Vivo V11 ရဲ့ AI Selfie ကင်မရာမှာ ဘယ်လိုစွမ်းဆောင်ရည်တွေပါလာသလဲ

[Zawgyi]

Vivo ကနေပြည်တွင်းဈေးကွက်ထဲကို အသစ်တင်သွင်းရောင်းချလိုက်တဲ့ V11 ဟာ In Display Fingerprint စနစ်နဲ့ AI ကင်မရာစနစ်တွေကြောင့် လူသိများခဲ့ပါတယ်။ ဒီဖုန်းရဲ့ AI ကင်မရာစနစ်တွေထဲမှာ Selfie ကင်မရာ ရဲ့ AI စနစ်တွေက ဓာတ်ပုံရိုက်မယ့်သူတွေအတွက် ဘာတွေအသုံးတည့်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) AI Back light HDR

AI Backlight HDR ဆိုတာကတော့ Selfie ရိုက်မယ့်သူတွေအတွက် နောက်ခံအလင်းရောင်တွေကို အကောင်းဆုံးထိန်းညှိပေးနိုင်တဲ့စနစ်တစ်ခုပါ။ ဓာတ်ပုံရိုက်တဲ့အခါမှာ နောက်ခံအလင်းရောင်တွေများပြီး အလင်းတွေဖွာထွက်သွားတာမျိုးမဖြစ်အောင် ဒီစနစ်က ထိန်းသိမ်းပေးနိုင်ပါတယ်။ ဥပမာ ဆိုရရင်တော့ မီးချောင်းတွေထွန်းထားတဲ့ နောက်ခံမျိုးမှာ Selfie ရိုက်မယ်ဆိုရင် ပုံမှန်အခြေအနေမှာဆိုရင် မီးချောင်းတွေရဲ့ အလင်းရောင်တွေက အလင်းတွေ ပျံ့နေတာမျိုးဖြစ်လေ့ရှိပါတယ်။ AI Backlight HDR စနစ်ကတော့ နောက်ခံ မီးချောင်းတွေကို အလင်းတွေပျံ့မနေပဲ မီးချောင်းအတိုင်းမြင်ရအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

(၂) Selfie Lighting

Selfie Lighting ဆိုတဲ့စနစ်ကတော့ Selfie ရိုက်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ အလင်းရောင်နဲ့ ပုံစံတွေကို ထည့်သွင်းရိုက်ကူးနိုင်တဲ့စနစ်ဖြစ်ပါတယ်။ ဥပမာ Rainbow Light ဆိုတဲ့ စနစ်ဆိုရင် လူရဲ့အပေါ်ကနေအလင်း ရောင်ကိုဖြန့်ကျက်ထားသလိုပုံစံမျိုး ရိုက်နိုင်ပါတယ်။ ဒီစနစ်ထဲမှာ Lighting စနစ်ပေါင်း ၆ ခုပါဝင်ပါတယ်။ ဒီထဲမှာ စာရေးသူအကြိုက်ဆုံးပြောရရင်တော့ Monochrome Background ဆိုတဲ့ စနစ်ကိုသဘောကျပါတယ်။ Selfie ရိုက်တဲ့အချိန်မှာ ရှေ့ကလူက အရောင်နဲ့ ဖြစ်ပြီး နောက်ခံကို အဖြူအမည်း ပုံစံမျိုး လုပ်နိုင်တဲ့စနစ်ပါ။ နောက်ခံက အဖြူအမည်းဖြစ်သွားတဲ့အတွက် ရှေ့က လူပုံက ပိုပြီး ရုပ်လုံးကြွလာသလို နောက်ခံကလည်း ကြည့်ရတာ မျက်စိတော်တော်လေးအေးသွားစေပါတယ်။

(၃) AI Face Beauty

AI Face Beauty ဆိုတဲ့စနစ်ကတော့ တော်တော်လေး စုံစုံလင်လင်ရှိတဲ့ တစ်ခုလို့ ပြောရမှာပါ။ ဒီစနစ်ထဲမှာတော့ ဓာတ်ပုံရိုက်မယ့်သူက ကိုယ့်ရဲ့ မျက်နှာအနေအထားနဲ့ အသားအရောင်တွေကို ကိုယ့်စိတ်ကြိုက်ပုံစံမျိုး ချိန်ညှိပြီး ရိုက်လို့ ရပါတယ်။ ဒီစနစ်ထဲမှာတော့ Buffing လို့ခေါ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ အဖုတွေ၊ အစက်တွေကို ဖျောက်ပေးပြီးမျက်နှာကို ချောမွေ့အောင် ဖန်တီးပေးနိုင်ပါတယ်။ Skin tone နဲ့ Whitening ဆိုတဲ့စနစ်က အသားအရောင်ကို ချိန်ညှိပေးနိုင်ပါတယ်။ Thin Face ဆိုတဲ့စနစ်က မျက်နှာကိုသွယ်သွယ်လေး ဖြစ်အောင်ဖန်တီးပေးနိုင်ပါတယ်။Face Reshaping ဆိုတဲ့စနစ် ကလည်း မျက်နှာပုံစံကို သွယ်မလား၊ ဖောင်းမလား ဆိုတဲ့ လိုအပ်သလိုစီမံနိုင်ပါတယ်။ နောက်ပြီးတော့ မေးရိုးကိုပြုပြင်ပေးမယ့် Jaw ဆိုတဲ့စနစ်၊ မျက်လုံးအကျဉ်းအကျယ်ကို ချိန်ပေးမယ့် Enlarging, မျက်လုံးနှစ်ခုရဲ့ အကွာအဝေးကို ချိန်ညှိပေးမယ့် Eye span, နှာခေါင်းကိုပြုပြင်ပေးမယ့် Thin nose နဲ့ Nose ဆိုတဲ့စနစ်၊ ပါးစပ်ကို ချိန်ညှိပေးမယ့် Mouth shape ဆိုတဲ့စနစ်တွေပါလာပါတယ်။

[Unicode]