Vivo V11 ရဲ႕ AI ကင္မရာစနစ္မွာ ဘာေတြသံုးႏိုင္သလဲ

[ Zawgyi ]

Vivo ကေန ျပည္တြင္းေစ်းကြက္ထဲကို အသစ္တင္သြင္းေရာင္းခ်လိုက္တဲ့ V11 ရဲ႕ ကင္မရာစနစ္မွာ AI စနစ္ေတြ အမ်ားအျပား ပါဝင္လာတာ ေတြ႕ရပါတယ္။ ပါဝင္လာတဲ့ AI စနစ္ေတြကေတာ့ AI Portrait Framing, AI Face Shaping, AI Backlight HDR နဲ႔ AI Lowlight mode ဆိုတဲ့ စနစ္ေတြပဲျဖစ္ပါတယ္။ ဒီေလာက္ AI စနစ္ေတြအမ်ားႀကီးက စမတ္ဖုန္း Photography အတြက္ ဘယ္လိုေတြ အေထာက္အကူ ျဖစ္ႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

AI Portrait Framing

AI Portrait Framing ဆိုတာကေတာ့ Portrait ဓာတ္ပံုေတြကို ဖန္တီးတဲ့အခ်ိန္မွာ ဓာတ္ပံု႐ိုက္တဲ့သူအတြက္ အကူအညီအမ်ားႀကီး ေပးႏိုင္တဲ့ စနစ္တစ္ခု ျဖစ္ပါတယ္။ Portrait ဓာတ္ပံုေတြမွာ ဓာတ္ပံု႐ိုက္ခံတဲ့ လူ (Subject) အတြက္ ေကာင္းမြန္တဲ့ Composition နဲ႔ အခ်ိဳးအစားကို ခ်ိန္ညႇိေပးႏိုင္တဲ့ စနစ္လို႔လည္း ေျပာလုိ႔ရပါတယ္။ လူတစ္ေယာက္ကို Portrait စနစ္နဲ႔ ဓာတ္ပံု႐ိုက္ဖို႔ ျပဳလုပ္လိုက္တဲ့ အခ်ိန္မွာ AI Portrait Framing စနစ္က ဓာတ္ပံု႐ိုက္ခံသူရဲ႕ အခ်ိဳးအစားနဲ႔ မ်က္ႏွာအေျခ အေနေတြကို အလိုအေလ်ာက္ ဖတ္ယူေပးပါတယ္။ ဒီလိုဖတ္ယူၿပီးတဲ့အခ်ိန္မွာ ကင္မရာမွာ စက္ဝိုင္းပံုစံတစ္ခုနဲ႔ အစက္ေလးတစ္ခုေပၚလာမွာျဖစ္ၿပီး အဲ့ဒီစက္ဝိုင္းနဲ႔ အစက္ေလးကို တည့္မတ္ေအာင္ ခ်ိန္ေပးလိုက္တဲ့အခ်ိန္မွာ ကင္မရာက AI စနစ္နဲ႔ အလိုအေလ်ာက္ ဓာတ္ပံု႐ိုက္ေပးမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး AI Portrait Framing စနစ္နဲ႔ ဓာတ္ပံု႐ိုက္လိုက္တဲ့ Portrait ပံုတစ္ပံုဟာ Composition ညီမွ်တဲ့ ပံုတစ္ပံုအျဖစ္ ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီစနစ္ဟာ ဓာတ္ပံုသမားေတြအတြက္ေတာ့ Portrait ဓာတ္ပံုေတြအတြက္ အမ်ားႀကီး ကူညီေပးႏိုင္ပါလိမ့္မယ္။

AI Face Shaping

AI Face Shaping ဆိုတာကေတာ့ Selfie ဓာတ္ပံုေတြကို ႐ိုက္တဲ့အခါမွာ ဓာတ္ပံု႐ိုက္တဲ့သူက ကိုယ့္ရဲ႕မ်က္ႏွာကို စိတ္ႀကိဳက္ အေျခအေနမ်ိဳးအထိ ခ်ိန္ညႇိေပးႏိုင္တဲ့ စနစ္ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ဆိုရင္ေတာ့ V Shape မ်က္ႏွာပံုစံမ်ိဳးကို ပံုေဖာ္ေပးႏိုင္တဲ့ AI ကင္မရာစနစ္လို႔လည္း ေျပာလို႔ရပါတယ္။ မိမိရဲ႕ မူရင္းမ်က္ႏွာ အေျခအေနတစ္ခုကိုလည္း မေပ်ာက္ပ်က္ေစပဲနဲ႔ AI Face Shaping စနစ္ကမ်က္ႏွာကို အေကာင္းဆံုး အခ်ိဳးအစားတစ္ခုျဖစ္ေအာင္ ဖန္တီးေပးႏိုင္တဲ့ စနစ္တစ္ခုလည္း ျဖစ္ပါတယ္။

AI Backlight HDR

AI Backlight HDR ဆိုတာေတာ့ ဓာတ္ပံုတစ္ပံုအတြက္ လိုအပ္တဲ့ ေနာက္ခံအလင္းအေမွာင္အေျခ အေနေတြကို ခ်ိန္ညႇိေပးႏိုင္တဲ့ စနစ္တစ္ခုျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ဆိုရင္ေတာ့ မီးေခ်ာင္းေတြထြန္း ထားတဲ့အခန္းမွာဓာတ္ပံု႐ိုက္တာ၊ ေနာက္ခံ ေနအလင္းေရာင္ အရမ္းမ်ားေနတဲ့အခ်ိန္ေတြမွာ ဓာတ္ပံု႐ိုက္တဲ့အခါ မ်ိဳးေတြမွာ ေနာက္ခံအလင္းေရာင္ေတြ အရမ္းမ်ားၿပီး အလင္းေတြ ဖြာထြက္၊ ျပန္႔ထြက္ေနတာမ်ိဳး မျဖစ္ေစပဲ ေနာက္ခံအလင္းေရာင္ေတြနဲ႔ လူရဲ႕ အလင္းေရာင္ကို အေကာင္းဆံုး က်စ္က်စ္လ်စ္လ်စ္ျဖစ္ေအာင္ ခ်ိန္ညႇိေပးႏိိုင္တဲ့ စနစ္တစ္ခုပဲျဖစ္ပါတယ္။ ဒီစနစ္ဟာ လူရဲ႕ ေနာက္ခံအလင္းေရာင္အေျခအေနကို အလိုအေလ်ာက္သိရွိၿပီး အေကာင္းဆံုး ခ်ိန္ညႇိေပးႏိုင္တဲ့ စနစ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ AI Baklight HDR စနစ္နဲ႔ ဓာတ္ပံု႐ိုက္မယ္ဆိုရင္ ေကာင္းမြန္တဲ့ ေနာက္ခံအလင္းေရာင္ အေျခအေနရွိတဲ့ ဓာတ္ပံုေတြကို ဖန္တီးႏိုင္ပါလိမ့္မယ္။

AI Lowlight Mode

AI Lowlight Mode ဆိုတာကေတာ့ အလင္းအားနည္းတဲ့ အေျခအေနမွာ ေကာင္းမြန္တဲ့ ဓာတ္ပံုေတြကို ဖန္တီးႏိုင္ဖို႔အတြက္ ျပဳလုပ္ေပးထားတဲ့ စနစ္တစ္ခုျဖစ္ပါတယ္။ ဓာတ္ပံုကင္မရာေတြ မွာအလင္းအား အရမ္းနည္းတဲ့ေနရာေတြကိုေရာက္ရင္ Focus ျဖတ္ေပးဖို႔ ခက္ခဲ့အေျခအေနမ်ိဳးေတြ ရွိတက္ပါတယ္။ ဒီလိုမ်ိဳး Focus လုပ္ဖို႔ ခက္ခဲတဲ့ အေျခအေနေတြမွာေတာ့ AI Lowlight စနစ္ကအေကာင္း ဆံုးအလုပ္လုပ္ေပးႏိုင္ပါတယ္။ အလင္းေရာင္အားနည္းတဲ့ ေနရာေတြမွာ ဓာတ္ပံု႐ိုက္တဲ့အခါ ကင္မရာရဲ႕ AI စနစ္ကေန Subject အတြက္ Focus ကိုေသခ်ာသိရွိၿပီး ေကာင္းမြန္တဲ့ ဓာတ္ပံုတစ္ခုကို ဖန္တီးႏိုင္မယ့္ စနစ္တစ္ခုျဖစ္ပါတယ္။

ဒါေတြကေတာ့ Vivo V11 ရဲ႕ ကင္မရာစနစ္မွာ အသံုးျပဳႏိုင္မယ့္ AI စနစ္ေတြပဲျဖစ္ပါတယ္။

[ Unicode ]

Vivo ကနေ ပြည်တွင်းစျေးကွက်ထဲကို အသစ်တင်သွင်းရောင်းချလိုက်တဲ့ V11 ရဲ့ ကင်မရာစနစ်မှာ AI စနစ်တွေ အများအပြား ပါဝင်လာတာ တွေ့ရပါတယ်။ ပါဝင်လာတဲ့ AI စနစ်တွေကတော့ AI Portrait Framing, AI Face Shaping, AI Backlight HDR နဲ့ AI Lowlight mode ဆိုတဲ့စနစ်တွေပဲဖြစ်ပါတယ်။ ဒီလောက် AI စနစ်တွေအများကြီးက စမတ်ဖုန်း Photography အတွက် ဘယ်လိုတွေ အထောက်အကူ ဖြစ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

AI Portrait Framing

AI Portrait Framing ဆိုတာကတော့ Portrait ဓာတ်ပုံတွေကို ဖန်တီးတဲ့အချိန်မှာ ဓာတ်ပုံရိုက်တဲ့သူအတွက် အကူအညီအများကြီး ပေးနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ Portrait ဓာတ်ပုံတွေမှာ ဓာတ်ပုံရိုက်ခံတဲ့ လူ (Subject) အတွက် ကောင်းမွန်တဲ့ Composition နဲ့ အချိုးအစားကို ချိန်ညှိပေးနိုင်တဲ့ စနစ်လို့လည်း ပြောလို့ရပါတယ်။ လူတစ်ယောက်ကို Portrait စနစ်နဲ့ ဓာတ်ပုံရိုက်ဖို့ ပြုလုပ်လိုက်တဲ့ အချိန်မှာ AI Portrait Framing စနစ်က ဓာတ်ပုံရိုက်ခံသူရဲ့ အချိုးအစားနဲ့ မျက်နှာအခြေ အနေတွေကို အလိုအလျောက် ဖတ်ယူပေးပါတယ်။ ဒီလိုဖတ်ယူပြီးတဲ့အချိန်မှာ ကင်မရာမှာ စက်ဝိုင်းပုံစံတစ်ခုနဲ့ အစက်လေးတစ်ခုပေါ်လာမှာဖြစ်ပြီး အဲ့ဒီစက်ဝိုင်းနဲ့ အစက်လေးကို တည့်မတ်အောင် ချိန်ပေးလိုက်တဲ့အချိန်မှာ ကင်မရာက AI စနစ်နဲ့ အလိုအလျောက် ဓာတ်ပုံရိုက်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး AI Portrait Framing စနစ်နဲ့ ဓာတ်ပုံရိုက်လိုက်တဲ့ Portrait ပုံတစ်ပုံဟာ Composition ညီမျှတဲ့ ပုံတစ်ပုံအဖြစ် ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီစနစ်ဟာ ဓာတ်ပုံသမားတွေအတွက် တော့ Portrait ဓာတ်ပုံတွေအတွက် အများကြီး ကူညီပေးနိုင်ပါလိမ့်မယ်။

AI Face Shaping

AI Face Shaping ဆိုတာကတော့ Selfie ဓာတ်ပုံတွေကို ရိုက်တဲ့အခါမှာ ဓာတ်ပုံရိုက်တဲ့သူက ကိုယ့်ရဲ့မျက်နှာကို စိတ်ကြိုက် အခြေအနေမျိုးအထိ ချိန်ညှိပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်တော့ V Shape မျက်နှာပုံစံမျိုးကို ပုံဖော်ပေးနိုင်တဲ့ AI ကင်မရာစနစ်လို့လည်း ပြောလို့ရပါတယ်။ မိမိရဲ့ မူရင်းမျက်နှာ အခြေအနေတစ်ခုကိုလည်း မပျောက်ပျက်စေပဲနဲ့ AI Face Shaping စနစ်ကမျက်နှာကို အကောင်းဆုံး အချိုးအစားတစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။

AI Backlight HDR

AI Backlight HDR ဆိုတာတော့ ဓာတ်ပုံတစ်ပုံအတွက် လိုအပ်တဲ့ နောက်ခံအလင်းအမှောင်အခြေ အနေတွေကို ချိန်ညှိပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်တော့ မီးချောင်းတွေထွန်း ထားတဲ့အခန်းမှာဓာတ်ပုံရိုက်တာ၊ နောက်ခံ နေအလင်းရောင် အရမ်းများနေတဲ့အချိန်တွေမှာ ဓာတ်ပုံရိုက်တဲ့အခါ မျိုးတွေမှာ နောက်ခံအလင်းရောင်တွေ အရမ်းများပြီး အလင်းတွေ ဖွာထွက်၊ ပြန့်ထွက်နေတာမျိုး မဖြစ်စေပဲ နောက်ခံအလင်းရောင်တွေနဲ့ လူရဲ့ အလင်းရောင်ကို အကောင်းဆုံး ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ချိန်ညှိပေးနိိုင်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီစနစ်ဟာ လူရဲ့ နောက်ခံအလင်းရောင်အခြေအနေကို အလိုအလျောက်သိရှိပြီး အကောင်းဆုံး ချိန်ညှိပေးနိုင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် AI Baklight HDR စနစ်နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ နောက်ခံအလင်းရောင် အခြေအနေရှိတဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။

AI Lowlight Mode

AI Lowlight Mode ဆိုတာကတော့ အလင်းအားနည်းတဲ့ အခြေအနေမှာ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်ဖို့အတွက် ပြုလုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံကင်မရာတွေ မှာအလင်းအား အရမ်းနည်းတဲ့နေရာတွေကိုရောက်ရင် Focus ဖြတ်ပေးဖို့ ခက်ခဲ့အခြေအနေမျိုးတွေ ရှိတက်ပါတယ်။ ဒီလိုမျိုး Focus လုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာတော့ AI Lowlight စနစ်ကအကောင်း ဆုံးအလုပ်လုပ်ပေးနိုင်ပါတယ်။ အလင်းရောင်အားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာရဲ့ AI စနစ်ကနေ Subject အတွက် Focus ကိုသေချာသိရှိပြီး ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ခုကို ဖန်တီးနိုင်မယ့် စနစ်တစ်ခုဖြစ်ပါတယ်။

ဒါတွေကတော့ Vivo V11 ရဲ့ ကင်မရာစနစ်မှာ အသုံးပြုနိုင်မယ့် AI စနစ်တွေပဲဖြစ်ပါတယ်။