Wena Wrist စမတ်နာရီသစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်လိုက်တဲ့ Sony

Three Hands Square လို့ခေါ်တဲ့ Wena Wrist စမတ်နာရီဗားရှင်းသစ်တစ်မျိုးကို Sony က ပွဲထုတ်မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ နာရီကိုယ်ထည်က analog ဖြစ်ပြီး လက်ပတ်ကြိုးက smart ဖြစ်ကာ LED နဲ့ NFC chip တို့ပါဝင်လာပါတယ်။

နောက်ဆုံးပေါ်ဗားရှင်းမှာ စတီးနဲ့ ရာဘာကြိုးလက်ပတ်တွေအပြင် သားရေကြိုးကိုပါ ထောက်ပံ့ပေးထားပါတယ်။ Three Hands Square မှာ စတုရန်းပုံကိုယ်ထည်တစ်ခုနဲ့ စက်ဝိုင်းပုံ နာရီမျက်နှာပြင်တစ်ခု ပါဝင်ပြီး ၁၈ မီလီမီတာ၊ ၂၀ မီလီမီတာနဲ့ ၂၂ မီလီမီတာဆိုပြီး အရွယ်အစားသုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ စက်ဝိုင်းပုံ အကြီးဆုံး Wena Wrist ကို ၂၂ မီလီမီတာနဲ့ပဲ ရနိုင်ပါတယ်။

သားရေကြိုးမှာ LED notification တွေမပါဝင်ပေမယ့် NFC ကိုတော့ ထည့်သွင်းပေးထားပါတယ်။

နာရီကိုယ်ထည်ရဲ့တန်ဖိုးက ၉၃ ဒေါ်လာကနေ စတင်မှာဖြစ်ပါတယ်။ စတီးလက်ပတ်ကြိုးနဲ့ဆိုရင် ဒေါ်လာ ၃၀၀ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး သားရေကြိုးနဲ့ဆိုရင်တော့ ၇၅ ဒေါ်လာသာ ကျသင့်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena