Vivo ရဲ႕ AI နည္းပညာမွာ ဘာေတြပါလာမွာလဲ

[ Zawgyi ]

Vivo ရဲ႕ AI ကင္မရာမွာေတာ့ AI Backlight HDR နဲ႔ AI Low Light Mode မွာအႏုစိတ္ frame အမ်ိဳးမ်ိဳးကုိ ႐ိုက္ကူးႏိုင္ဖို႔ AI algorithm ေတြ အသုံးျပဳထားတဲ့အတြက္ ေနဝင္ဆည္းဆာ ေတြလိုမ်ိဳး အလင္းအားနည္းတဲ့ ပတ္ဝန္းက်င္ေတြမွာ ဓာတ္ပုံ႐ိုက္ကူးရ ခက္ခဲတဲ့အခ်ိန္မွာ ပုံေကာင္းေတြကုိ ေပါင္းစပ္ဖန္တီးေပးနိုင္ပါတယ္။

AI ဓာတ္ပုံ႐ိုက္ကူးမႈ AI Scene Recognition လည္းပါဝင္ၿပီး အရာဝတၳဳေတြနဲ႔ ႐ႈခင္းအမ်ိဳးမ်ိဳးကုိ ခြဲျခားေဖာ္ထုတ္ေပးႏိုင္တဲ့အျပင္ ဓာတ္ပုံကုိ အသက္ဝင္ေအာင္ အဆင့္ျမႇင့္တင္မႈအမ်ိဳးမ်ိဳးကုိ ျပဳလုပ္ေပးႏိုင္ပါတယ္။ ေနရာတုိင္းမွာ ၿပီးျပည့္စုံတဲ့ selfie ဓာတ္ပုံေတြကုိ ႐ိုက္ကူးႏိုင္ဖုိ႔ AI Face Shaping နည္းပညာသစ္ကုိ မိတ္ဆက္ထားပါေသးတယ္။

အဲဒီနည္းပညာမွာပါဝင္တဲ့ AI face-modelling algorithm ကဓာတ္ပုံ႐ိုက္ကူးသူရဲ႕ မ်က္ႏွာအသြင္အျပင္ေတြကုိ အေကာင္းဆုံး ျဖစ္ေအာင္ ျပဳလုပ္ကာ အလွဆုံးျဖစ္ေအာင္ လုပ္ေပးႏိုင္ပါတယ္။ အဆင့္ျမႇင့္တင္ထားတဲ့ AI Selfie Lighting feature မွာသုံးစြဲသူရဲ႕ မ်က္ႏွာကုိ အလင္းနဲ႔သုံးဖက္ျမင္ ႐ႈေထာင့္ကို အျပန္အလွန္တုံ႔ျပန္ပုံကုိ နားလည္တဲ့ AI algorithm နဲ႔ အလင္း effect ေတြပါဝင္လာပါတယ္။

AI Portrait Framing ကေတာ့ artificial intelligence လမ္းညႊန္ခ်က္ကုိ အသုံးျပဳၿပီး ဓာတ္ပုံေကာင္းေတြ ႐ိုက္ကူးႏိုင္ပါတယ္။ ဓာတ္ပုံေကာင္းေတြကုိ ႐ိုက္ကူးဖို႔ ဖုန္းကုိ ဘယ္လိုကုိင္တြယ္ရမလဲဆိုတာ လမ္းညႊန္ေပးမွာ ျဖစ္ပါတယ္။ ပိုမုိေကာင္းမြန္တဲ့ AI မိုဘိုင္းအေတြ႕အႀကဳံကုိ တုိးခ်ဲ႕ဖုိ႔ Vivo ရဲ႕ AI assistant Jovi ကုိထည့္သြင္းထားၿပီး Jovi Smart Scene, Google Lens နဲ႔ Google Assistant လိုမ်ိဳး feature ေတြပါဝင္လာပါတယ္။

Jovi Smart Scene ကုိအသုံးျပဳၿပီး အခ်ိန္နဲ႔တစ္ေျပးညီ သတင္းအခ်က္အလက္နဲ႔ ရာသီဥတုေတြကုိ ၾကည့္႐ႈႏိုင္ပါတယ္။ Google Assistant ကေတာ့ ေျမပုံလမ္းညႊန္မႈ၊ အြန္လုိင္းေဈးဝယ္ထြက္တာ၊ ခရီးသြားလာဖို႔ စီစဥ္တာ၊ ေတးဂီတ၊ ဗီဒီယိုနဲ႔ လူမႈေရး မီဒီယာၾကည့္႐ႈတာေတြမွာ အသုံးခ်ႏိုင္ပါတယ္။ Google Lens မွာ deep-learning algorithm ေတြ aထာက္ပံ့ထားၿပီး ျမင္ေတြ႕ရတဲ့ အရာဝတၳဳေတြကုိ ရွာေဖြႏိုင္ပါတယ္။

[ Unicode ]

Vivo ရဲ့ AI ကင်မရာမှာတော့ AI Backlight HDR နဲ့ AI Low Light Mode မှာအနုစိတ် frame အမျိုးမျိုးကို ရိုက်ကူးနိုင်ဖို့ AI algorithm တွေ အသုံးပြုထားတဲ့အတွက် နေဝင်ဆည်းဆာ တွေလိုမျိုး အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်တွေမှာ ဓာတ်ပုံရိုက်ကူးရ ခက်ခဲတဲ့အချိန်မှာ ပုံကောင်းတွေကို ပေါင်းစပ်ဖန်တီးပေးနိုင်ပါတယ်။

AI ဓာတ်ပုံရိုက်ကူးမှု AI Scene Recognition လည်းပါဝင်ပြီး အရာဝတ္ထုတွေနဲ့ ရှုခင်းအမျိုးမျိုးကို ခွဲခြားဖော်ထုတ်ပေးနိုင်တဲ့အပြင် ဓာတ်ပုံကို အသက်ဝင်အောင် အဆင့်မြှင့်တင်မှုအမျိုးမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။ နေရာတိုင်းမှာ ပြီးပြည့်စုံတဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ AI Face Shaping နည်းပညာသစ်ကို မိတ်ဆက်ထားပါသေးတယ်။

အဲဒီနည်းပညာမှာပါဝင်တဲ့ AI face-modelling algorithm ကဓာတ်ပုံရိုက်ကူးသူရဲ့ မျက်နှာအသွင်အပြင်တွေကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ကာ အလှဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ AI Selfie Lighting feature မှာသုံးစွဲသူရဲ့ မျက်နှာကို အလင်းနဲ့သုံးဖက်မြင် ရှုထောင့်ကို အပြန်အလှန်တုံ့ပြန်ပုံကို နားလည်တဲ့ AI algorithm နဲ့ အလင်း effect တွေပါဝင်လာပါတယ်။

AI Portrait Framing ကတော့ artificial intelligence လမ်းညွှန်ချက်ကို အသုံးပြုပြီး ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံကောင်းတွေကို ရိုက်ကူးဖို့ ဖုန်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ AI မိုဘိုင်းအတွေ့အကြုံကို တိုးချဲ့ဖို့ Vivo ရဲ့ AI assistant Jovi ကိုထည့်သွင်းထားပြီး Jovi Smart Scene, Google Lens နဲ့ Google Assistant လိုမျိုး feature တွေပါဝင်လာပါတယ်။

Jovi Smart Scene ကိုအသုံးပြုပြီး အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်နဲ့ ရာသီဥတုတွေကို ကြည့်ရှုနိုင်ပါတယ်။ Google Assistant ကတော့ မြေပုံလမ်းညွှန်မှု၊ အွန်လိုင်းဈေးဝယ်ထွက်တာ၊ ခရီးသွားလာဖို့ စီစဉ်တာ၊ တေးဂီတ၊ ဗီဒီယိုနဲ့ လူမှုရေး မီဒီယာကြည့်ရှုတာတွေမှာ အသုံးချနိုင်ပါတယ်။ Google Lens မှာ deep-learning algorithm တွေ aထာက်ပံ့ထားပြီး မြင်တွေ့ရတဲ့ အရာဝတ္ထုတွေကို ရှာဖွေနိုင်ပါတယ်။