Viu App တြင္ ျမန္မာဇာတ္လမ္းတြဲမ်ား ႐ိုက္ကူးတင္ဆက္ရန္စီစဥ္

[ Zawgyi ]

Viu Original ျဖစ္တဲ့ ျမန္မာဇာတ္လမ္းတြဲေတြကို ရိုက္ကူးတင္ဆက္ႏိုင္ဖို႔အတြက္ စီစဥ္လ်က္ရွိတယ္လို႔ Viu Myanmar Media ရဲ႕ Country Manager Manager ျဖစ္သူ Lavina Tauro ကေျပာပါတယ္။

“Viu ရဲ႕ႏိုင္ငံတကာကၽြမ္းက်င္မႈေတြ၊ ျမန္မာႏိုင္ငံရဲ႕ ကိုယ္ပိုင္ဇာတ္ညႊန္းေတြနဲ႔ သရုပ္ေဆာာင္ေတြကို အသံုးျပဳၿပီး ႏိုင္ငံတကာအဆင့္မီ ျမန္မာရုပ္သံဇာတ္လမ္းတြဲေတြကို ဖန္တီးသြားမွာ ျဖစ္ပါတယ္” လို႔ ၎ကေျပာၾကားခဲ့ပါတယ္။

Viu အေနနဲ႔ ကိုယ္ပိုင္ရိုက္ကူးတင္ဆက္ထားတဲ့ အရည္အေသြးျမင့္ Content ေတြကိုဖန္တီးလ်က္ရွိေၾကာင္း၊ ေနာက္ဆံုးရိုက္ကူးထားတဲ့ ကိုယ္ပိုင္ရုပ္သံဇာတ္လမ္းတြဲကို ထုတ္လႊင့္ ထားေၾကာင္း၊ ကိုယ္ပိုင္ အိႏၵိယရုပ္သံ ဇာတ္လမ္းတြဲေတြကိုလည္း ၾကည့္ႏိုင္မွာျဖစ္ေၾကာင္း၊ Viu အေနနဲ႔ ေနာက္ထပ္ပူးေပါင္းမႈအေနနဲ႔ ကိုရီးယားထိပ္သီး ရုပ္သံထုတ္လႊင့္မႈ ကုမၸဏီေတြျဖစ္တဲ့ KBS, SBS, JTBC တို႔နဲ႔ သီးသန္႔စာခ်ဳပ္ ခ်ဳပ္ဆိုမႈေတြကိုလည္း ျပလုပ္လ်က္ရွိေၾကာင္း ဆက္လက္ေျပာခဲ့ပါတယ္။

ျမန္မာလူမ်ိဳးေတြ ႀကိဳက္ႏွစ္သက္ၿပီး ရိုးရာယဥ္ေက်းမႈကို ႏိုင္ငံတကာအေရာက္ ပို႔ေဆာင္ေပးႏိုင္မယ့္ ႐ုပ္သံဇာတ္လမ္းတြဲေတြ႐ိုက္ကူးႏိုင္ဖို႔ တတ္ကၽြမ္းတဲ့ပညာရွင္ေတြနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္လ်က္ရွိတယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

Viu Original ဖြစ်တဲ့ မြန်မာဇာတ်လမ်းတွဲတွေကို ရိုက်ကူးတင်ဆက်နိုင်ဖို့အတွက် စီစဉ်လျက်ရှိတယ်လို့ Viu Myanmar Media ရဲ့ Country Manager Manager ဖြစ်သူ Lavina Tauro ကပြောပါတယ်။

“Viu ရဲ့နိုင်ငံတကာကျွမ်းကျင်မှုတွေ၊ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းတွေနဲ့ သရုပ်ဆောာင်တွေကို အသုံးပြုပြီး နိုင်ငံတကာအဆင့်မီ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို ဖန်တီးသွားမှာ ဖြစ်ပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။

Viu အနေနဲ့ ကိုယ်ပိုင်ရိုက်ကူးတင်ဆက်ထားတဲ့ အရည်အသွေးမြင့် Content တွေကိုဖန်တီးလျက်ရှိကြောင်း၊ နောက်ဆုံးရိုက်ကူးထားတဲ့ ကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့် ထားကြောင်း၊ ကိုယ်ပိုင် အိန္ဒိယရုပ်သံ ဇာတ်လမ်းတွဲတွေကိုလည်း ကြည့်နိုင်မှာဖြစ်ကြောင်း၊ Viu အနေနဲ့ နောက်ထပ်ပူးပေါင်းမှုအနေနဲ့ ကိုရီးယားထိပ်သီး ရုပ်သံထုတ်လွှင့်မှု ကုမ္ပဏီတွေဖြစ်တဲ့ KBS, SBS, JTBC တို့နဲ့ သီးသန့်စာချုပ် ချုပ်ဆိုမှုတွေကိုလည်း ပြလုပ်လျက်ရှိကြောင်း ဆက်လက်ပြောခဲ့ပါတယ်။

မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်ပြီး ရိုးရာယဉ်ကျေးမှုကို နိုင်ငံတကာအရောက် ပို့ဆောင်ပေးနိုင်မယ့် ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနိုင်ဖို့ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။