WannaCry ပုံစံတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ Windows ဗားရှင်းအဟောင်းအတွက် patch အသစ်ကို ဖြန့်ချိ

[ Zawgyi ]




စိုးထက်
Ref: Engadget

[ Unicode ]

Microsoft ဟာ WannaCry စတိုင်လ် malware တိုက်ခိုက်မှုတွေ မဖြစ်ပွားခင်မှာ patch အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ Microsoft ဟာ Remote Desktop Services (Terminal Services) အားနည်းချက်တွေအတွက် fix တွေကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီ အားနည်းချက်က သုံးစွဲသူ input မပါဝင်ဘဲ ကွန်ပျူတာတစ်ခုက တစ်ခု malware တွေပျံ့နှံ့အောင် ပြုလုပ်နိုင်ပါတယ်။

WannaCry လိုမျိုးတိုက်ခိုက်မှုက Windows 7, Windows Server 2008 R2 နဲ့ ဗားရှင်းဟောင်းတွေအပေါ် ထိခိုက်နိုင်ပါတယ်။ Microsoft ဟာ Windows XP နဲ့ Windows Server 2003 ကို တရားဝင် မထောက်ပံ့တော့ပေမယ့် ခေတ်ဟောင်းကွန်ပျူတာမှာ တိုက်ခိုက်မှု မဖြစ်ပေါ်နိုင်အောင် တားဆီးပေးမယ့် patch ကိုတော့ ဖြန့်ချိလိုက်ပါတယ်။

အခု patch ကြောင့် အသာစီးရယူပြီး ကွန်ပျူတာကို တိုက်ခိုက်တာ မဖြစ်နိုင်သလို လုံခြုံရေးအားနည်းချက်ကို malware ဖန်တီးသူတွေ မသုံးနိုင်ဘူးလို့ Microsoft ကပြောခဲ့ပါတယ်။

Ref: Engadget