Vivo V11

Price : 559,000

အားသာခ်က္

ဒီဖုန္းမွာေတာ့ နည္းပညာအသစ္ျဖစ္တဲ့ In Display Fingerprint စနစ္ကိုအသံုးျပဳရမွာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ေတာ့ V11 ရဲ႕ကင္မရာ စနစ္မွာပိုမိုေကာင္းမြန္တဲ့ AI စနစ္ေတြကိုအားျဖည့္ထားၿပီး ဓာတ္ပံု႐ုိက္ဖို႔အတြက္ ေကာင္းမြန္တဲ့ အေထာက္အပံ့ေတြ ေပးႏိုင္တာေတြ႕ ရပါတယ္။ ဖုန္းမွာပါဝင္တဲ့ ဘက္ထရီရဲ႕ Capacity ေကာင္းမြန္တဲ့ အခ်က္နဲ႔ အားသြင္းႏႈန္းျမန္ဆန္တဲ့ Dual Engine First Charging စနစ္ပါဝင္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့အခ်က္ေတြပါပဲ။

အားနည္းခ်က္

ဒီဖုန္းက ကိုင္ရတာ ေပါ့ပါးၿပီး ပါးလႊာေပမယ့္ ေက်ာဘက္ကာဗာက ပလတ္စတစ္ဆန္ၿပီး ပါးတယ္လုိ႔ခံစားရၿပီး ထိခိုက္မႈေတြကို ခံႏိုင္ရည္ရွိ မလားဆုိတာကေတာ့ ေတြးစရာရွိပါတယ္။ ကင္မရာပိုင္းမွာ AI စနစ္ ေတြေတာ္ေတာ္ေလး ျပည့္စံုေကာင္းမြန္လာေပမယ့္ ေရွ႕ကထြက္ခဲ့တဲ့ V9 ထပ္ ကင္မရာ Megapixels နည္းသြားတဲ့အခ်က္တစ္ခ်က္လည္းရွိ ေနပါတယ္။

CPU

Octa-core 2.2 GHz Kryo 260 ေလးလံုးနဲ႔ 1.8 GHz Kryo 260 ေလးလံုး၊ စုစုေပါင္း Core ၈ လံုးသံုးထားၿပီး Qualcomm SDM660 Snapdragon 660 Chipset ကိုသံုးထားတာပါ။ ဒီ Chipset စနစ္ဟာ ေကာင္းတယ္လို႔ ေျပာလုိ႔ရေပမယ့္ ဒီဖုန္းရဲ႕ေစ်းႏႈန္းနဲ႔ဆိုရင္ေတာ့ ဒီထပ္ နည္းနည္းပိုျမင့္တဲ့ Chipset ပါရင္ပိုေကာင္းလာႏိုင္ပါတယ္။

ဒီဇိုင္း

ေရွ႕မ်က္ႏွာျပင္ အျပည့္ပံုစံမ်ိဳးရွိတဲ့ဖုန္းျဖစ္ၿပီး မ်က္ႏွာျပင္အေပၚထိပ္ ဘက္မွာ Notch ကို ေရွ႕ကင္မရာတစ္ခုစာ ေသးေသးေလးပဲ ထည့္သြင္း ထားတာေတြ႕ရပါတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္ျမင္ကြင္းက်ယ္ဝန္းၿပီး  ေဘးေဘာင္ေတြကလည္း ေတာ္ေတာ္ေလး ေသးတဲ့အတြက္ ၾကည့္ရတာ ေကာင္းပါတယ္။ ေက်ာဘက္ကာဗာမွာ အေရာင္ေတြကို ေရာင္ေျပးပံုစံမ်ိဳး လုပ္ထားၿပီး Fingerprint ကေရွ႕ဘက္မ်က္ႏွာျပင္ထဲ မွာ In Display ပံုစံနဲ႔ ထည့္သြင္းထားတာပါ။ ဒီဖုန္းမွာေတာ့ Micro USB စနစ္ကိုပဲ ဆက္သံုးထားတာေတြ႕ရပါတယ္။

မွတ္ဉာဏ္

Internal Memory 128GB ရွိၿပီး RAM ကေတာ့ 6GB RAM ပါ။ Micro SD Card ကိုလည္း 256GB အထိ ထပ္တိုးအသံုးျပဳႏုိင္ၿပီး SD Card သပ္သပ္ Sim Card ႏွစ္ကတ္သပ္သပ္စီအသံုးျပဳလို႔ရပါတယ္။

ကင္မရာ

AI Backlight HDR စနစ္ကဓာတ္ပံုေတြရဲ႕ ေနာက္ခံအလင္းေရာင္ ေတြကိုအေကာင္းဆံုး ထိန္းခ်ဳပ္ႏိုင္ပါတယ္။ AI Lowlight Mode ကေတာ့အလင္းေရာင္ နည္းတဲ့အခ်ိန္မွာလည္း ဓာတ္ပံုေကာင္းေတြဖန္တီးႏိုင္ပါတယ္။ V11 ရဲ႕ AI ကင္မရာမွာ ဓာတ္ပံု႐ိုက္တဲ့ ပတ္ဝန္းက်င္နဲ႔ အရာဝတၱဳပစၥည္းေတြေပၚ မွာလိုက္ၿပီး လိုအပ္တဲ့ အေရာင္အေသြးေတြ ခ်ိန္ညႇိေပးႏုိင္သလို AI Portrati စနစ္မွာဆိုရင္လည္း လူရဲ႕အခ်ိဳးအစားနဲ႔ မ်က္ႏွာပံုရိပ္ေတြကို Composition မွန္မွန္္နဲ႔ေဖာ္ျပႏိုင္ဖို႔ အလိုအေလ်ာက္ ေထာက္ပံ့စနစ္ေတြ ပါဝင္တဲ့အျပင္ Google Lens စနစ္နဲ႔ AI Assistant Jovi, Jovi Smart Scene ဆိုတဲ့စနစ္ေတြလည္းပါဝင္ပါတယ္။

သံုးသပ္ခ်က္

V11 မွာေတာ့ မွတ္ဉာဏ္ပိုင္းက သူ႔ေစ်းနဲ႔ဆိုရင္ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ေျပာလုိ႔ရပါတယ္။ နည္းပညာ အသစ္တစ္ခုျဖစ္တဲ့ In Display Fingerprint စနစ္ကိုအသံုးျပဳရမွာပါ။ ေရွ႕ကင္မရာနဲ႔ ေနာက္ဘက္ကင္မရာေတြ မွာထည့္သြင္းထားတဲ့ AIအေထာက္အပံ့ ေတြကလည္းေတာ္ေတာ္ေလး ေကာင္းမြန္တာ ေတြ႕ရပါတယ္။ဘက္ထ ရီ ကလည္းတစ္ေနရာအသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီ ပမာဏျဖစ္ၿပီး အားသြင္းျမန္တဲ့စနစ္ကိုလည္း ေထာက္ပံ့ေပးထား ပါေသးတယ္။ ေနာက္ဘက္ကင္မရာက V9 ထပ္ Megapixels နည္းသြားတဲ့အခ်က္တစ္ခ်က္နဲ႔ In Display Fingerprint စနစ္က Physical Fingerprint Scanner ေတြေလာက္ သိပ္ မျမန္တဲ့အခ်က္ေလးေတာ့ရွိပါတယ္။ ဒါေပမဲ့ V11 ရဲ႕ In Display Fingerprint စနစ္က ေတာ္ေတာ္ေလးေတာ့ သြက္လက္ေခ်ာေမြ႕မႈရွိတယ္လို႔ ေျပာလို႔ရပါတယ္။

Network      GSM – 2G/ 3G/ 4G

SIM              Dual SIM (Nano Sim)

OS                Android 8.1 (Oreo)

CPU             Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260)

GPU            Adreno 512

Camera      12 MP, f/1.8, 1/2.8″, dual pixel PDAF, 5 MP, f/2.4, depth sensor, LED flash, HDR, panorama

Video, Selfie 25 MP, f/2.0

Memory     Internal 128GB, RAM 6GB

Bluetooth  5.0, A2DP, LE, EDR

သူတို႔အျမင္

ကိုဝင္းျမတ္လြင္ (စမ္းသပ္အသံုးျပဳသူ)

In Display Fingerprint စနစ္ကိုေတာ့ သေဘာက်တယ္။ ဒီစ နစ္ကိုသံုးလိုက္တဲ့အတြက္ ဖုန္းရဲ႕ေရွ႕ျမင္ကြင္းမွာေရာ ေက်ာဘက္ ကာဗာေပၚမွာပါ ဘာခလုတ္ေတြမွမရွိေတာ့ပဲ ဖုန္းက ရွင္းလင္းသြား တယ္။ အဲ့ဒါကိုသေဘာက်တယ္။ ေနာက္တစ္ခ်က္က ကင္မရာေတြ မွာပါတဲ့ AI စနစ္ေတြကိုအရမ္းႀကိဳက္တယ္။ ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာ အေရာင္ေတြကို ခ်ိန္ေပးတာ ဥပမာ စားစရာကို႐ိုက္ရင္ AI ကစား စရာဆိုတာကိုသိၿပီး Food အေရာင္ကိုေျပာင္းေပးတယ္။ ႐ႈခင္းဆို ရင္ ႐ႈခင္းအေရာင္ေျပာင္းေပးတယ္။ အဲ့ဒါကိုသေဘာက်တယ္။ လူ ပံု Portrait ဆိုရင္လည္း ဓာတ္ပံု Rule ေတြနဲ႔ ကိုက္ညီေအာင္ အလို လိုခ်ိန္ေပးေနတယ္။ ဒါေတြကေတာ့ အရမ္းေကာင္းလာတဲ့အေျခအ ေနေတြလို႔ ေျပာရမွာပဲ။

ကိုေအာင္ခိုင္လင္း (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္းမွာပါလာတဲ့ AI စနစ္ေတြ ေတာ္ေတာ္ေလးေကာင္း လာတယ္ဆိုတာေတာ့ ေသခ်ာတယ္။ AI ရဲ႕ အလုပ္လုပ္ေပးတဲ့ပံုစံ နဲ႔ စနစ္ေတြ ေတာ္ေတာ္ေလး ေကာင္းလာတယ္။ ကင္မရာကေတာ့ V9 ထပ္ Megapixels နည္းနည္းနိမ့္သြားတာကိုေတာ့သိပ္သေဘာ မက်ခ်င္ဘူး။ ဘက္ထရီအသံုးခံတယ္၊ အားသြင္းရတာျမန္တယ္။ အဲ့ဒါေတြကိုသေဘာက်တယ္။ ေနာက္တစ္ခ်က္က Memory ပိုင္းက ေတာ္ေတာ္ေလးေကာင္းလာတယ္။ သူ႔ေစ်းနဲ႔ဆို သူ႔မွာပါတဲ့ Memory က ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ေျပာလုိ႔ ရတယ္။ ဒါေပမဲ့ Chipset ပိုင္းမွာေတာ့နည္းနည္း ေလ်ာ့တယ္လို႔ ျမင္တယ္။ ဒီထပ္ ႏွစ္ဆင့္ေလာက္ျမင့္တဲ့ Chipset နဲ႔ဆိုရင္ ဝယ္ဖို႔ လံုးဝကိုထိုက္ တန္တဲ့ဖုန္းလို႔ ေျပာလို႔ ရတယ္။ ခုလည္း သူ႔မွာပါတဲ့ နည္းပညာသစ္ ေတြနဲ႔ေတာ့ သူ႔ေစ်းက တန္ပါတယ္။

ကိုေအးကို (စမ္းသပ္အသံုးျပဳသူ)

ေစ်းနည္းနည္းမ်ားတယ္လုိ႔ ျမင္စရာရွိေပမယ့္ ဖုန္းမွာပါတဲ့အ ခ်က္အလက္ေတြနဲ႔ သံုးႏိုင္တဲ့ စနစ္ေတြကိုၾကည့္လိုက္တဲ့အခ်ိန္မွာ တန္တယ္လို႔ ေျပာလို႔ ရသြားပါတယ္။ Memory ကေတာ္ေတာ္ေလး ေကာင္းတယ္။ ဘက္ထရီကလည္း ေကာင္းတယ္။ အားသြင္းျမန္တဲ့ စနစ္လည္းပါတယ္။ ေနာက္တစ္ခ်က္က ကင္မရာမွာသံုးထားတဲ့ AI စနစ္ေတြေတာ္ေတာ္ေလးေကာင္းလာတယ္။ ေနာက္ပိုင္းဖုန္းေတြမွာ AI ေတြ အဆင့္ျမင့္လာရင္ လူေတြအတြက္ ပိုအသံုးတည့္လာႏိုင္ တယ္။ ေနာက္တစ္ခ်က္က Fingerprint ကိုဖုန္း Screen ရဲ႕ေအာက္ ထဲမွာ ထည့္ထားေပးလိုက္တာကလည္းနည္းပညာအသစ္တစ္ခုကို ထိေတြ႕ရတာေပါ့။ Physical Fingerprint Sensor ေတြေလာက္ ေတာ့ မျမန္ေပမယ့္ ေတာ္ေတာ္ေလးေတာ့ ေကာင္းပါတယ္။

-ကိုသက္

[ Unicode ]

Price : 559,000

အားသာချက်

ဒီဖုန်းမှာတော့ နည်းပညာအသစ်ဖြစ်တဲ့ In Display Fingerprint စနစ်ကိုအသုံးပြုရမှာဖြစ်ပါတယ်။ နောက်တစ်ချက်တော့ V11 ရဲ့ကင်မရာ စနစ်မှာပိုမိုကောင်းမွန်တဲ့ AI စနစ်တွေကိုအားဖြည့်ထားပြီး ဓာတ်ပုံရိုက်ဖို့အတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေ ပေးနိုင်တာတွေ့ ရပါတယ်။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ Capacity ကောင်းမွန်တဲ့ အချက်နဲ့ အားသွင်းနှုန်းမြန်ဆန်တဲ့ Dual Engine First Charging စနစ်ပါဝင်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းက ကိုင်ရတာ ပေါ့ပါးပြီး ပါးလွှာပေမယ့် ကျောဘက်ကာဗာက ပလတ်စတစ်ဆန်ပြီး ပါးတယ်လို့ခံစားရပြီး ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိ မလားဆိုတာကတော့ တွေးစရာရှိပါတယ်။ ကင်မရာပိုင်းမှာ AI စနစ် တွေတော်တော်လေး ပြည့်စုံကောင်းမွန်လာပေမယ့် ရှေ့ကထွက်ခဲ့တဲ့ V9 ထပ် ကင်မရာ Megapixels နည်းသွားတဲ့အချက်တစ်ချက်လည်းရှိ နေပါတယ်။

CPU

Octa-core 2.2 GHz Kryo 260 လေးလုံးနဲ့ 1.8 GHz Kryo 260 လေးလုံး၊ စုစုပေါင်း Core ၈ လုံးသုံးထားပြီး Qualcomm SDM660 Snapdragon 660 Chipset ကိုသုံးထားတာပါ။ ဒီ Chipset စနစ်ဟာ ကောင်းတယ်လို့ ပြောလို့ရပေမယ့် ဒီဖုန်းရဲ့စျေးနှုန်းနဲ့ဆိုရင်တော့ ဒီထပ် နည်းနည်းပိုမြင့်တဲ့ Chipset ပါရင်ပိုကောင်းလာနိုင်ပါတယ်။

ဒီဇိုင်း

ရှေ့မျက်နှာပြင်အပြည့်ပုံစံမျိုးရှိတဲ့ဖုန်းဖြစ်ပြီး မျက်နှာပြင်အပေါ်ထိပ် ဘက်မှာ Notch ကို ရှေ့ကင်မရာတစ်ခုစာ သေးသေးလေးပဲ ထည့်သွင်း ထားတာတွေ့ရပါတယ်။ ဒါကြောင့် မျက်နှာပြင်မြင်ကွင်းကျယ်ဝန်းပြီး ဘေးဘောင်တွေကလည်း တော်တော်လေး သေးတဲ့အတွက် ကြည့်ရတာ ကောင်းပါတယ်။ ကျောဘက်ကာဗာမှာ အရောင်တွေကို ရောင်ပြေးပုံစံမျိုး လုပ်ထားပြီး Fingerprint ကရှေ့ဘက်မျက်နှာပြင်ထဲ မှာ In Display ပုံစံနဲ့ ထည့်သွင်းထားတာပါ။ ဒီဖုန်းမှာတော့ Micro USB စနစ်ကိုပဲ ဆက်သုံးထားတာတွေ့ရပါတယ်။

မှတ်ဉာဏ်

Internal Memory 128GB ရှိပြီး RAM ကတော့ 6GB RAM ပါ။ Micro SD Card ကိုလည်း 256GB အထိ ထပ်တိုးအသုံးပြုနိုင်ပြီး SD Card သပ်သပ် Sim Card နှစ်ကတ်သပ်သပ်စီအသုံးပြုလို့ရပါတယ်။

ကင်မရာ

AI Backlight HDR စနစ်ကဓာတ်ပုံတွေရဲ့ နောက်ခံအလင်းရောင် တွေကိုအကောင်းဆုံး ထိန်းချုပ်နိုင်ပါတယ်။ AI Lowlight Mode ကတော့အလင်းရောင် နည်းတဲ့အချိန်မှာလည်း ဓာတ်ပုံကောင်းတွေဖန်တီးနိုင်ပါတယ်။ V11 ရဲ့ AI ကင်မရာမှာ ဓာတ်ပုံရိုက်တဲ့ ပတ်ဝန်းကျင်နဲ့ အရာဝတ္တုပစ္စည်းတွေပေါ် မှာလိုက်ပြီး လိုအပ်တဲ့ အရောင်အသွေးတွေ ချိန်ညှိပေးနိုင်သလို AI Portrati စနစ်မှာဆိုရင်လည်း လူရဲ့အချိုးအစားနဲ့ မျက်နှာပုံရိပ်တွေကို Composition မှန်မှန််နဲ့ဖော်ပြနိုင်ဖို့ အလိုအလျောက် ထောက်ပံ့စနစ်တွေ ပါဝင်တဲ့အပြင် Google Lens စနစ်နဲ့ AI Assistant Jovi, Jovi Smart Scene ဆိုတဲ့စနစ်တွေလည်းပါဝင်ပါတယ်။

သုံးသပ်ချက်

V11 မှာတော့ မှတ်ဉာဏ်ပိုင်းက သူ့စျေးနဲ့ဆိုရင်တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရပါတယ်။ နည်းပညာ အသစ်တစ်ခုဖြစ်တဲ့ In Display Fingerprint စနစ်ကိုအသုံးပြုရမှာပါ။ ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာတွေ မှာထည့်သွင်းထားတဲ့ AIအထောက်အပံ့ တွေကလည်းတော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ဘက်ထ ရီ ကလည်းတစ်နေရာအသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီ ပမာဏဖြစ်ပြီး အားသွင်းမြန်တဲ့စနစ်ကိုလည်း ထောက်ပံ့ပေးထား ပါသေးတယ်။ နောက်ဘက်ကင်မရာက V9 ထပ် Megapixels နည်းသွားတဲ့အချက်တစ်ချက်နဲ့ In Display Fingerprint စနစ်က Physical Fingerprint Scanner တွေလောက် သိပ် မမြန်တဲ့အချက်လေးတော့ရှိပါတယ်။ ဒါပေမဲ့ V11 ရဲ့ In Display Fingerprint စနစ်က တော်တော်လေးတော့ သွက်လက်ချောမွေ့မှုရှိတယ်လို့ ပြောလို့ရပါတယ်။

Network GSM – 2G/ 3G/ 4G

SIM Dual SIM (Nano Sim)

OS Android 8.1 (Oreo)

CPU Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260)

GPU Adreno 512

Camera 12 MP, f/1.8, 1/2.8″, dual pixel PDAF, 5 MP, f/2.4, depth sensor, LED flash, HDR, panorama

Video, Selfie 25 MP, f/2.0

Memory Internal 128GB, RAM 6GB

Bluetooth 5.0, A2DP, LE, EDR

သူတို့အမြင်

ကိုဝင်းမြတ်လွင် (စမ်းသပ်အသုံးပြုသူ)

In Display Fingerprint စနစ်ကိုတော့ သဘောကျတယ်။ ဒီစ နစ်ကိုသုံးလိုက်တဲ့အတွက် ဖုန်းရဲ့ရှေ့မြင်ကွင်းမှာရော ကျောဘက် ကာဗာပေါ်မှာပါ ဘာခလုတ်တွေမှမရှိတော့ပဲ ဖုန်းက ရှင်းလင်းသွား တယ်။ အဲ့ဒါကိုသဘောကျတယ်။ နောက်တစ်ချက်က ကင်မရာတွေ မှာပါတဲ့ AI စနစ်တွေကိုအရမ်းကြိုက်တယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ အရောင်တွေကို ချိန်ပေးတာ ဥပမာ စားစရာကိုရိုက်ရင် AI ကစား စရာဆိုတာကိုသိပြီး Food အရောင်ကိုပြောင်းပေးတယ်။ ရှုခင်းဆို ရင် ရှုခင်းအရောင်ပြောင်းပေးတယ်။ အဲ့ဒါကိုသဘောကျတယ်။ လူ ပုံ Portrait ဆိုရင်လည်း ဓာတ်ပုံ Rule တွေနဲ့ ကိုက်ညီအောင် အလို လိုချိန်ပေးနေတယ်။ ဒါတွေကတော့ အရမ်းကောင်းလာတဲ့အခြေအ နေတွေလို့ ပြောရမှာပဲ။

ကိုအောင်ခိုင်လင်း (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းမှာပါလာတဲ့ AI စနစ်တွေ တော်တော်လေးကောင်း လာတယ်ဆိုတာတော့ သေချာတယ်။ AI ရဲ့ အလုပ်လုပ်ပေးတဲ့ပုံစံ နဲ့ စနစ်တွေ တော်တော်လေး ကောင်းလာတယ်။ ကင်မရာကတော့ V9 ထပ် Megapixels နည်းနည်းနိမ့်သွားတာကိုတော့သိပ်သဘော မကျချင်ဘူး။ ဘက်ထရီအသုံးခံတယ်၊ အားသွင်းရတာမြန်တယ်။ အဲ့ဒါတွေကိုသဘောကျတယ်။ နောက်တစ်ချက်က Memory ပိုင်းက တော်တော်လေးကောင်းလာတယ်။ သူ့စျေးနဲ့ဆို သူ့မှာပါတဲ့ Memory က တော်တော်လေးကောင်းတယ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ Chipset ပိုင်းမှာတော့နည်းနည်း လျော့တယ်လို့ မြင်တယ်။ ဒီထပ် နှစ်ဆင့်လောက်မြင့်တဲ့ Chipset နဲ့ဆိုရင် ဝယ်ဖို့ လုံးဝကိုထိုက် တန်တဲ့ဖုန်းလို့ ပြောလို့ ရတယ်။ ခုလည်း သူ့မှာပါတဲ့ နည်းပညာသစ် တွေနဲ့တော့ သူ့စျေးက တန်ပါတယ်။

ကိုအေးကို (စမ်းသပ်အသုံးပြုသူ)

စျေးနည်းနည်းများတယ်လို့ မြင်စရာရှိပေမယ့် ဖုန်းမှာပါတဲ့အ ချက်အလက်တွေနဲ့ သုံးနိုင်တဲ့ စနစ်တွေကိုကြည့်လိုက်တဲ့အချိန်မှာ တန်တယ်လို့ ပြောလို့ ရသွားပါတယ်။ Memory ကတော်တော်လေး ကောင်းတယ်။ ဘက်ထရီကလည်း ကောင်းတယ်။ အားသွင်းမြန်တဲ့ စနစ်လည်းပါတယ်။ နောက်တစ်ချက်က ကင်မရာမှာသုံးထားတဲ့ AI စနစ်တွေတော်တော်လေးကောင်းလာတယ်။ နောက်ပိုင်းဖုန်းတွေမှာ AI တွေ အဆင့်မြင့်လာရင် လူတွေအတွက် ပိုအသုံးတည့်လာနိုင် တယ်။ နောက်တစ်ချက်က Fingerprint ကိုဖုန်း Screen ရဲ့အောက် ထဲမှာ ထည့်ထားပေးလိုက်တာကလည်းနည်းပညာအသစ်တစ်ခုကို ထိတွေ့ရတာပေါ့။ Physical Fingerprint Sensor တွေလောက် တော့ မမြန်ပေမယ့် တော်တော်လေးတော့ ကောင်းပါတယ်။

-ကိုသက်