Vivo V15 Pro မွာ ကင္မရာ ၃ လုံးနဲ႔ pop-up selfie ကင္မရာ ပါဝင္

[ Zawgyi ]

တ႐ုတ္ႏိုင္ငံက သတင္းအခ်က္အလက္ေတြကို ေဖာ္ထုတ္သူတစ္ေယာက္က Oppo နဲ႔ Vivo တို႔ဟာ ၂၀၁၉ အတြင္း ထုတ္လုပ္မယ့္ ဖုန္းေတြမွာ pop-up အစိတ္အပုိင္းေတြ ပါဝင္တယ္လို႔ ေဖာ္ထုတ္ဖူးပါတယ္။ အခုဆိုရင္ သူက Vivo V15 Pro အတြက္ ထုတ္လုပ္ထားတဲ့ ဆီလီကြန္ case ပုံကို ေဖာ္ျပလိုက္ပါတယ္။

အဲဒီပုံအရ Vivo ကထုတ္လုပ္မယ့္ V15 Pro မွာ ကင္မရာ၃လုံးနဲ႔ pop-up selfie ကင္ရာတစ္ခု ပါဝင္လာႏိုင္ပါတယ္။ Vivo ရဲ႕ NEX စမတ္ဖုန္းေတြမွာ ပါဝင္တဲ့ pop-up selfie ကင္မရာဟာ V15 Pro မွာ ပါဝင္လာႏိုင္ပါတယ္။ ေပါက္ၾကားထြက္ေပၚလာတဲ့ ဆီလီကြန္ case အရ V15 Pro မွာ sensor ၃ ခု ပါဝင္လာဖြယ္ရွိပါတယ္။

V15 Pro ဖုန္းရဲ႕ဘယ္ဘက္ျခမ္းမွာ Jovi အမည္ရ personal assistant အတြက္ ခလုတ္တစ္ခုလည္း ပါဝင္လာႏိုင္ပါတယ္။ ေအာက္ေျခမွာ USB charger နဲ႔ အေပၚဘက္မွာ ၃.၅ မီလီမီတာ နားၾကပ္ေပါက္လည္း ပါဝင္ႏို္င္ပါတယ္။

Vivo ရဲ႕ V15 Pro ပတ္သက္ၿပီး တရားဝင္ အခ်က္အလက္ေတြ မသိရေသးေပမယ့္ မၾကာခင္မွာ ဖုန္းကို ထုတ္ေဖာ္မိတ္ဆက္ႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

တရုတ်နိုင်ငံက သတင်းအချက်အလက်တွေကို ဖော်ထုတ်သူတစ်ယောက်က Oppo နဲ့ Vivo တို့ဟာ ၂၀၁၉ အတွင်း ထုတ်လုပ်မယ့် ဖုန်းတွေမှာ pop-up အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ဖော်ထုတ်ဖူးပါတယ်။ အခုဆိုရင် သူက Vivo V15 Pro အတွက် ထုတ်လုပ်ထားတဲ့ ဆီလီကွန် case ပုံကို ဖော်ပြလိုက်ပါတယ်။

အဲဒီပုံအရ Vivo ကထုတ်လုပ်မယ့် V15 Pro မှာ ကင်မရာ၃လုံးနဲ့ pop-up selfie ကင်ရာတစ်ခု ပါဝင်လာနိုင်ပါတယ်။ Vivo ရဲ့ NEX စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ pop-up selfie ကင်မရာဟာ V15 Pro မှာ ပါဝင်လာနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဆီလီကွန် case အရ V15 Pro မှာ sensor ၃ ခု ပါဝင်လာဖွယ်ရှိပါတယ်။

V15 Pro ဖုန်းရဲ့ဘယ်ဘက်ခြမ်းမှာ Jovi အမည်ရ personal assistant အတွက် ခလုတ်တစ်ခုလည်း ပါဝင်လာနိုင်ပါတယ်။ အောက်ခြေမှာ USB charger နဲ့ အပေါ်ဘက်မှာ ၃.၅ မီလီမီတာ နားကြပ်ပေါက်လည်း ပါဝင်နို်င်ပါတယ်။

Vivo ရဲ့ V15 Pro ပတ်သက်ပြီး တရားဝင် အချက်အလက်တွေ မသိရသေးပေမယ့် မကြာခင်မှာ ဖုန်းကို ထုတ်ဖော်မိတ်ဆက်နိုင်ပါတယ်။

Ref: GSMArena