Vivo V11 ႏွင့္ V11i ဖုန္းမ်ားအား ႀကိဳတင္မွာယူစနစ္ျဖင့္ ဝယ္ယူႏိုင္မည္

[Zawgyi]

 

Vivo မွအသစ္တင္သြင္းေရာင္းခ်မည့္ Vivo V11 ႏွင့္ V11i စမတ္ဖုန္းမ်ားအား စက္တင္ဘာ ၂၅ ရက္တြင္ ျပည္တြင္း၌ တရားဝင္မိတ္ဆက္သြားမည္ျဖစ္ၿပီး ႀကိဳတင္မွာယူလိုသူမ်ား အေနျဖင့္ စက္တင္ဘာ ၂၂ ရက္မွ စတင္ကာ မွာယူႏိုင္မည္ျဖစ္ၿပီး ႀကိဳတင္မွာယူမႈအား စက္တင္ဘာ ၂၈ အထိ ေဆာင္ရြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ႀကိဳတင္မွာယူစနစ္ ဝယ္ယူသူမ်ားအေနျဖင့္ မွာယူသည့္အခ်ိန္တြင္ ႀကိဳတင္မွာယူမႈ စရံေငြအျဖစ္ က်ပ္ ၃၀,၀၀၀ ေပးသြင္းရမည္ျဖစ္ၿပီး မွာယူသည့္ဆိုင္မွ Pre Order Card ႏွင့္အတူ လက္ေဆာင္ပစၥည္းဘူးကို ရရွိမည္ျဖစ္ သည္။ ႀကိဳတင္မွာယူထားသူမ်ားအတြက္ V11 အား စက္တင္ဘာ ၂၉ ရက္ေန႔တြင္ Pre Order Card ႏွင့္အတူ လာေရာက္ထုတ္ယူႏိုင္မည္ျဖစ္ၿပီး V11i အား ေအာက္တိုဘာ ၆ ရက္ေန႔တြင္ လာေရာက္ထုတ္ယူနိုင္မည္ျဖစ္ သည္။ ဖုန္းလာေရာက္ထုတ္ယူသည့္ေန႔တြင္ လက္က်န္ေငြအားေပးေခ်ရမည္ျဖစ္ၿပီး ယင္းေန႔တြင္ Pre Order လက္ေဆာင္ကို ထပ္မံရရွိမည္ျဖစ္ေၾကာင္း သိရသည္။

In Display Fingerprint Scanner ႏွင့္ AI ကင္မရာစနစ္မ်ားပါဝင္လာေသာ Vivo V11 အား စက္တင္ဘာ ၂၉ ရက္ေန႔တြင္ တစ္ႏိုင္ငံလံုးေစ်းကြက္သို႔ စတင္ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး V11i အား ေအာက္တိုဘာ ၆ ရက္ တြင္ စတင္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

[Unicode]

Vivo မှအသစ်တင်သွင်းရောင်းချမည့် Vivo V11 နှင့် V11i စမတ်ဖုန်းများအား စက်တင်ဘာ ၂၅ ရက်တွင် ပြည်တွင်း၌ တရားဝင်မိတ်ဆက်သွားမည်ဖြစ်ပြီး ကြိုတင်မှာယူလိုသူများ အနေဖြင့် စက်တင်ဘာ ၂၂ ရက်မှ စတင်ကာ မှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူမှုအား စက်တင်ဘာ ၂၈ အထိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်မှာယူစနစ် ဝယ်ယူသူများအနေဖြင့် မှာယူသည့်အချိန်တွင် ကြိုတင်မှာယူမှု စရံငွေအဖြစ် ကျပ် ၃၀,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး မှာယူသည့်ဆိုင်မှ Pre Order Card နှင့်အတူ လက်ဆောင်ပစ္စည်းဘူးကို ရရှိမည်ဖြစ် သည်။ ကြိုတင်မှာယူထားသူများအတွက် V11 အား စက်တင်ဘာ ၂၉ ရက်နေ့တွင် Pre Order Card နှင့်အတူ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပြီး V11i အား အောက်တိုဘာ ၆ ရက်နေ့တွင် လာရောက်ထုတ်ယူနိုင်မည်ဖြစ် သည်။ ဖုန်းလာရောက်ထုတ်ယူသည့်နေ့တွင် လက်ကျန်ငွေအားပေးချေရမည်ဖြစ်ပြီး ယင်းနေ့တွင် Pre Order လက်ဆောင်ကို ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

In Display Fingerprint Scanner နှင့် AI ကင်မရာစနစ်များပါဝင်လာသော Vivo V11 အား စက်တင်ဘာ ၂၉ ရက်နေ့တွင် တစ်နိုင်ငံလုံးစျေးကွက်သို့ စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး V11i အား အောက်တိုဘာ ၆ ရက် တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။