Weather Indicator ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

ရာသီဥတုနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို အခ်ိန္မျပတ္ သိရွိခ်င္သူေတြအတြက္ Ubuntu OS မွာ ထည့္သြင္းအသံုးျပဳႏိုင္မယ့္ weather indicator unity တစ္ခုျဖစ္ပါတယ္။

Ubuntu OS မွာ Weather Indicator ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Weather Indicator ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudo add-apt-repository ppa:kasra-mp/ubuntu-indicator-weather
sudo apt-get update
sudo apt-get install indicator-weather

ဆိုတဲ့ command ေတြကို ထည့္သြင္းရမွာျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္း install လုပ္ေပးသြားပါလိမ့္မယ္။ ဒါဆိုရင္ Ubuntu OS မွာ Weather Indicator ကို ထည့္သြင္းတဲ့အဆင့္ ၿပီးဆံုးၿပီျဖစ္ပါတယ္။

-သီဟ

[ Unicode ]

ရာသီဥတုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်မပြတ် သိရှိချင်သူတွေအတွက် Ubuntu OS မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် weather indicator unity တစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ Weather Indicator ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Weather Indicator ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက် ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:kasra-mp/ubuntu-indicator-weather
sudo apt-get update
sudo apt-get install indicator-weather

ဆိုတဲ့ command တွေကို ထည့်သွင်းရမှာဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း install လုပ်ပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Weather Indicator ကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။