Viber တြင္ Hidden number Chats ႏွင့္ Group Calls မ်ားပါဝင္လာ

[ Zawgyi ]

Viber ဗားရွင္းအသစ္မွာ ဖုန္းနံပါတ္ေဖာ္ျပထားျခင္း မရွိတဲ့ (Hidden number Chats) နဲ႔ အုပ္စုဖြဲ႔ဖုန္းေခၚဆိုျခင္း(Group Calls) ျဖစ္တဲ့စနစ္ေတြ ထည့္သြင္းထားတယ္လို႔ Viber ရဲ႕အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ Djamel Agaoua ကေျပာၾကားခဲ့ပါတယ္။

Viber Version 10 ကေနစတင္ၿပီး အဲ့ဒီစနစ္ေတြကိုအသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း၊ Hidden number Chats မွာ တစ္ဦးနဲ႔တစ္ဦး စကားေျပာတဲ့အခါမွာ ဖုန္းနံပါတ္ေတြကို အရင္လိုျမင္ရမွာ မဟုတ္ေၾကာင္း၊ မိမိႏွင့္ရင္းႏွီးသူေတြကိုသာ ဖုန္းနံပါတ္ျပသႏိုင္မွာျဖစ္ေၾကာင္း၊ Group Calls စနစ္မွာ အမ်ားဆံုး ငါးေယာက္အထိ တစ္ၿပိဳင္နက္ ဖုန္းေျပာႏိုင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“Viber ကိုအသံုးျပဳသူေတြအတြက္ ေကာင္းမြန္တဲ့ဆက္သြယ္ခ်ိတ္ဆက္မႈေတြကို အရိုးရွင္းဆံုးနည္းလမ္းနဲ႔ ဝန္ေဆာင္မႈေပးႏိုင္ဖို႔အတြက္ စမ္းသပ္ခ်က္ေတြလုပ္ၿပီးေတာ့ Viber Version 10 အသစ္ကို မိတ္ဆက္ေပးခဲ့တာပါ” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီ ဗားရွင္းအသစ္ကို Android နဲ႔ IOS အတြက္ျဖန္႔ခ်ိေပးထားၿပီး အသံုးျပဳလိုသူေတြအေနနဲ႔ App Store နဲ႔ Playstore တို႔မွာအခမဲ့ Download လုပ္ကာအသံုးျပဳႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

Viber ဗားရှင်းအသစ်မှာ ဖုန်းနံပါတ်ဖော်ပြထားခြင်း မရှိတဲ့ (Hidden number Chats) နဲ့ အုပ်စုဖွဲ့ဖုန်းခေါ်ဆိုခြင်း(Group Calls) ဖြစ်တဲ့စနစ်တွေ ထည့်သွင်းထားတယ်လို့ Viber ရဲ့အမှုဆောင် အရာရှိချုပ်ဖြစ်သူ Djamel Agaoua ကပြောကြားခဲ့ပါတယ်။

Viber Version 10 ကနေစတင်ပြီး အဲ့ဒီစနစ်တွေကိုအသုံးပြုနိုင်မှာဖြစ်ကြောင်း၊ Hidden number Chats မှာ တစ်ဦးနဲ့တစ်ဦး စကားပြောတဲ့အခါမှာ ဖုန်းနံပါတ်တွေကို အရင်လိုမြင်ရမှာ မဟုတ်ကြောင်း၊ မိမိနှင့်ရင်းနှီးသူတွေကိုသာ ဖုန်းနံပါတ်ပြသနိုင်မှာဖြစ်ကြောင်း၊ Group Calls စနစ်မှာ အများဆုံး ငါးယောက်အထိ တစ်ပြိုင်နက် ဖုန်းပြောနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“Viber ကိုအသုံးပြုသူတွေအတွက် ကောင်းမွန်တဲ့ဆက်သွယ်ချိတ်ဆက်မှုတွေကို အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် စမ်းသပ်ချက်တွေလုပ်ပြီးတော့ Viber Version 10 အသစ်ကို မိတ်ဆက်ပေးခဲ့တာပါ” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲ့ဒီ ဗားရှင်းအသစ်ကို Android နဲ့ IOS အတွက်ဖြန့်ချိပေးထားပြီး အသုံးပြုလိုသူတွေအနေနဲ့ App Store နဲ့ Playstore တို့မှာအခမဲ့ Download လုပ်ကာအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။