September 20, 2018

VR အတြက္ 360 ဓာတ္ပံုေတြ ရိုက္ကူးႏိုင္မယ့္ နည္းလမ္းမ်ား

[ Zawgyi ]

အခုေခတ္ႀကီးမွာ နည္းပညာက ေရွ႕ကိုတျဖည္းျဖည္း ျမန္ျမန္ေလးေရြ႕လာတာကို ေတြ႕ရပါတယ္။ အရင္က မျဖစ္ႏိုင္ဘူးလို႔ ထင္ထားခဲ့တာေတြလည္း အခုဆိုရင္ ေမွာ္ဆန္လြန္းသလိုမ်ိဳး ျဖစ္ေနတာကို ေတြ႕ရပါတယ္။ Facebook က oculus ကို ဝယ္ယူလုိက္ၿပီးတဲ့ အခ်ိန္မွာ Virtual Reality ကို ပိုမိုတစိုက္မတ္မတ္ လုပ္လာခဲ့တာကို ေတြ႕ရပါတယ္။ VR မွာ ပတ္ဝန္းက်င္ရဲ႕ နဂိုျဖစ္ေနတဲ့ ပံုစံအတိုင္း မ်က္လံုးကေန ျပန္ျမင္ေအာင္ ဖန္တီးထားျခင္းျဖစ္တာေၾကာင့္ Facebook မွာလည္း အဲလို ပတ္ဝန္းက်င္ကို ပကတိမ်က္စိနဲ႔ ျမင္တဲ့ပံုစံအတိုင္း ဓာတ္ပံုေတြ ႐ိုက္ကူးၿပီး Facebook ေပၚတင္ႏိုင္ေအာင္ ဖန္တီးေပးလိုက္တာ တစ္ႏွစ္နီးပါးေလာက္ ရွိေနပါၿပီ။ အဲလို ပတ္ဝန္းက်င္ကို ပတ္ဝန္းက်င္ကို ပကတိအတိုင္းခံစားႏိုင္ေအာင္ ျမင္ႏိုင္တဲ့ VR ဓာတ္ပံုေတြကို ႐ိုက္ကူးဖို႔ 360 ကင္မရာေတြနဲ႔ ႐ိုက္ကူးႏိုင္သလိုပဲ အခုအခ်ိန္မွာ Gyroscope ပါဝင္တဲ့ ဘယ္စမတ္ဖုန္းမဆို ႐ုိက္ကူးႏိုင္ေအာင္ Application ေတြနဲ႔ ဖန္တီးႏိုင္ၿပီး Web ေပၚမွာပဲျဖစ္ျဖစ္ Social Media ေပၚမွာပဲျဖစ္ျဖစ္ ႐ိုက္ကူးထားသမွ် ဓာတ္ပံုေတြကို အေထာက္အပ့ံေပးႏိုင္ေအာင္ ဖန္တီးေပးထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္လက္ထဲမွာရွိတဲ့ စမတ္ဖုန္းတစ္လံုးနဲ႔ပဲျဖစ္ျဖစ္ 360 ဓာတ္ပံု ေတြကို ႐ိုက္ကူးၿပီး VR နဲ႔ ၾကည့္ရႈႏုိင္မယ့္ နည္းလမ္းအခ်ိဳ႕ကိ ုသိရွိႏို္င္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

VR ဓာတ္ပံုေတြ အရင္ေလ့လာပါ။

ကိုယ္ကVR ဓာတ္ပံုေတြ ႐ိုက္ကူးေတာ့မယ္ ဆိုရင္ေတာ့ အရင္ဆံုး သူမ်ား႐ိုက္ကူး ထားတာေလးေတြကို ရွာေဖြၾကည့္ျခင္းျဖင့္ ဘယ္လိုေနရာေတြကို ႐ိုက္ကူးတယ္၊ ဘယ္လိုပံုစံ ႐ိုက္ကူးတယ္ ဆိုတာကို အၾကမ္းဖ်င္းအားျဖင့္ အျမင္နဲ႔ သင္ယူႏိုင္ပါတယ္။ ေနာက္ၿပီး Web မွာ တင္ထားတဲ့ ဓာတ္ပံုေတြကို Search box မွာ VR photo လို႔႐ိုက္ထည့္ရွာေဖြၿပီး 360 ဓာတ္ပံုေတြကို တင္လိုက္တဲ့ အခါမွာ ဘယ္လိုျပန္လည္ ၾကည့္႐ႈႏိုင္မယ္ ဆိုတာကိုလည္း ေလ့လာၾကည့္႐ႈႏိုင္ပါတယ္။ Social Media မွာ ဘယ္လိုဟာမ်ိဳးက Smart Phone နဲ႔ ႐ိုက္ကူးထားၿပီး ဘယ္လိုဟာမ်ိဳးက 360 ကင္မရာေတြနဲ႔ ႐ိုက္ကူးထားတယ္ဆိုတာ ကိုလည္း ခြဲျခားေလ့လာႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက Google ရဲ႕ Street view မွာလည္း 360 ဓာတ္ပံုေတြ ဘယ္လို႐ိုက္ကူးၿပီး အမ်ားက ဘယ္လိုတင္ ထားတယ္ဆိုတာ
ကိုေလ့လာျခင္းအားျဖင့္ 360 ပံုေတြ ကိုယ္တိုင္႐ိုက္ကူးတဲ့ အခါမွာ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစမွာ ျဖစ္ပါတယ္။

Street View App နဲ႔ 360 ဓာတ္ပံုေတြ ႐ိုက္ကူးၿပီး VR ဖန္တီးမယ္

Google ကေန ထုတ္ထားတဲ့ Street View ဆိုတဲ့ App ျဖစ္ၿပီး သူနဲ႔ ႐ိုက္ကူးထားသမွ် ဓာတ္ပံုေတြဟာ သူ႔App အတြင္းမွာလည္း 360 ဓာတ္ပံုအေနနဲ႔ ၾကည့္႐ႈႏိုင္ၿပီး VR site ေတြေပၚနဲ႔ Social Media ေပၚကို ျပန္တင္မယ္ဆိုရင္လည္း 360 ဓာတ္ပံုပံုစံနဲ႔ အမ်ားကို ႂကြားႏိုင္မွာပဲျဖစ္ပါတယ္။ Street View App ကိုဖြင့္လုိက္ရင္ ျမင္ရမွာက အျခားသူေတြ ႐ိုက္ထားၿပီး Share ထားတာေတြကို ျမင္ရမွာပါ။ တစ္ကမၻာလံုးက တင္ထားတဲ့ 360 ဓာတ္ပံုေတြကိုလည္း ၾကည့္႐ႈေလ့လာေနလို႔လည္း ရပါတယ္။ ကိုယ္တိုင္႐ိုက္ကူးမယ္ ဆိုရင္ေတာ့ ေအာက္ဘက္မွာ ကင္မရာ + sign ပံုေလးနဲ႔ ျမင္ေတြ႕ရပါလိမ့္မယ္။ အဲဒါကို ႏွိပ္လိုက္မယ္ဆိုရင္ App ကၫႊန္ၾကားတဲ့ အတိုင္းလိုက္ၿပီး ႐ိုက္လိုက္ပါ။ တစ္ေနရာတည္း အေသခ်ိန္ထားတာမ်ိဳး မဟုတ္ဘဲနဲ႔ ဟိုဟိုဒီဒီ ကင္မရာကိုလိုက္ေရႊ႕ၾကည့္ဖို႔လည္း လိုအပ္ပါတယ္။

ကင္မရာနဲ႔ လိုက္ေရႊ႕ၾကည့္ေနတဲ့ အခ်ိန္မွာပဲ လိေမၼာ္ေရာင္ အစက္ေလးတစ္ခု ေပၚေပၚလာတာကို ေတြ႕ရပါလိမ့္မယ္။ အဲလိုအခ်ိန္မွာ ကင္မရာမွာ ေပၚေနတဲ့ Shutter အဝိုင္းေလးနဲ႔ လိေမၼာ္ေရာင္ အစက္ကို တည့္တည့္က်ေအာင္ ဖမ္းယူေပးလိုက္မယ္ဆိုရင္ အလိုအေလ်ာက္ ဓာတ္ပံု႐ိုက္ကူးမႈကို ျပဳလုပ္ေပးပါလိမ့္မယ္။ ကင္မရာထဲမွာ လွည့္ပတ္ၿပီး လိေမၼာ္ေရာင္ အမွတ္ေလးေတြကို ရွာေဖြဖမ္းယူေပးမယ္ဆိုရင္ သူက ပတ္ဝန္းက်င္မွာ ရွိေနတဲ့ ပံုရိပ္ေတြကို အလိုအေလ်ာက္ ဖမ္းယူေပးေနမွာျဖစ္ပါတယ္။ အကယ္လို႔ ကိုယ္႐ိုက္တဲ့ ဓာတ္ပံုမွာ အမွားတစ္ခု ပါဝင္သြားမယ္ဆိုရင္လည္း undo ျပန္လုပ္ႏိုင္ပါတယ္။

ၿပီးရင္ ျပန္႐ိုက္ၿပီး သူခိုင္းသလို ျပည့္ စံုတဲ့ပတ္ဝန္းက်င္ ဓာတ္ပံုေတြ အားလံုးရၿပီဆိုရင္ Processing ျပဳလုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ သတိထားစရာတစ္ခုက တကယ္လို႔ ကိုယ္က သူ႐ိုက္ခိုင္းတာ တစ္ခုခုက်န္သြားမယ္ ဆိုရင္ေတာ့ 360 ဓာတ္ပံုျပန္ၾကည့္တဲ့အခ်ိန္မွာ ကိုယ္မ႐ိုက္မိလိုက္တဲ့ ဓာတ္ပံုေနရာမွာ အကြက္ႀကီး ထင္က်န္ခဲ့တာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီး လူေတြလႈပ္ရွားေနတဲ့ အခ်ိန္႐ိုက္ကူးမယ္ ဆိုရင္လည္း လူေတြရဲ႕ အခ်ိဳးမက်တဲ့ ပံုစံေတြ ဓာတ္ပံုထဲပါလာမွာကို သတိထားရမွာ ျဖစ္ပါတယ္။

Street View မဟုတ္ဘဲ အျခား App နဲ႔ ႐ိုက္ကူးျခင္း

Street View app ကို မသံုးခ်င္ဘူးဆိုရင္ အျခားApp ေတြသံုးဖို႔ နည္းလမ္းေတြ ရွိပါတယ္။ Social Media အခ်ိဳ႕မွာ Panorama mode နဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြကိုလည္း 360 ဓာတ္ပံုေတြအျဖစ္ ေဖာ္ျပေပးပါတယ္။

ေနာက္ၿပီး iPhone မွာဆိုရင္ Photo sphere ဆိုတဲ့ Application ကလည္း panorama ပံုစံ႐ိုက္ကူးၿပီး 360 ဓာတ္ပံုေတြကို ဖန္တီးေပးႏိုင္မယ့္ Application တစ္ခုပဲ ျဖစ္ပါတယ္။ Android ဖုန္းေတြ အတြက္လည္း Photo sphere လို application မ်ိဳးကို ေနာက္ဆံုးထြက္ Android version ေတြရဲ႕ Camera function ေတြထဲမွာ ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။ ဖုန္းနဲ႔ 360 ဓာတ္ပံု႐ိုက္တဲ့ ပံုစံေတြေတာ္ေတာ္ မ်ားမ်ားက Street view မွာ သံုးတဲ့ပံုစံေတြလိုမ်ိဳးပဲ ႐ိုက္ကူးရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ေရြးခ်ယ္စရာ App တစ္ခုက Cardboard ကင္မရာျဖစ္ၿပီး သူက VR အေထာက္အပံ့ကိုပါ တစ္ခါတည္း ပါဝင္တာ ကိုေတြ႕ရပါတယ္။ ဒါေပမဲ့ Cardboard Camera App က Android အတြက္ပဲ သီးသန္႔ရေနေသးတာ ေတြ႕ရပါတယ္။

တကယ္လို႔ သင့္ရဲ႕ ဖုန္း Camera ထဲမွာ Photo Sphere စနစ္ပါဝင္တာကို ေတြ႕ၿပီဆိုရင္ ႐ိုက္ကူးရမယ့္ ပံုစံက Street View ပံုစံပဲ႐ိုက္ကူးရမွာ ျဖစ္ပါတယ္။ Dot ေလးတစ္ခုကို ကင္မရာထဲမွာ လိုက္ရွာပါ။ ၿပီးရင္ဖမ္း။ ဖမ္းလိုက္ရင္ အလိုအေလ်ာက္ ႐ိုက္ကူးေပးမယ္။ ႐ိုက္ကူးထားသမွ် ပံုေတြျပည့္စံုသြားရင္ 360 ပံုျဖစ္ေအာင္ processing လုပ္ေပးမယ္။ အားလံုးဟာ Street view နဲ႔ ပံုစံအတူတူပဲ ျဖစ္ပါတယ္။

Cardboard Camera နဲ႔ ႐ိုက္ကူးမယ္ ဆိုရင္ေတာ့ နည္းနည္းေလး ကြဲျပားျခားနားမႈေတြ ရွိပါတယ္။ အဲဒါေတြက ကင္မရာထဲမွာ အျပည့္ေပၚေနတဲ့ ပံုကိုပဲ Shutter buttom ကိုႏွိပ္လိုက္ၿပီး ညာဘက္ကို ျဖည္းျဖည္းေလးဆြဲၿပီး လွည့္ပတ္႐ိုက္ကူးရမွာ ျဖစ္ပါတယ္။ အေပၚနဲ႔ ေအာက္ေတြကိုေတာ့ ျမင္ရမွာ မဟုတ္ေပမယ့္ သူ႔မွာထူးျခားတာက အသံေတြပါ ထည့္သြင္း႐ိုက္ကူးလို႔ ရတာကို ေတြ႕ရပါတယ္။ တကယ္လို႔ ႐ိုက္ကူးၿပီးစီး သြားၿပီဆိုရင္ VR Viewer ထဲမွာ ၾကည့္႐ႈလို႔ရပါတယ္။

360 ကင္မရာေတြသံုးၿပီး ႐ိုက္ကူးျခင္း

360 ဓာတ္ပံုေတြ ႐ိုက္ကူးဖို႔ သီးသန္႔ထုတ္ထားတဲ့ 360 ကင္မရာေတြကေတာ့ မိုဘိုင္းဖုန္းနဲ႔ ႐ိုက္ကူးတာထက္ အရည္အေသြးကလည္း ပိုမိုေကာင္းမြန္ၿပီး လြယ္ကူတာကို ေတြ႕ရပါတယ္။

ေစ်းကြက္ထဲမွာ Brand မ်ိဳးစံုနဲ႔ ေရာင္းခ်ေနတဲ့ 360 ဓာတ္ပံု ကင္မရာေတြမ်ားစြာရွိၿပီး မိုဘိုင္းဖုန္းနဲ႔ ခ်ိတ္ဆက္႐ိုက္ကူးႏိုင္ပါတယ္။ ဒါအျပင္ အားလံုးေသာ ကင္မရာေတြကရလာတဲ့ ဓာတ္ပံုေတြ အကုန္လံုးကလည္း Facebook ရဲ႕ 360 Formet ကို အေထာက္အပံ့ ေပးၿပီးသားပဲ ျဖစ္ပါတယ္။ ကိုယ္သံုးတဲ့ badget ေပၚမူတည္ၿပီး 360 ကင္မရာေတြရဲ႕ ေစ်းႏႈန္းေတြကလည္း ကြဲျပားျခားနားသြားတာကို ေတြ႕ရမွာပဲျဖစ္ပါတယ္။ Pro ဆန္ဆန္သံုးခ်င္တယ္ဆိုရင္လည္း Pro ဆန္တဲ့ကင္မရာေတြ ေစ်းကြက္ထဲမွာရွိေနပါတယ္။

ဘယ္ေပၚေတြကို တင္မလဲ

ကိုယ္႐ိုက္ထားတဲ့ 360 ဓာတ္ပံုေတြကို အမ်ားသိဖို႔နဲ႔ အသံုးဝင္ဖို႔ လိုအပ္လာပါတယ္။ အဲဒီတာ့ ဘယ္ေပၚကိုတင္ၿပီး ဘယ္လိုမွ်ေဝရမလဲ
ဆိုတာက စဥ္းစားစရာပါ။ ႏိုင္ငံတကာမွာေတာ့ အမ်ားသံုးေနတဲ့ ေက်ာ္ၾကားလွတဲ့ VR platform အခ်ိဳ႕ကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။ Veer, Kuula, Facebook 360, 360Cities နဲ႔ Roundme တို႔ပဲျဖစ္ပါတယ္။ အဲဒီ ၅ ခုဟာ Website အေနနဲ႔ ရွိေနၾကသလို အခ်ိဳ႕က App ေတြအေနနဲ႔လည္းသံုးစြဲလို႔ရတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ VR အေၾကာင္းေလ့လာေနတယ္ဆိုရင္ေတာ့ ဒီ Website ေတြကို သြားေရာက္ေလ့လာႏိုင္ၿပီး သူတို႔ဆီက ပံုေတြၾကည့္ၿပီးလည္း ဘယ္လို ျပဳလုပ္ရတယ္ဆိုတာကို ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

-စည္သူ

============

[ Unicode ]

VR အတွက် 360 ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ

============

အခုခေတ်ကြီးမှာ နည်းပညာက ရှေ့ကိုတဖြည်းဖြည်း မြန်မြန်လေးရွေ့လာတာကို တွေ့ရပါတယ်။ အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တာတွေလည်း အခုဆိုရင် မှော်ဆန်လွန်းသလိုမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ Facebook က oculus ကို ဝယ်ယူလိုက်ပြီးတဲ့ အချိန်မှာ Virtual Reality ကို ပိုမိုတစိုက်မတ်မတ် လုပ်လာခဲ့တာကို တွေ့ရပါတယ်။ VR မှာ ပတ်ဝန်းကျင်ရဲ့ နဂိုဖြစ်နေတဲ့ ပုံစံအတိုင်း မျက်လုံးကနေ ပြန်မြင်အောင် ဖန်တီးထားခြင်းဖြစ်တာကြောင့် Facebook မှာလည်း အဲလို ပတ်ဝန်းကျင်ကို ပကတိမျက်စိနဲ့ မြင်တဲ့ပုံစံအတိုင်း ဓာတ်ပုံတွေ ရိုက်ကူးပြီး Facebook ပေါ်တင်နိုင်အောင် ဖန်တီးပေးလိုက်တာ တစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ အဲလို ပတ်ဝန်းကျင်ကို ပတ်ဝန်းကျင်ကို ပကတိအတိုင်းခံစားနိုင်အောင် မြင်နိုင်တဲ့ VR ဓာတ်ပုံတွေကို ရိုက်ကူးဖို့ 360 ကင်မရာတွေနဲ့ ရိုက်ကူးနိုင်သလိုပဲ အခုအချိန်မှာ Gyroscope ပါဝင်တဲ့ ဘယ်စမတ်ဖုန်းမဆို ရိုက်ကူးနိုင်အောင် Application တွေနဲ့ ဖန်တီးနိုင်ပြီး Web ပေါ်မှာပဲဖြစ်ဖြစ် Social Media ပေါ်မှာပဲဖြစ်ဖြစ် ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို အထောက်အပ့ံပေးနိုင်အောင် ဖန်တီးပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လက်ထဲမှာရှိတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ပဲဖြစ်ဖြစ် 360 ဓာတ်ပုံ တွေကို ရိုက်ကူးပြီး VR နဲ့ ကြည့်ရှုနိုင်မယ့် နည်းလမ်းအချို့ကိ ုသိရှိနို်င်အောင် ဖော်ပြပေးလိုက်ပါတယ်။

VR ဓာတ်ပုံတွေ အရင်လေ့လာပါ။

ကိုယ်ကVR ဓာတ်ပုံတွေ ရိုက်ကူးတော့မယ် ဆိုရင်တော့ အရင်ဆုံး သူများရိုက်ကူး ထားတာလေးတွေကို ရှာဖွေကြည့်ခြင်းဖြင့် ဘယ်လိုနေရာတွေကို ရိုက်ကူးတယ်၊ ဘယ်လိုပုံစံ ရိုက်ကူးတယ် ဆိုတာကို အကြမ်းဖျင်းအားဖြင့် အမြင်နဲ့ သင်ယူနိုင်ပါတယ်။ နောက်ပြီး Web မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို Search box မှာ VR photo လို့ရိုက်ထည့်ရှာဖွေပြီး 360 ဓာတ်ပုံတွေကို တင်လိုက်တဲ့ အခါမှာ ဘယ်လိုပြန်လည် ကြည့်ရှုနိုင်မယ် ဆိုတာကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။ Social Media မှာ ဘယ်လိုဟာမျိုးက Smart Phone နဲ့ ရိုက်ကူးထားပြီး ဘယ်လိုဟာမျိုးက 360 ကင်မရာတွေနဲ့ ရိုက်ကူးထားတယ်ဆိုတာ ကိုလည်း ခွဲခြားလေ့လာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက Google ရဲ့ Street view မှာလည်း 360 ဓာတ်ပုံတွေ ဘယ်လိုရိုက်ကူးပြီး အများက ဘယ်လိုတင် ထားတယ်ဆိုတာ
ကိုလေ့လာခြင်းအားဖြင့် 360 ပုံတွေ ကိုယ်တိုင်ရိုက်ကူးတဲ့ အခါမှာ အများကြီး အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

Street View App နဲ့ 360 ဓာတ်ပုံတွေ ရိုက်ကူးပြီး VR ဖန်တီးမယ်

Google ကနေ ထုတ်ထားတဲ့ Street View ဆိုတဲ့ App ဖြစ်ပြီး သူနဲ့ ရိုက်ကူးထားသမျှ ဓာတ်ပုံတွေဟာ သူ့App အတွင်းမှာလည်း 360 ဓာတ်ပုံအနေနဲ့ ကြည့်ရှုနိုင်ပြီး VR site တွေပေါ်နဲ့ Social Media ပေါ်ကို ပြန်တင်မယ်ဆိုရင်လည်း 360 ဓာတ်ပုံပုံစံနဲ့ အများကို ကြွားနိုင်မှာပဲဖြစ်ပါတယ်။ Street View App ကိုဖွင့်လိုက်ရင် မြင်ရမှာက အခြားသူတွေ ရိုက်ထားပြီး Share ထားတာတွေကို မြင်ရမှာပါ။ တစ်ကမ္ဘာလုံးက တင်ထားတဲ့ 360 ဓာတ်ပုံတွေကိုလည်း ကြည့်ရှုလေ့လာနေလို့လည်း ရပါတယ်။ ကိုယ်တိုင်ရိုက်ကူးမယ် ဆိုရင်တော့ အောက်ဘက်မှာ ကင်မရာ + sign ပုံလေးနဲ့ မြင်တွေ့ရပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်မယ်ဆိုရင် App ကညွှန်ကြားတဲ့ အတိုင်းလိုက်ပြီး ရိုက်လိုက်ပါ။ တစ်နေရာတည်း အသေချိန်ထားတာမျိုး မဟုတ်ဘဲနဲ့ ဟိုဟိုဒီဒီ ကင်မရာကိုလိုက်ရွှေ့ကြည့်ဖို့လည်း လိုအပ်ပါတယ်။

ကင်မရာနဲ့ လိုက်ရွှေ့ကြည့်နေတဲ့ အချိန်မှာပဲ လိမ္မော်ရောင် အစက်လေးတစ်ခု ပေါ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ အဲလိုအချိန်မှာ ကင်မရာမှာ ပေါ်နေတဲ့ Shutter အဝိုင်းလေးနဲ့ လိမ္မော်ရောင် အစက်ကို တည့်တည့်ကျအောင် ဖမ်းယူပေးလိုက်မယ်ဆိုရင် အလိုအလျောက် ဓာတ်ပုံရိုက်ကူးမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ ကင်မရာထဲမှာ လှည့်ပတ်ပြီး လိမ္မော်ရောင် အမှတ်လေးတွေကို ရှာဖွေဖမ်းယူပေးမယ်ဆိုရင် သူက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပုံရိပ်တွေကို အလိုအလျောက် ဖမ်းယူပေးနေမှာဖြစ်ပါတယ်။ အကယ်လို့ ကိုယ်ရိုက်တဲ့ ဓာတ်ပုံမှာ အမှားတစ်ခု ပါဝင်သွားမယ်ဆိုရင်လည်း undo ပြန်လုပ်နိုင်ပါတယ်။

ပြီးရင် ပြန်ရိုက်ပြီး သူခိုင်းသလို ပြည့် စုံတဲ့ပတ်ဝန်းကျင် ဓာတ်ပုံတွေ အားလုံးရပြီဆိုရင် Processing ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သတိထားစရာတစ်ခုက တကယ်လို့ ကိုယ်က သူရိုက်ခိုင်းတာ တစ်ခုခုကျန်သွားမယ် ဆိုရင်တော့ 360 ဓာတ်ပုံပြန်ကြည့်တဲ့အချိန်မှာ ကိုယ်မရိုက်မိလိုက်တဲ့ ဓာတ်ပုံနေရာမှာ အကွက်ကြီး ထင်ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ပြီး လူတွေလှုပ်ရှားနေတဲ့ အချိန်ရိုက်ကူးမယ် ဆိုရင်လည်း လူတွေရဲ့ အချိုးမကျတဲ့ ပုံစံတွေ ဓာတ်ပုံထဲပါလာမှာကို သတိထားရမှာ ဖြစ်ပါတယ်။

Street View မဟုတ်ဘဲ အခြား App နဲ့ ရိုက်ကူးခြင်း

Street View app ကို မသုံးချင်ဘူးဆိုရင် အခြားApp တွေသုံးဖို့ နည်းလမ်းတွေ ရှိပါတယ်။ Social Media အချို့မှာ Panorama mode နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း 360 ဓာတ်ပုံတွေအဖြစ် ဖော်ပြပေးပါတယ်။

နောက်ပြီး iPhone မှာဆိုရင် Photo sphere ဆိုတဲ့ Application ကလည်း panorama ပုံစံရိုက်ကူးပြီး 360 ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်မယ့် Application တစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းတွေ အတွက်လည်း Photo sphere လို application မျိုးကို နောက်ဆုံးထွက် Android version တွေရဲ့ Camera function တွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဖုန်းနဲ့ 360 ဓာတ်ပုံရိုက်တဲ့ ပုံစံတွေတော်တော် များများက Street view မှာ သုံးတဲ့ပုံစံတွေလိုမျိုးပဲ ရိုက်ကူးရမှာ ဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်စရာ App တစ်ခုက Cardboard ကင်မရာဖြစ်ပြီး သူက VR အထောက်အပံ့ကိုပါ တစ်ခါတည်း ပါဝင်တာ ကိုတွေ့ရပါတယ်။ ဒါပေမဲ့ Cardboard Camera App က Android အတွက်ပဲ သီးသန့်ရနေသေးတာ တွေ့ရပါတယ်။

တကယ်လို့ သင့်ရဲ့ ဖုန်း Camera ထဲမှာ Photo Sphere စနစ်ပါဝင်တာကို တွေ့ပြီဆိုရင် ရိုက်ကူးရမယ့် ပုံစံက Street View ပုံစံပဲရိုက်ကူးရမှာ ဖြစ်ပါတယ်။ Dot လေးတစ်ခုကို ကင်မရာထဲမှာ လိုက်ရှာပါ။ ပြီးရင်ဖမ်း။ ဖမ်းလိုက်ရင် အလိုအလျောက် ရိုက်ကူးပေးမယ်။ ရိုက်ကူးထားသမျှ ပုံတွေပြည့်စုံသွားရင် 360 ပုံဖြစ်အောင် processing လုပ်ပေးမယ်။ အားလုံးဟာ Street view နဲ့ ပုံစံအတူတူပဲ ဖြစ်ပါတယ်။

Cardboard Camera နဲ့ ရိုက်ကူးမယ် ဆိုရင်တော့ နည်းနည်းလေး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အဲဒါတွေက ကင်မရာထဲမှာ အပြည့်ပေါ်နေတဲ့ ပုံကိုပဲ Shutter buttom ကိုနှိပ်လိုက်ပြီး ညာဘက်ကို ဖြည်းဖြည်းလေးဆွဲပြီး လှည့်ပတ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အပေါ်နဲ့ အောက်တွေကိုတော့ မြင်ရမှာ မဟုတ်ပေမယ့် သူ့မှာထူးခြားတာက အသံတွေပါ ထည့်သွင်းရိုက်ကူးလို့ ရတာကို တွေ့ရပါတယ်။ တကယ်လို့ ရိုက်ကူးပြီးစီး သွားပြီဆိုရင် VR Viewer ထဲမှာ ကြည့်ရှုလို့ရပါတယ်။

360 ကင်မရာတွေသုံးပြီး ရိုက်ကူးခြင်း

360 ဓာတ်ပုံတွေ ရိုက်ကူးဖို့ သီးသန့်ထုတ်ထားတဲ့ 360 ကင်မရာတွေကတော့ မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးတာထက် အရည်အသွေးကလည်း ပိုမိုကောင်းမွန်ပြီး လွယ်ကူတာကို တွေ့ရပါတယ်။

စျေးကွက်ထဲမှာ Brand မျိုးစုံနဲ့ ရောင်းချနေတဲ့ 360 ဓာတ်ပုံ ကင်မရာတွေများစွာရှိပြီး မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ရိုက်ကူးနိုင်ပါတယ်။ ဒါအပြင် အားလုံးသော ကင်မရာတွေကရလာတဲ့ ဓာတ်ပုံတွေ အကုန်လုံးကလည်း Facebook ရဲ့ 360 Formet ကို အထောက်အပံ့ ပေးပြီးသားပဲ ဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ badget ပေါ်မူတည်ပြီး 360 ကင်မရာတွေရဲ့ စျေးနှုန်းတွေကလည်း ကွဲပြားခြားနားသွားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ Pro ဆန်ဆန်သုံးချင်တယ်ဆိုရင်လည်း Pro ဆန်တဲ့ကင်မရာတွေ စျေးကွက်ထဲမှာရှိနေပါတယ်။

ဘယ်ပေါ်တွေကို တင်မလဲ

ကိုယ်ရိုက်ထားတဲ့ 360 ဓာတ်ပုံတွေကို အများသိဖို့နဲ့ အသုံးဝင်ဖို့ လိုအပ်လာပါတယ်။ အဲဒိတော့ ဘယ်ပေါ်ကိုတင်ပြီး ဘယ်လိုမျှဝေရမလဲ
ဆိုတာက စဉ်းစားစရာပါ။ နိုင်ငံတကာမှာတော့ အများသုံးနေတဲ့ ကျော်ကြားလှတဲ့ VR platform အချို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Veer, Kuula, Facebook 360, 360Cities နဲ့ Roundme တို့ပဲဖြစ်ပါတယ်။ အဲဒီ ၅ ခုဟာ Website အနေနဲ့ ရှိနေကြသလို အချို့က App တွေအနေနဲ့လည်းသုံးစွဲလို့ရတာကိုတွေ့ရပါတယ်။ ဒါကြောင့် VR အကြောင်းလေ့လာနေတယ်ဆိုရင်တော့ ဒီ Website တွေကို သွားရောက်လေ့လာနိုင်ပြီး သူတို့ဆီက ပုံတွေကြည့်ပြီးလည်း ဘယ်လို ပြုလုပ်ရတယ်ဆိုတာကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

-စည်သူ