VueScan ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

VueScan ဆိုတာကေတာ့ Ubuntu OS သံုးစဲြသူေတြအတြက္ ဓာတ္ပံုေတြကို scan ဖတ္ခ်င္တဲ့အခါမွာ scanner နဲ႔ တြဲဖက္သံုးစဲြႏိုင္မယ့္ ေဆာ့ဖ္ဝဲတစ္ခုျဖစ္ပါတယ္။

Ubuntu OS မွာ VueScan ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပး ရပါမယ္။ VueScan ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

32bit OS သံုးစဲြသူေတြအေနနဲ႔

wget -c https://www.hamrick.com/files/vuex3295.tgztar -xvf vuex3295.tgzcd VueScansudochmod +x vuescan./vuescan

ဆိုတဲ့ command နဲ႔ ထည့္သြင္းရပါမယ္။ 64bit သံုးစဲြသူ ေတြအတြက္ကေတာ့

wget -c https://www.hamrick.com/files/vuex6495.tgztar -xvf vuex6495.tgzcd VueScansudochmod +x vuescan./vuescan

ဆိုတဲ့ command နဲ႔ထည့္ သြင္းအသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

VueScan ဆိုတာကတော့ Ubuntu OS သုံးစွဲသူတွေအတွက် ဓာတ်ပုံတွေကို scan ဖတ်ချင်တဲ့အခါမှာ scanner နဲ့ တွဲဖက်သုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ VueScan ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။ VueScan ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

32bit OS သုံးစွဲသူတွေအနေနဲ့

wget -c https://www.hamrick.com/files/vuex3295.tgztar -xvf vuex3295.tgzcd VueScansudochmod +x vuescan./vuescan

ဆိုတဲ့ command နဲ့ ထည့်သွင်းရပါမယ်။ 64bit သုံးစွဲသူ တွေအတွက်ကတော့

wget -c https://www.hamrick.com/files/vuex6495.tgztar -xvf vuex6495.tgzcd VueScansudochmod +x vuescan./vuescan

ဆိုတဲ့ command နဲ့ထည့် သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။