Website တွေကို Chrome browser အသုံးပြုပြီး App ဘယ်လိုလုပ်မလဲ

[ Zawgyi ]




-သီဟ

[ Unicode ]

ကိုယ်အသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို Chrome browser မှာ ကလစ်တစ်ချက်နှိပ်ရုံနဲ့ အသုံးပြုချင်တယ်ဆိုရင် အဆိုပါ ဝက်ဘ်ဆိုက်ကို Chrome app အဖြစ်ပြောင်းပြီး အလွယ်တကူနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Chrome ဟာ ဝက်ဘ်ဆိုက် အများအပြား သုံးစွဲသူတွေအတွက် အသုံးများတဲ့ ဝက်ဘ်ဆိုက် တွေကို desktop launcher ကနေ ကလစ်တစ်ချက် နှိပ်ရုံနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ကိုယ်အသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို Chrome app တစ်ခုအနေနဲ့ လုပ်ချင်တယ်ဆိုရင် ပထမဆုံးလုပ်ချင်တဲ့ ဝက်ဘ်ဆိုက် ကိုဖွင့်ပါ။ ပြီးရင် ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ Menu button ကို နှိပ်ပြီး More tools ကိုရွေးပါ။ More tools ထဲကမှ Create Shorcutဆိုတာကိုရွေးပေးရမှာဖြစ်ပြီး Add ကို နှိပ်ပါ။

အထက်မှာ ပြုလုပ်ထားတဲ့ အဆင့်ပြီးရင် Chrome browser ရဲ့ address bar မှာ chrome://apps ဆိုပြီး ရိုက်ထည့်လိုက် ရင် ကိုယ်အသုံးပြုနေကြ ဝက်ဘ်ဆိုက်ကို Chrome app အနေနဲ့
သိမ်းပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။