August 19, 2018

Vivo Y71

[ Zawgyi ]

Price 239,000

အားသာခ်က္

သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔ မ်က္ႏွာျပင္ျပည့္ ဖုန္းတစ္လံုးကို အသံုးျပဳႏိုင္ဖို႔ ျပဳလုပ္ထားတဲ့အခ်က္က ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့ အခ်က္တစ္ခုလို႔ဆို ႏုိင္ပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္းသင့္တင့္တဲ့ မွတ္ဉာဏ္ပမာဏမ်ိဳး ရွိေနၿပီး OS ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တာ ေတြ႕ရပါတယ္။ ကင္မ ရာပိုင္းမွာလည္း သင့္တင့္တဲ့ Megapixels ေတြပါဝင္ၿပီး ဘက္ထရီရဲ႕ပါ ဝါသိုေလွာင္ႏိုင္မႈ ပမာဏပိုင္းမွာလည္း သင့္တင့္ေကာင္းမြန္ပါတယ္။

အားနည္းခ်က္

ဒီဖုန္းမွာေတာ့ Infrared နည္းပညာ ပါဝင္လာတာမေတြ႕ရပါဘူး။ Data Transfer ျပဳလုပ္တဲ့ နည္းပညာတစ္ခုျဖစ္တဲ့ NFC စနစ္ကိုလည္း ေထာက္ပံ့မေပးႏိုင္တဲ့ အခ်က္တစ္ခ်က္လည္း ရွိပါတယ္။ Temperature Sensor နဲ႔ Fingerprint Sensor ေတြပါဝင္တာ မေတြ႕ရသလို အားသြင္းျမန္ဆန္တဲ့ First Battery Charging စနစ္လည္း ပါဝင္တာမေတြ႕ရပါဘူး။

ဒီဇိုင္း

ပံုစံဒီဇိုင္းကေတာ့ လွပေသသပ္တဲ့ဖုန္းလို႔ ဆိုႏိုင္ပါတယ္။ ေရွ႕ျမင္ကြင္းမ်က္ႏွာျပင္ အျပည့္ပံုစံမ်ိဳးျဖစ္ၿပီး ေရွ႕ဘက္ျမင္ကြင္းပိုင္းမွာ ကာင္းမြန္ပါတယ္။ ျမင္ကြင္းမ်က္ႏွာျပင္ အျပည့္ပံုစံမ်ိဳးျဖစ္တဲ့အတြက္ ေရွ႕မ်က္ႏွာျပင္မွာ ခလုတ္ေတြတစ္ခုမွ မပါဝင္ပါဘူး။ Android Key ေတြျဖစ္တဲ့ Home, Back, Recent စနစ္ေတြကို Touch စနစ္နဲ႔ပဲ အသံုးျပဳရမွာပါ။ စပီကာနဲ႔ USB Port ကေတာ့ ဖုန္းရဲ႕ေအာက္ေျခ ေဘာင္ေပၚမွာပါ။ ဖုန္းကိုယ္ထည္တစ္ခုလံုးကို သတၱဳနဲ႔ ပလတ္စတစ္ကို ေပါင္းစပ္ထားတဲ့ ပံုံစံမ်ိဳးနဲ႔ ဖြဲ႕စည္းတည္ေဆာက္ ထားတာျဖစ္ၿပီး Sim Card ႏွစ္ကတ္နဲ႔ SD Card ကို တစ္ၿပိဳင္တည္း ထည့္သြင္းအသံုးျပဳႏိုင္တဲ့ ပံုစံမ်ိဳး ျပဳလုပ္ထားတာ ေတြ႕ရပါတယ္။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၆.၀ လက္မရွိတဲ့ IPS LCD ကိုအသံုးျပဳထားၿပီး 720 x 1440 pixels, 18:9 ratio ရွိပါတယ္။

နည္းပညာ

Vivo ရဲ႕ Gaming Mode ဟာ ဂိမ္းကစားေနတဲ့အခ်ိန္ ဖုန္းအဝင္ေခၚဆိုမႈနဲ႔ စာတုိေတြေၾကာင့္ အေႏွာင့္အယွက္ မျဖစ္ေစေအာင္ တားဆီးေပးႏိုင္ပါတယ္။ ဒါေပမဲ့ App အခ်ဳိ႕ကေတာ့ FullViewTM Display နဲ႔ Game Mode ကို ေထာက္ပံ့ေပးဦးမွာ မဟုတ္ပါဘူး။ ကင္မရာက Megapixels ေတြ သင့္တင့္တယ္လို႔ ဆိုေပမယ့္လည္း အသံုးျပဳႏိုင္မယ့္ Camera Mode ေတြေတာ့ သိပ္မ်ားမ်ားစားစား မပါပါဘူး။ သတ္မွတ္ထားတဲ့ App ေတြကို Screen ႏွစ္ျခမ္းပိုင္းၿပီးသံုးတဲ့ Multitasking စနစ္ကိုလည္း လက္ေခ်ာင္း ၃ ေခ်ာင္းနဲ႔ဆြဲၿပီး အလြယ္တကူ သံုးႏိုင္တဲ့ စနစ္ပါဝင္ပါတယ္။

သံုးသပ္ခ်က္

ဖုန္းတစ္ခုလံုးကို ၿခံဳၿပီးသံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ Vivo ရဲ႕ Y71 ဟာ ဖုန္းတြင္းမွတ္ဉာဏ္ပိုင္းစနစ္၊ ကင္မရာစနစ္ေတြမွာ သင့္တင့္ ေကာင္းမြန္ၿပီး ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ၾကည့္မယ္ဆုိရင္ေတာ့ သံုးေပ်ာ္တယ္လို႔ ဆိုႏိုင္တဲ့ဖုန္းပါပဲ။ ဖုန္းရဲ႕ Hardware ပိုင္းေတြမွာလည္း သင့္တင့္တဲ့အျပင္ ဘက္ထရီပိုင္းမွာလည္း အသံုးခံတာေတြ႕ရပါတယ္။ မ်က္ႏွာျပင္ က်ယ္ဝန္းၿပီး ျမင္ကြင္းက်ယ္ ပံုစံမ်ိဳး အသံုးျပဳႏိုင္တဲ့အျပင္ ဖုန္းရဲ႕ပံုစံဒီ ဇိုင္းနဲ႔ အရြယ္အစားကလည္း ကိုင္တြယ္အသံုးျပဳခ်ိန္မွာ လက္နဲ႔အံဝင္ခြင္ က်ရွိေနပါတယ္။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.1
CPU – Quad-core 1.4 GHz Cortex-A53
GPU – Adreno 308
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – 13 MP, f/2.2, phase detection autofocus,LED flash,Geo-tagging,touch focus, face detection, HDR, Video, Secondary 5 MP, f/2.2
Wi-Fi – 802.11 b/g/n, WiFi Direct, DLNA, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3360 mAh Battery

သူတို႔အျမင္

ကိုျမတ္စိုး (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းအရၾကည့္္မယ္ဆိုရင္ေတာ့ သံုးေပ်ာ္တယ္လို႔ ေျပာလို႔ရတယ္။ ဖုန္းရဲ႕ Specification ပိုင္းအရဆိုရင္လည္း မဆိုးဘူးလို႔ ေျပာလို႔ရပါတယ္။ ကင္မရာပိုင္းမွာလည္း သင့္တင့္တယ္။ မွတ္ဉာဏ္ ပိုင္းမွာလည္း သင့္တင့္ပါတယ္။ ဘက္ထရီကလည္း ေကာင္းပါတယ္။ Fingerprint မပါတဲ့ အခ်က္ကေတာ့ ေတာ္ေတာ္ေလး သိသာတဲ့ အားနည္းမႈလို႔ ျမင္မိတယ္။ ေနာက္ပိုင္းထြက္ ဖုန္းေတြမွာ Face recognition စနစ္ကိုေတာင္ အသံုးျပဳလာေနၾကတဲ့အခ်ိန္မွာ Fingerprint ကိုပါ ျဖဳတ္ထားလိုက္တာကေတာ့ သိပ္သေဘာမက်ဘူး။ ျမင္ကြင္း က်ယ္က်ယ္ဝန္းဝန္းၾကည့္ႏိုင္တဲ့ မ်က္ႏွာျပင္ျပည့္ပံုစံမ်ိဳးနဲ႔ အရြယ္အစားကလည္း ေကာင္းပါတယ္။

မစိုးျပည့္စံု (စမ္းသပ္အသံုးျပဳသူ)

ဖုန္းရဲ႕ ပံုစံဒီဇိုင္းပိုင္းကေတာ့ သင့္တင့္တဲ့အေျခအေနမ်ိဳးမွာ ရွိေနပါတယ္။ မ်က္ႏွာျပင္ အျပည့္ဖုန္းတစ္လံုးကို ဒီလိုေစ်းႏႈန္းနဲ႔ သံုးႏိုင္ေအာင္ လုပ္ေပးထားတာကေတာ့ ေကာင္းတဲ့အခ်က္ပါပဲ။ မွတ္ဉာဏ္ ပိုင္းအေျခအေနကလည္း သင့္တင့္သလို ကင္မရာေတြရဲ႕ Megapixels ေတြကလည္း သင့္တင့္ေကာင္းမြန္တဲ့ အေျခအေနမ်ိဳးမွာ ရွိပါတယ္။ Fingerprint Sensor မပါတဲ့ အခ်က္ကေတာ့ေတာ္ ေတာ္ေလးသိသာတဲ့ အခ်က္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ ေစ်းႏႈန္းကေတာ့ သင့္တင့္တယ္လုိ႔ ေျပာလို႔ရပါတယ္။

ကိုေဝယံလင္းျမတ္ (စမ္းသပ္အသံုးျပဳသူ)

မ်က္ႏွာျပင္ က်ယ္က်ယ္နဲ႔ဖုန္းကို သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ သံုးႏိုင္ေအာင္ လုပ္ေပးထားတာကို ႀကိဳက္တယ္။ Screen က Full HD မဟုတ္ ဘူးဆိုေပမယ့္လည္း ပံုမွန္ HD စနစ္ကို ေထာက္ပံ့ေပးႏိုင္တဲ့အတြက္ မဆိုးဘူးလို႔ေျပာလို႔ ရပါတယ္။ မွတ္ဉာဏ္ပိုင္း၊ ဘက္ထရီ ပိုင္းကလည္း သင့္တင့္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ နည္းနည္းေလး အားနည္းသြားတယ္လို႔ ျမင္မိတယ္။ ေနာက္ၿပီးေတာ့ Fingerprint မပါတဲ့ အခ်က္ကလည္း ဖုန္းကိုေရြးခ်ယ္ဖို႔ စဥ္းစားစရာ ျဖစ္ေစတဲ့အခ်က္လို႔ ျမင္မိတယ္။ အျခားက်န္တဲ့ အစိိတ္အပိုင္းဖြဲ႕စည္းမႈနဲ႔ ဖုန္းကိုအသံုးျပဳရတဲ့ အေျခအေနေတြကေတာ့ ေကာင္းမြန္ပါတယ္။

  

  

  

-ကိုသက္

======

[ Unicode ]

Vivo Y71

======

Price 239,000

အားသာချက်

သင့်တင့်တဲ့ စျေးနှုန်းနဲ့ မျက်နှာပြင်ပြည့် ဖုန်းတစ်လုံးကို အသုံးပြုနိုင်ဖို့ ပြုလုပ်ထားတဲ့အချက်က ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တစ်ခုလို့ဆို နိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်းသင့်တင့်တဲ့ မှတ်ဉာဏ်ပမာဏမျိုး ရှိနေပြီး OS ပိုင်းမှာလည်း မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ ကင်မ ရာပိုင်းမှာလည်း သင့်တင့်တဲ့ Megapixels တွေပါဝင်ပြီး ဘက်ထရီရဲ့ပါ ဝါသိုလှောင်နိုင်မှု ပမာဏပိုင်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။

အားနည်းချက်

ဒီဖုန်းမှာတော့ Infrared နည်းပညာ ပါဝင်လာတာမတွေ့ရပါဘူး။ Data Transfer ပြုလုပ်တဲ့ နည်းပညာတစ်ခုဖြစ်တဲ့ NFC စနစ်ကိုလည်း ထောက်ပံ့မပေးနိုင်တဲ့ အချက်တစ်ချက်လည်း ရှိပါတယ်။ Temperature Sensor နဲ့ Fingerprint Sensor တွေပါဝင်တာ မတွေ့ရသလို အားသွင်းမြန်ဆန်တဲ့ First Battery Charging စနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ရှေ့မြင်ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး ရှေ့ဘက်မြင်ကွင်းပိုင်းမှာ ကာင်းမွန်ပါတယ်။ မြင်ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်တဲ့အတွက် ရှေ့မျက်နှာပြင်မှာ ခလုတ်တွေတစ်ခုမှ မပါဝင်ပါဘူး။ Android Key တွေဖြစ်တဲ့ Home, Back, Recent စနစ်တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ စပီကာနဲ့ USB Port ကတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာပါ။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပလတ်စတစ်ကို ပေါင်းစပ်ထားတဲ့ ပုံံစံမျိုးနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်တဲ့ ပုံစံမျိုး ပြုလုပ်ထားတာ တွေ့ရပါတယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၀ လက်မရှိတဲ့ IPS LCD ကိုအသုံးပြုထားပြီး 720 x 1440 pixels, 18:9 ratio ရှိပါတယ်။

နည်းပညာ

Vivo ရဲ့ Gaming Mode ဟာ ဂိမ်းကစားနေတဲ့အချိန် ဖုန်းအဝင်ခေါ်ဆိုမှုနဲ့ စာတိုတွေကြောင့် အနှောင့်အယှက် မဖြစ်စေအောင် တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ App အချို့ကတော့ FullViewTM Display နဲ့ Game Mode ကို ထောက်ပံ့ပေးဦးမှာ မဟုတ်ပါဘူး။ ကင်မရာက Megapixels တွေ သင့်တင့်တယ်လို့ ဆိုပေမယ့်လည်း အသုံးပြုနိုင်မယ့် Camera Mode တွေတော့ သိပ်များများစားစား မပါပါဘူး။ သတ်မှတ်ထားတဲ့ App တွေကို Screen နှစ်ခြမ်းပိုင်းပြီးသုံးတဲ့ Multitasking စနစ်ကိုလည်း လက်ချောင်း ၃ ချောင်းနဲ့ဆွဲပြီး အလွယ်တကူ သုံးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ Vivo ရဲ့ Y71 ဟာ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းစနစ်၊ ကင်မရာစနစ်တွေမှာ သင့်တင့် ကောင်းမွန်ပြီး စျေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သုံးပျော်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါပဲ။ ဖုန်းရဲ့ Hardware ပိုင်းတွေမှာလည်း သင့်တင့်တဲ့အပြင် ဘက်ထရီပိုင်းမှာလည်း အသုံးခံတာတွေ့ရပါတယ်။ မျက်နှာပြင် ကျယ်ဝန်းပြီး မြင်ကွင်းကျယ် ပုံစံမျိုး အသုံးပြုနိုင်တဲ့အပြင် ဖုန်းရဲ့ပုံစံဒီ ဇိုင်းနဲ့ အရွယ်အစားကလည်း ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင် ကျရှိနေပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.1
CPU – Quad-core 1.4 GHz Cortex-A53
GPU – Adreno 308
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – 13 MP, f/2.2, phase detection autofocus,LED flash,Geo-tagging,touch focus, face detection, HDR, Video, Secondary 5 MP, f/2.2
Wi-Fi – 802.11 b/g/n, WiFi Direct, DLNA, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3360 mAh Battery

သူတို့အမြင်

ကိုမြတ်စိုး (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းအရကြည့််မယ်ဆိုရင်တော့ သုံးပျော်တယ်လို့ ပြောလို့ရတယ်။ ဖုန်းရဲ့ Specification ပိုင်းအရဆိုရင်လည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ကင်မရာပိုင်းမှာလည်း သင့်တင့်တယ်။ မှတ်ဉာဏ် ပိုင်းမှာလည်း သင့်တင့်ပါတယ်။ ဘက်ထရီကလည်း ကောင်းပါတယ်။ Fingerprint မပါတဲ့ အချက်ကတော့ တော်တော်လေး သိသာတဲ့ အားနည်းမှုလို့ မြင်မိတယ်။ နောက်ပိုင်းထွက် ဖုန်းတွေမှာ Face recognition စနစ်ကိုတောင် အသုံးပြုလာနေကြတဲ့အချိန်မှာ Fingerprint ကိုပါ ဖြုတ်ထားလိုက်တာကတော့ သိပ်သဘောမကျဘူး။ မြင်ကွင်း ကျယ်ကျယ်ဝန်းဝန်းကြည့်နိုင်တဲ့ မျက်နှာပြင်ပြည့်ပုံစံမျိုးနဲ့ အရွယ်အစားကလည်း ကောင်းပါတယ်။

မစိုးပြည့်စုံ (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ ပုံစံဒီဇိုင်းပိုင်းကတော့ သင့်တင့်တဲ့အခြေအနေမျိုးမှာ ရှိနေပါတယ်။ မျက်နှာပြင် အပြည့်ဖုန်းတစ်လုံးကို ဒီလိုစျေးနှုန်းနဲ့ သုံးနိုင်အောင် လုပ်ပေးထားတာကတော့ ကောင်းတဲ့အချက်ပါပဲ။ မှတ်ဉာဏ် ပိုင်းအခြေအနေကလည်း သင့်တင့်သလို ကင်မရာတွေရဲ့ Megapixels တွေကလည်း သင့်တင့်ကောင်းမွန်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ Fingerprint Sensor မပါတဲ့ အချက်ကတော့တော် တော်လေးသိသာတဲ့ အချက်တစ်ခုလို့ ပြောလို့ရပါတယ်။ စျေးနှုန်းကတော့ သင့်တင့်တယ်လို့ ပြောလို့ရပါတယ်။

ကိုဝေယံလင်းမြတ် (စမ်းသပ်အသုံးပြုသူ)

မျက်နှာပြင် ကျယ်ကျယ်နဲ့ဖုန်းကို သင့်တင့်တဲ့စျေးနှုန်းနဲ့ သုံးနိုင်အောင် လုပ်ပေးထားတာကို ကြိုက်တယ်။ Screen က Full HD မဟုတ် ဘူးဆိုပေမယ့်လည်း ပုံမှန် HD စနစ်ကို ထောက်ပံ့ပေးနိုင်တဲ့အတွက် မဆိုးဘူးလို့ပြောလို့ ရပါတယ်။ မှတ်ဉာဏ်ပိုင်း၊ ဘက်ထရီ ပိုင်းကလည်း သင့်တင့်ပါတယ်။ ကင်မရာပိုင်းမှာတော့ နည်းနည်းလေး အားနည်းသွားတယ်လို့ မြင်မိတယ်။ နောက်ပြီးတော့ Fingerprint မပါတဲ့ အချက်ကလည်း ဖုန်းကိုရွေးချယ်ဖို့ စဉ်းစားစရာ ဖြစ်စေတဲ့အချက်လို့ မြင်မိတယ်။ အခြားကျန်တဲ့ အစိိတ်အပိုင်းဖွဲ့စည်းမှုနဲ့ ဖုန်းကိုအသုံးပြုရတဲ့ အခြေအနေတွေကတော့ ကောင်းမွန်ပါတယ်။

  

 

  

-ကိုသက်