Vive Cosmos အမည္ရ VR headset သစ္တစ္မ်ိဳးကုိ HTC အျမည္းမိတ္ဆက္

[ Zawgyi ]

HTC အေနနဲ႔ လူတိုင္း virtual reality ကိုအလြယ္တကူ အသုံးျပဳႏိုင္ဖို႔အတြက္ Vive Cosmos ထုတ္ကုန္ကုိ အျမည္းမိတ္ဆက္လိုက္ပါတယ္။

CES 2019 မွာ ထုတ္ေဖာ္မိတ္ဆက္ခဲ့တဲ့ Vive Cosmos ဟာအျခား VR ထုတ္ကုန္ေတြထက္ အလြယ္တကူ set up လုပ္ႏိုင္ၿပီး သက္ေတာင့္သက္သာ အသုံးျပဳႏိုင္တဲ့ VR headset တစ္မ်ိဳး ျဖစ္ပါတယ္။

Cosmos ထုတ္ကုန္ဟာ VR က႑အတြက္ HTC အတြက္ေနာက္ဆုံးေပၚ ေျခလွမ္းတစ္ရပ္ျဖစ္ပါတယ္။ HTC ဟာ VR နည္းပညာကုိ အေစာပိုင္းကတညး္က ေထာက္ခံအားေပးခဲ့ပါတယ္။ Facebook ရဲ႕ Oculus, Samsung နဲ႔ Google လိုမ်ိဳး အေရးပါတဲ့ ကုမၸဏီေတြက VR ကိုစိတ္ဝင္တစား ေလ့လာစူးစမ္းေနၾကပါတယ္။ ဒါေပမယ့္ စိတ္ဝင္စားသူေတာ္ေတာ္မ်ားမ်ားက ေဈးႏႈန္းျမင့္မားတဲ့ VR headset ေတြနဲ႔ အေစာပုိင္းထြက္ရွိတဲ့ headset ထုတ္ကုန္ေတြကုိ ဝယ္ယူဖို႔ မတတ္ႏိုင္ၾကပါဘူး။ တန္ဖိုးႀကီး ႐ုပ္ရွင္႐ုံလိုမ်ိဳး VR ထုတ္လုပ္မႈေတြ ရွိေပမယ့္လညး္ အကန္႔အသတ္နဲ႔ပဲ ခံစားႏိုင္ၾကပါတယ္။

HTC ရဲ႕ Vive လုပ္ငန္းအေထြေထြမန္ေနဂ်ာ ဒန္နီရယ္အိုဘ႐ိုင္ယန္က Cosmos ရဲ႕သက္ေတာင့္သက္သာရွိမႈနဲ႔ လြယ္ကူစြာ setup လုပ္ႏိုင္တဲ့အေၾကာငး္ကို CES သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။ Cosmos ရဲ႕ကင္မရာေတြက အျပင္ဘက္မွာရွိိၿပီး ေျခရာခံတဲ့ကိရိယာထည့္သြင္းစရာမလိုပါဘူး။ ဒီဇိုင္းကေတာ့ အေပၚဘက္ကုိ လွန္ရတဲ့ flip-up ဒီဇိုင္းျဖစ္ပါတယ္။ Cosmos ကို desktop PC ဒါမွမဟုတ္ gaming laptop နဲ႔အသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာ စမတ္ဖုနး္ေတြနဲ႔ အသုံးျပဳလို႔ရေအာင္ ျပဳလုပ္ေပးသြားမယ္လို႔ HTC ကေျပာခဲ့ပါေသးတယ္။

Cosmos ကုိဒီႏွစ္ေႏွာင္းပုိင္းမွာ ျဖန္႔ခ်ိေရာင္းခ်ဖြယ္ရွိပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

HTC အနေနဲ့ လူတိုင်း virtual reality ကိုအလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် Vive Cosmos ထုတ်ကုန်ကို အမြည်းမိတ်ဆက်လိုက်ပါတယ်။

CES 2019 မှာ ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Vive Cosmos ဟာအခြား VR ထုတ်ကုန်တွေထက် အလွယ်တကူ set up လုပ်နိုင်ပြီး သက်တောင့်သက်သာ အသုံးပြုနိုင်တဲ့ VR headset တစ်မျိုး ဖြစ်ပါတယ်။

Cosmos ထုတ်ကုန်ဟာ VR ကဏ္ဍအတွက် HTC အတွက်နောက်ဆုံးပေါ် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ HTC ဟာ VR နည်းပညာကို အစောပိုင်းကတညး်က ထောက်ခံအားပေးခဲ့ပါတယ်။ Facebook ရဲ့ Oculus, Samsung နဲ့ Google လိုမျိုး အရေးပါတဲ့ ကုမ္ပဏီတွေက VR ကိုစိတ်ဝင်တစား လေ့လာစူးစမ်းနေကြပါတယ်။ ဒါပေမယ့် စိတ်ဝင်စားသူတော်တော်များများက ဈေးနှုန်းမြင့်မားတဲ့ VR headset တွေနဲ့ အစောပိုင်းထွက်ရှိတဲ့ headset ထုတ်ကုန်တွေကို ဝယ်ယူဖို့ မတတ်နိုင်ကြပါဘူး။ တန်ဖိုးကြီး ရုပ်ရှင်ရုံလိုမျိုး VR ထုတ်လုပ်မှုတွေ ရှိပေမယ့်လညး် အကန့်အသတ်နဲ့ပဲ ခံစားနိုင်ကြပါတယ်။

HTC ရဲ့ Vive လုပ်ငန်းအထွေထွေမန်နေဂျာ ဒန်နီရယ်အိုဘရိုင်ယန်က Cosmos ရဲ့သက်တောင့်သက်သာရှိမှုနဲ့ လွယ်ကူစွာ setup လုပ်နိုင်တဲ့အကြောငး်ကို CES သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ Cosmos ရဲ့ကင်မရာတွေက အပြင်ဘက်မှာရှိိပြီး ခြေရာခံတဲ့ကိရိယာထည့်သွင်းစရာမလိုပါဘူး။ ဒီဇိုင်းကတော့ အပေါ်ဘက်ကို လှန်ရတဲ့ flip-up ဒီဇိုင်းဖြစ်ပါတယ်။ Cosmos ကို desktop PC ဒါမှမဟုတ် gaming laptop နဲ့အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ စမတ်ဖုနး်တွေနဲ့ အသုံးပြုလို့ရအောင် ပြုလုပ်ပေးသွားမယ်လို့ HTC ကပြောခဲ့ပါသေးတယ်။

Cosmos ကိုဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိရောင်းချဖွယ်ရှိပါတယ်။

Ref: CNET