Veloxity 2X

[ Zawgyi ]

ဒီဂိမ္းက ကစားကြက္နည္းနည္းေတာ့ ႐ိုးခ်င္တယ္၊ ဒါေပမဲ့ သြက္လက္တယ္၊ ျမန္ျမန္ဆန္ဆန္ ကစားႏုိင္မွအႏုိင္ရဖို႔ မေျပာနဲ႔ ေရွ႕ဆက္ႏုိင္ဖုိ႔ မလြယ္မွာျဖစ္လုိ႔ သိပ္ေတာ့လြယ္လွတဲ့ ဂိမ္းတစ္ခု မဟုတ္ပါဘူး။ Platform အစံုနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားတာက အဓိက အားသာခ်က္ ျဖစ္ေနၿပီး ကြန္ပ်ဴတာစနစ္ အစံုနဲ႔လည္း ကစားႏုိင္မယ္။ မူလကေတာ့ ဂိမ္းကို Sony က သူ႔ရဲ႕ Vita တစ္မ်ိဳးတည္းနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးေစခဲ့တာ ျဖစ္ေပမယ့္ ေနာက္ေတာ့လူ ႀကိဳက္မ်ားလာမႈက အခုလိုစနစ္အစံုနဲ႔ ကစားႏုိင္လာတာပဲ ျဖစ္ပါတယ္။ PS4 နဲ႔ Vita ေတြေရာ Xbox One အပါအဝင္ အခုေနာက္ဆံုး Nintendo Switch အတြက္ပါ ထြက္ရွိထားလို႔ သေဘာက်စရာ အေကာင္းဆံုးပါပဲ။

ပေဟဠိ ဂိမ္းနဲ႔ အပစ္အခတ္ ဂိမ္းပံုစံကို ေရာေႏွာဖန္တီး ထားတာျဖစ္ၿပီး အခုဂိမ္းမွာ ျမင္မိသေလာက္ အားနည္းခ်က္ဆိုလို႔ Single အေနနဲ႔ တစ္မိ်ဳးတည္းကစားႏုိင္ျခင္းပဲ ရွိပါတယ္။ ကဲ ဂိမ္းကစားကြက္ေလးအေၾကာင္း နည္းနည္းေလာက္ ဆက္ၾကည့္ရေအာင္ပါ။
ပထမဆံုး ထူးျခားခ်က္က အမ်ားစုေသာ အခန္းသြားဂိမ္းေတြမွာ အထက္ကေနေအာက္ဖက္ကိုပဲ ဆင္းသက္တိုက္ခိုက္ ကစားရတာ ျဖစ္ေပမယ့္ အခုဂိမ္းမွာေတာ့ အခန္းဆက္ အမ်ားစုက ေအာက္ဖက္ကေနအေပၚကို တက္ေရာက္တိုက္ခုိက္ ကစားရတာပါ၊ အျမင္လည္း ဆန္းေစၿပီး ကစားရတာပါ ပံုမွန္မဟုတ္လို႔ နည္းနည္း ပိုခက္ေစပါတယ္။ ဒါေတာင္ တစ္ခ်ိဳ႕ အခန္းေတြမွာ ခုန္တက္႐ံုတင္ မဟုတ္ဘဲ ခုန္ရင္း ေဘးခန္းကို ဝင္ေရာက္ရတာေတြပါ ေတြ႕ရလို႔ အသားမက်ရင္ တက္ဖို႔ေတာင္ ခက္ပါလိမ့္မယ္။

အခန္းဆက္ သြားလာမႈအတြင္း သက္ရွိရန္သူကို ရင္ဆိုင္ရမႈနည္းေပမယ့္ အေပၚ၊ ေအာက္၊ ေရွ႕၊ ေနာက္ အစံုကေနရန္သူ႔ရဲ႕ လက္နက္ေတြကို ဖ်က္ဆီးေရွ႕ ဆက္ရမယ္၊ တံခါးေတြကို ပစ္ခတ္ခ်ိဳးဖ်က္ရမယ္၊ ခုန္တက္တာေတြ၊ အခန္းကူးတာေတြ လုပ္ရပါလိမ့္ မယ္။ ၃၆၀ ဒီဂရီလံုးပတ္လည္ ပစ္ခတ္ႏုိ္င္တဲ့ အစြမ္းရွိပါတယ္။ ဘယ္ကေနညာ၊ ညာကေနဘယ္ကို ေဘးတိုက္အခန္းဆက္သြားလာ ကစားရမႈလည္း ပါရွိပါတယ္။ အခန္းတစ္ခန္းခ်င္းစီမွာေတာ့ ေနာက္ဆံုးပိတ္ ရန္သူႀကီးတစ္ဦး စီနဲ႔တိုက္ခိုက္ရတာေတြအျပင္ စက္႐ုပ္ ဆန္ဆန္ စက္ေတြနဲ႔ တိုက္ခိုက္ေအာင္ျမင္ၿပီးမွလည္း ေနာက္တစ္ဆင့္တက္ႏုိုင္မွာပါ။ အခန္းတစ္ခန္းမွာ ကစားေနရင္း က်႐ံႈးသြားရင္ေတာ့ အခန္းအစကေန ျပန္စရမွာပါ။

အခန္းဆက္သြားေနခိ်န္ ရန္သူ႔လက္နက္ေတြ၊ နံရံေတြကို ၿဖိဳဖ်က္ႏုိင္မႈနဲ႔ အတူေငြေတြရမယ္၊ စုထားႏုိင္မယ္၊ လိုတာေတြကို ဝယ္ႏိုင္တာေတြ ျပဳလုပ္ႏုိင္ပါတယ္။ ဂိမ္းအဆင့္တက္လာတာနဲ႔အမွ် ကစားသူရဲ႕ စြမ္းရည္လည္း တက္လာၿပီး ပစ္ခတ္မႈ အားေတြပို ေကာင္းလာမယ္၊ အစြမ္းေတြပို ေကာင္းလာၿပီး ခုန္အားေတြ၊ ဒဏ္ ရာခံႏုိင္အားေတြတိုးတက္လာပါတယ္။ အဆံုးမဲ့ ပတ္ဝန္းက်င္ကို သြားလာကစားရတဲ့ ဂိမ္းမဟုတ္ေပမယ့္ တစ္ခန္း၊ တစ္ခန္းအျပင္ အဆင္ေရာ သြားလာရမႈပါ ဆန္းသစ္ေအာင္ ဖန္တီးထားႏုိင္ တာေတြ႕ရပါတယ္။ ကြန္ပ်ဴတာစနစ္စံုနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားေပမယ့္ Console ေတြနဲ႔မွ ကစားလို႔ပိုေကာင္းကာပိုၿပီး အားရတာမုိ႔ အခုဂိမ္းက အျမင္႐ိုးေပမယ့္ Console စစ္စစ္နဲ႔မွ စိတ္ႀကိဳက္ျဖစ္မယ့္ ဂိမ္းလို႔ဆိုခ်င္ပါတယ္။

-သက္ႏိုင္ဦး (USCL)

[ Unicode ]

ဒီဂိမ်းက ကစားကွက်နည်းနည်းတော့ ရိုးချင်တယ်၊ ဒါပေမဲ့ သွက်လက်တယ်၊ မြန်မြန်ဆန်ဆန် ကစားနိုင်မှ အနိုင်ရဖို့ မပြောနဲ့ ရှေ့ဆက်နိုင်ဖို့ လွယ်မှာဖြစ်လို့ သိပ်တော့လွယ်လှတဲ့ ဂိမ်းတစ်ခု မဟုတ်ပါဘူး။ Platform အစုံနဲ့ ကစားနိုင်အောင် ဖန်တီးထားတာက အဓိက အားသာချက် ဖြစ်နေပြီး ကွန်ပျူတာစနစ် အစုံနဲ့လည်း ကစားနိုင်မယ်။ မူလကတော့ ဂိမ်းကို Sony က သူ့ရဲ့ Vita တစ်မျိုးတည်းနဲ့ ကစားနိုင်အောင် ဖန်တီးစေခဲ့တာ ဖြစ်ပေမယ့် နောက်တော့လူ ကြိုက်များလာမှုက အခုလိုစနစ်အစုံနဲ့ ကစားနိုင်လာတာပဲ ဖြစ်ပါတယ်။ PS4 နဲ့ Vita တွေရော Xbox One အပါအဝင် အခုနောက်ဆုံး Nintendo Switch အတွက်ပါ ထွက်ရှိထားလို့ သဘောကျစရာ အကောင်းဆုံးပါပဲ။

ပဟေဠိ ဂိမ်းနဲ့ အပစ်အခတ် ဂိမ်းပုံစံကို ရောနှောဖန်တီး ထားတာဖြစ်ပြီး အခုဂိမ်းမှာ မြင်မိသလောက် အားနည်းချက်ဆိုလို့ Single အနေနဲ့ တစ်မျိုးတည်းကစားနိုင်ခြင်းပဲ ရှိပါတယ်။ ကဲ ဂိမ်းကစားကွက်လေးအကြောင်း နည်းနည်းလောက် ဆက်ကြည့်ရအောင်ပါ။
ပထမဆုံး ထူးခြားချက်က အများစုသော အခန်းသွားဂိမ်းတွေမှာ အထက်ကနေအောက်ဖက်ကိုပဲ ဆင်းသက်တိုက်ခိုက် ကစားရတာ ဖြစ်ပေမယ့် အခုဂိမ်းမှာတော့ အခန်းဆက် အများစုက အောက်ဖက်ကနေအပေါ်ကို တက်ရောက်တိုက်ခိုက် ကစားရတာပါ၊ အမြင်လည်း ဆန်းစေပြီး ကစားရတာပါ ပုံမှန်မဟုတ်လို့ နည်းနည်း ပိုခက်စေပါတယ်။ ဒါတောင် တစ်ချို့ အခန်းတွေမှာ ခုန်တက်ရုံတင် မဟုတ်ဘဲ ခုန်ရင်း ဘေးခန်းကို ဝင်ရောက်ရတာတွေပါ တွေ့ရလို့ အသားမကျရင် တက်ဖို့တောင် ခက်ပါလိမ့်မယ်။

အခန်းဆက် သွားလာမှုအတွင်း သက်ရှိရန်သူကို ရင်ဆိုင်ရမှုနည်းပေမယ့် အပေါ်၊ အောက်၊ ရှေ့၊ နောက် အစုံကနေရန်သူ့ရဲ့ လက်နက်တွေကို ဖျက်ဆီးရှေ့ ဆက်ရမယ်၊ တံခါးတွေကို ပစ်ခတ်ချိုးဖျက်ရမယ်၊ ခုန်တက်တာတွေ၊ အခန်းကူးတာတွေ လုပ်ရပါလိမ့် မယ်။ ၃၆၀ ဒီဂရီလုံးပတ်လည် ပစ်ခတ်နို်င်တဲ့ အစွမ်းရှိပါတယ်။ ဘယ်ကနေညာ၊ ညာကနေဘယ်ကို ဘေးတိုက်အခန်းဆက်သွားလာ ကစားရမှုလည်း ပါရှိပါတယ်။ အခန်းတစ်ခန်းချင်းစီမှာတော့ နောက်ဆုံးပိတ် ရန်သူကြီးတစ်ဦး စီနဲ့တိုက်ခိုက်ရတာတွေအပြင် စက်ရုပ် ဆန်ဆန် စက်တွေနဲ့ တိုက်ခိုက်အောင်မြင်ပြီးမှလည်း နောက်တစ်ဆင့်တက်နိုုင်မှာပါ။ အခန်းတစ်ခန်းမှာ ကစားနေရင်း ကျရှုံးသွားရင်တော့ အခန်းအစကနေ ပြန်စရမှာပါ။

အခန်းဆက်သွားနေချိန် ရန်သူ့လက်နက်တွေ၊ နံရံတွေကို ဖြိုဖျက်နိုင်မှုနဲ့ အတူငွေတွေရမယ်၊ စုထားနိုင်မယ်၊ လိုတာတွေကို ဝယ်နိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဂိမ်းအဆင့်တက်လာတာနဲ့အမျှ ကစားသူရဲ့ စွမ်းရည်လည်း တက်လာပြီး ပစ်ခတ်မှု အားတွေပို ကောင်းလာမယ်၊ အစွမ်းတွေပို ကောင်းလာပြီး ခုန်အားတွေ၊ ဒဏ် ရာခံနိုင်အားတွေတိုးတက်လာပါတယ်။ အဆုံးမဲ့ ပတ်ဝန်းကျင်ကို သွားလာကစားရတဲ့ ဂိမ်းမဟုတ်ပေမယ့် တစ်ခန်း၊ တစ်ခန်းအပြင် အဆင်ရော သွားလာရမှုပါ ဆန်းသစ်အောင် ဖန်တီးထားနိုင် တာတွေ့ရပါတယ်။ ကွန်ပျူတာစနစ်စုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပေမယ့် Console တွေနဲ့မှ ကစားလို့ပိုကောင်းကာပိုပြီး အားရတာမို့ အခုဂိမ်းက အမြင်ရိုးပေမယ့် Console စစ်စစ်နဲ့မှ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းလို့ဆိုချင်ပါတယ်။