V40 ThinQ ကို ေအာက္တိုဘာ ၃ ရက္မွာ ပြဲထုတ္မိတ္ဆက္မယ့္ LG

[ Zawgyi ]

ေအာက္တိုဘာ ၃ ရက္၊ နယူးေယာက္မွာ က်င္းပျပဳလုပ္မယ့္ အခမ္းအနားတစ္ခုမွာ LG V40 ThinQ ကို ပြဲထုတ္မိတ္ဆက္သြားမယ္လို႔ LG က အတည္ျပဳခဲ့ပါတယ္။ အဆိုပါ အတည္ျပဳခ်က္နဲ႔အတူ LG က ဖုန္းရဲ႕ triple-camera set-up နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ေဖာ္ျပထားတဲ့ ဗီဒီယိုတစ္ခုကိုလည္း ျဖန္႔ခ်ိခဲ့ပါတယ္။

အဲ့ဒီ ဗီဒီယိုမွာ ကင္မရာက regular, zoomed in, wide-angle နဲ႔ portrait mode စတဲ့ ဓာတ္ပံုေလးပံုကို ႐ိုက္ျပထားပါတယ္။ အဲ့ဒီ ဗီဒီယိုကို ေအာက္မွာ ၾကည့္႐ႈႏိုင္ပါတယ္။

LG ဟာ V40 ThinQ ကို ျဖန္႔ခ်ိတဲ့အခ်ိန္မွာ အဲ့ဒီစမတ္ဖုန္းဟာ ေစ်းကြက္ထဲမွာ triple camera setup ပါဝင္တဲ့ ဒုတိယဖုန္း ျဖစ္လာဖြယ္ရိွပါတယ္။ ပထမဆံုးဖုန္းက Huawei P20 Pro ျဖစ္ပါတယ္။

LG V40 ThinQ ရဲ႕ အေရွ႕ဘက္မွာေတာ့ double-camera setup ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေၾကာင့္ V40 ThinQ ဟာ ကင္မရာငါးလံုးပါဝင္တဲ့ ပထမဆံုးဖုန္း ျဖစ္လာႏိုင္ပါတယ္။

ဒါ့အျပင္ အသစ္ထြက္မယ့္ LG ဖုန္းရဲ႕ အျခားအခ်က္အလက္ေတြလည္း ထြက္ေပၚလာပါတယ္။ ေပါက္ၾကားထြက္ေပၚလာတဲ့ spec sheet တစ္ခုမွာ ေဖာ္ျပထားခ်က္အရ V40 ThinQ မွာ Snapdragon 845 chipset, 6GB RAM နဲ႔ 3300mAh ဘက္ထရီအျပင္ 128GB အထိရႏိုင္မယ့္ storage နဲ႔ Hi-Fi Quad DAC တို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: AndroidAuthority

[ Unicode ]

အောက်တိုဘာ ၃ ရက်၊ နယူးယောက်မှာ ကျင်းပပြုလုပ်မယ့် အခမ်းအနားတစ်ခုမှာ LG V40 ThinQ ကို ပွဲထုတ်မိတ်ဆက်သွားမယ်လို့ LG က အတည်ပြုခဲ့ပါတယ်။ အဆိုပါ အတည်ပြုချက်နဲ့အတူ LG က ဖုန်းရဲ့ triple-camera set-up နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဖြန့်ချိခဲ့ပါတယ်။

အဲ့ဒီ ဗီဒီယိုမှာ ကင်မရာက regular, zoomed in, wide-angle နဲ့ portrait mode စတဲ့ ဓာတ်ပုံလေးပုံကို ရိုက်ပြထားပါတယ်။ အဲ့ဒီ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

LG ဟာ V40 ThinQ ကို ဖြန့်ချိတဲ့အချိန်မှာ အဲ့ဒီစမတ်ဖုန်းဟာ စျေးကွက်ထဲမှာ triple camera setup ပါဝင်တဲ့ ဒုတိယဖုန်း ဖြစ်လာဖွယ်ရှိပါတယ်။ ပထမဆုံးဖုန်းက Huawei P20 Pro ဖြစ်ပါတယ်။

LG V40 ThinQ ရဲ့ အရှေ့ဘက်မှာတော့ double-camera setup ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် V40 ThinQ ဟာ ကင်မရာငါးလုံးပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အသစ်ထွက်မယ့် LG ဖုန်းရဲ့ အခြားအချက်အလက်တွေလည်း ထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ spec sheet တစ်ခုမှာ ဖော်ပြထားချက်အရ V40 ThinQ မှာ Snapdragon 845 chipset, 6GB RAM နဲ့ 3300mAh ဘက်ထရီအပြင် 128GB အထိရနိုင်မယ့် storage နဲ့ Hi-Fi Quad DAC တို့ ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: AndroidAuthority