က္အလက္ဖုိင္ေတြ အျပင္ ဓာတ္ပုံ၊ ဗီဒီယုိ၊ သီခ်င္း စတာေတြကို Online သို႔မဟုတ္ Offline ပုံစံႏွစ္မ်ဳိးစလုံး အသုံးျပဳ ေပးပို႔၊ လက္ခံႏုိင္မွာျဖစ္ပါတယ္။

ဒီစနစ္က ယခင္အသုံးျပဳခဲ့တဲ့ Bluetooth စနစ္ကေန ဖုိင္ေတြေပးပို႔ လက္ခံျခင္းနဲ႔ အလားသ႑ာန္တူေပမဲ့ 50 MB ရွိတဲ့ ဗီဒီယုိဖုိင္ကိုဆိုရင္ေတာ့ Bluetooth စနစ္ကေနေပးပို႔ရင္ အခ်ိန္ေတာ္ေတာ္ၾကာမွာ ျဖစ္ပါတယ္။

WiFi Direct စနစ္ကေတာ့ အရြယ္အစားႀကီးတဲ့ဖုိင္ေတြကို အခ်ိန္တိုအတြင္းမွာ ေပးပို႔ႏုိင္ေစပါတယ္။ Android 4.0 (ICS) စနစ္နဲ႔အထက္ အသုံးျပဳတဲ့ စမတ္ဖုန္း ေတာ္ေတာ္မ်ားမ်ားမွာ ဒီ WiFi Direct စနစ္ ေထာက္ပံ့ပါ၀င္ေပမယ့္ သုံးစြဲသူေတြ အေနနဲ႔ အသုံးျပဳမႈကေတာ့ သိပ္မရွိေသးပါဘူး။ ဒီစနစ္က စမတ္ဖုန္းကေန Print ထုတ္ျခင္း၊ အခ်က္အလက္ဖုိင္ႀကီးေတြ ေပးပို႔လက္ခံျခင္း စတာေတြအျပင္ အခုဆိုရင္ WiFi Direct စနစ္နဲ႔ခ်ိတ္ဆက္ၿပီး ဗီဒီယုိဂိမ္းေတြကို ကစားႏုိင္မွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

WiFi Direct ဆိုတာက တော့ WiFi စနစ် ထောက်ပံ့ပါ၀င်တဲ့ မိုဘိုင်းထုတ်ကုန် အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်တဲ့ ကြိုးမဲ့ချိတ်ဆက်မှု နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက စမတ်ဖုန်းရဲ့ WiFi စနစ်က တစ်ဆင့် တခြားသော WiFi စနစ် ထောက်ပံ့ပါ၀င်တဲ့ Printer,Notebook, Netbook, Tablet PC စတာတွေကို ဖုန်းကနေ အချက်အလက်ဖိုင်တွေ အလွယ်တကူ ကူးပြောင်းတာမျိုးနဲ့ Print ထုတ်တာမျိုးတွေကို အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

WiFi Direct စနစ် ထောက်ပံ့ပါ၀င်တဲ့ ထုတ်ကုန်အချင်းချင်း WiFi ကြိုးမဲ့ကွန်ရက်ပေါ်ကနေ အလွယ်တကူ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့အတွက် ဖန်တီးထားတာ ဖြစ်တဲ့အတွက် ယခင်အသုံးပြုခဲ့တဲ့ WiFi Hotspot သို့မဟုတ် သမားရိုးကျ ကြိုးမဲ့ နက်ဝက်ခ်တစ်ခုပေါ်ကနေ ချိတ်ဆက်ဆောင်ရွက်စရာ မလိုဘဲ အသုံးပြုနိုင်မှာပါ။

အဲဒီလိုအသုံးပြုနိုင်တဲ့ WiFi Direct စနစ်ကို နည်းပညာ အခေါ်အဝေါ်အနေနဲ့ဆိုရင်တော့ WiFi P2P (Peer to Peer) ဆိုပြီးလည်း သုံးနှုန်းပါသေးတယ်။ ဒီစနစ်က ကြိုးမဲ့ Wireless access point ရှိစရာမလိုဘဲ ထုန်ကုန်တွေအချင်းချင်း အချက်အလက်ဖိုင်တွေကို တိုက်ရိုက်ဝေမျှခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်း စတာတွေကို ပြုလုပ်နိုင်စေပါတယ်။

ပုံမှန် WiFi အသုံးပြုတဲ့ အမြန်နှုန်းတစ်ခုပေါ်မှာပဲ တစ်ခုထက်ပိုတဲ့ ထုတ်ကုန်ပစ္စည်းအချင်းချင်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ သာမန်အချက်အလက်ဖိုင်တွေ အပြင် ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်း စတာတွေကို Online သို့မဟုတ် Offline ပုံစံနှစ်မျိုးစလုံး အသုံးပြု ပေးပို့၊ လက်ခံနိုင်မှာဖြစ်ပါတယ်။

ဒီစနစ်က ယခင်အသုံးပြုခဲ့တဲ့ Bluetooth စနစ်ကနေ ဖိုင်တွေပေးပို့ လက်ခံခြင်းနဲ့ အလားသဏ္ဍာန်တူပေမဲ့ 50 MB ရှိတဲ့ ဗီဒီယိုဖိုင်ကိုဆိုရင်တော့ Bluetooth စနစ်ကနေပေးပို့ရင် အချိန်တော်တော်ကြာမှာ ဖြစ်ပါတယ်။

WiFi Direct စနစ်ကတော့ အရွယ်အစားကြီးတဲ့ဖိုင်တွေကို အချိန်တိုအတွင်းမှာ ပေးပို့နိုင်စေပါတယ်။ Android 4.0 (ICS) စနစ်နဲ့အထက် အသုံးပြုတဲ့ စမတ်ဖုန်း တော်တော်များများမှာ ဒီ WiFi Direct စနစ် ထောက်ပံ့ပါ၀င်ပေမယ့် သုံးစွဲသူတွေ အနေနဲ့ အသုံးပြုမှုကတော့ သိပ်မရှိသေးပါဘူး။ ဒီစနစ်က စမတ်ဖုန်းကနေ Print ထုတ်ခြင်း၊ အချက်အလက်ဖိုင်ကြီးတွေ ပေးပို့လက်ခံခြင်း စတာတွေအပြင် အခုဆိုရင် WiFi Direct စနစ်နဲ့ချိတ်ဆက်ပြီး ဗီဒီယိုဂိမ်းတွေကို ကစားနိုင်မှာဖြစ်ပါတယ်။