Unravel Two

[ Zawgyi ]

ဒီတစ္ပတ္မွာေတာ့ Platform စံုစံုနဲ႔ ကစားႏုိင္မယ့္ ဆြစ္ဇာလန္ အေျခစိုက္ Coldwood ကေန အ သစ္ ဖန္တီးလိုက္တဲ့ ဂိမ္းသစ္ တစ္ ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ၿပီးေတာ့ တိုက္ခိုက္ေရး ဂိမ္းေတြ ကစားရတာ ႐ိုးေနၿပီဆိုတဲ့ သူေတြလည္း စိတ္ႀကိဳက္ ျဖစ္ပါလိမ့္မယ္။ ဇာတ္ေကာင္ေလးေတြက ခ်စ္စရာေကာင္းပါတယ္။ ႏွစ္ေကာင္ တည္းပါမယ္။ သူတို႔ကို Yarny လုိ႔ေခၚပါတယ္။ အမည္ခြဲျခားေခၚ ေ၀ၚျခင္းမရွိဘဲ အနီေရာင္နဲ႔ အျပာေရာင္အျဖစ္ပဲခြဲၿပီး သိႏုိင္ပါတယ္။ ဒီေကာင္းေလးေတြက ေရွးေခတ္ ဒ႑ာရီမွာ ရွိခဲ့တယ္လုိ႔ ယူဆတဲ့ သတၱ၀ါေလးေတြကိုစိတ္ ကူးယဥ္ဆန္ဆန္ ခ်စ္စရာေကာင္း ေအာင္ ပံုေဖာ္ထားတာ ျဖစ္ၿပီး သူတို႔ ႏွစ္ေယာက္ေပါင္းၿပီး အခက္အခဲေတြ ကို ရင္ဆိုင္ရမွာပါ။

၂၀၁၆ ခုႏွစ္အတြင္းက Unravel ထြက္ရွိခဲ့ၿပီး သူ႔ရဲ႕ေနာက္ဆက္တြဲလို႔ ဆိုႏုိင္ေပမယ့္ အ ခု Version မွာ အဆင့္ျမႇင့္ထားမႈအေနနဲ႔ အလြယ္တမ္းေျပာႏုိင္တာက အရင္ Single အေနနဲ႔ပဲ ကစားႏုိင္ေနရာကေန အခု Multi အေနနဲ႔ပါ ကစားႏုိင္လာတာပဲျဖစ္ပါတယ္။ PC ေတြ အပါအဝင္ PS4 နဲ႔ေရာ Xbox One နဲ႔ပါ ကစားႏိုင္ေအာင္လည္း ဖန္တီးထားပါတယ္။

Single အေနနဲ႔ ကစားခ်ိန္ တြဲဖက္ Yarny ကို AI စနစ္က လိုက္ကစားေပးပါလိမ့္မယ္။ AI စနစ္က ကစားၾကည့္သေလာက္ မိမိကစားတဲ့အတိုင္း လိုက္ကစားေပးလို႔ တစ္ေယာက္တည္း ကစားရတာ ပိုလြယ္သလို ထင္ရပါတယ္။ Multi အေနနဲ႔ ႏွစ္ေယာက္
ကစားရင္ပိုခက္ပါတယ္။ တစ္ေယာက္က ဟန္ခ်က္ပ်က္ၿပီး ခုန္တာ၊ တက္တာ၊ ေနာက္ က်တာ တစ္ခုရွိတာနဲ႔တင္ အခန္းအစကေန ျပန္ကစားရဖို႔ ရွိေနပါတယ္။

Puzzle ဂိမ္းဆုိတဲ့ ပေဟဠိဂိမ္းလို႔ဆိုႏုိင္ၿပီး ဂိမ္းသစ္မွာ အခန္းအသစ္၊ ကစားကြက္အသစ္ ထည့္ထားမႈအေနနဲ႔ ေရကန္ေတြထဲမွာ ၾကာရြက္ေတြေပၚကို တစ္ေယာက္ခ်င္းစီခုန္ၿပီး ေနာက္တစ္ေယာက္ကို အားျပဳခုန္ေစရတဲ့ အခန္းေတြ၊ ေျမေအာက္ဂူေတြထဲကေန အထက္ကို တက္ေရာက္ရာမွာ တစ္ဆင့္စီကို ဟန္ခ်က္ညီညီ ခုန္တက္ၿပီး က်န္တစ္ေယာက္ကို အားျပဳတက္ေရာက္ေစမႈေတြ ပါလာပါတယ္။ ႐ုပ္ထြက္နဲ႔ အျခားအဆင့္ျမႇင့္မႈေတြ သိပ္မေတြ႕ရေပမယ့္ Multi အေနနဲ႔ ႏွစ္ေယာက္ ကစားလာႏုိင္မႈမွာေရာ အခန္းသစ္ ထည့္သြင္းဖန္တီးမႈမွာ ၅ ခန္းေလာက္ထိေအာင္ ပံုစံေရာ ကစားရမႈပါ အသစ္ထည့္သြင္းထားမႈက သေဘာက်စရာပါ။

ၿပီးေတာ့ ေနာက္ဆံုး အဆင့္လို႔ ဆိုႏုိင္တဲ့ အခန္းေတြမွာ စိန္ေခၚၿပီး အခန္းေရြးခ်ယ္ ကစားႏုိင္မႈေတြ လုပ္ေဆာင္လာႏုိ္င္ ေအာင္လည္း ဖန္တီးထားတာ ေတြ႕ရပါတယ္။ ေရွ႕ပိုင္းကေတာ့ ဇာတ္လမ္းသြား ပံုစံျဖစ္ၿပီး ေနာက္ဆံုး အဆင့္လို အပိုင္းေတြမွာေတာ့ အခန္းေတြ ေရြးခ်ယ္ၿပီး မိမိႏွစ္သက္ရာကို ေရြးခ်ယ္ ကစားႏုိင္လာပါတယ္။ အထူး သျဖင့္ေတာ့ ႏွစ္ေယာက္တြဲ ကစားတတ္သူေတြအတြက္ စိန္ေခၚမႈ အေကာင္းဆံုး ေပးလာတဲ့ ဂိမ္းသစ္ျဖစ္ၿပီး ဟန္ခ်က္ညီမႈ အားနည္းရင္ အစက ျပန္စရမယ္၊ ဒါမွမဟုတ္ တစ္ေနရာကေန ေနာက္ တစ္ေနရာကို သြားဖို႔၊ ခုန္ဖို႔ အခ်င္းခ်င္း ေျပာရင္းဆိုရင္းနဲ႔ အခ်ိန္ကုန္ေနေစမယ့္ ဂိမ္းေလးပါပဲ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ဒီတစ်ပတ်မှာတော့ Platform စုံစုံနဲ့ ကစားနိုင်မယ့် ဆွစ်ဇာလန် အခြေစိုက် Coldwood ကနေ အ သစ် ဖန်တီးလိုက်တဲ့ ဂိမ်းသစ် တစ် ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပြီးတော့ တိုက်ခိုက်ရေး ဂိမ်းတွေ ကစားရတာ ရိုးနေပြီဆိုတဲ့ သူတွေလည်း စိတ်ကြိုက် ဖြစ်ပါလိမ့်မယ်။ ဇာတ်ကောင်လေးတွေက ချစ်စရာကောင်းပါတယ်။ နှစ်ကောင် တည်းပါမယ်။ သူတို့ကို Yarny လို့ခေါ်ပါတယ်။ အမည်ခွဲခြားခေါ် ဝေါ်ခြင်းမရှိဘဲ အနီရောင်နဲ့ အပြာရောင်အဖြစ်ပဲခွဲပြီး သိနိုင်ပါတယ်။ ဒီကောင်းလေးတွေက ရှေးခေတ် ဒဏ္ဍာရီမှာ ရှိခဲ့တယ်လို့ ယူဆတဲ့ သတ္တဝါလေးတွေကိုစိတ် ကူးယဉ်ဆန်ဆန် ချစ်စရာကောင်း အောင် ပုံဖော်ထားတာ ဖြစ်ပြီး သူတို့ နှစ်ယောက်ပေါင်းပြီး အခက်အခဲတွေ ကို ရင်ဆိုင်ရမှာပါ။

၂၀၁၆ ခုနှစ်အတွင်းက Unravel ထွက်ရှိခဲ့ပြီး သူ့ရဲ့နောက်ဆက်တွဲလို့ ဆိုနိုင်ပေမယ့် အ ခု Version မှာ အဆင့်မြှင့်ထားမှုအနေနဲ့ အလွယ်တမ်းပြောနိုင်တာက အရင် Single အနေနဲ့ပဲ ကစားနိုင်နေရာကနေ အခု Multi အနေနဲ့ပါ ကစားနိုင်လာတာပဲဖြစ်ပါတယ်။ PC တွေ အပါအဝင် PS4 နဲ့ရော Xbox One နဲ့ပါ ကစားနိုင်အောင်လည်း ဖန်တီးထားပါတယ်။

Single အနေနဲ့ ကစားချိန် တွဲဖက် Yarny ကို AI စနစ်က လိုက်ကစားပေးပါလိမ့်မယ်။ AI စနစ်က ကစားကြည့်သလောက် မိမိကစားတဲ့အတိုင်း လိုက်ကစားပေးလို့ တစ်ယောက်တည်း ကစားရတာ ပိုလွယ်သလို ထင်ရပါတယ်။ Multi အနေနဲ့ နှစ်ယောက်
ကစားရင်ပိုခက်ပါတယ်။ တစ်ယောက်က ဟန်ချက်ပျက်ပြီး ခုန်တာ၊ တက်တာ၊ နောက် ကျတာ တစ်ခုရှိတာနဲ့တင် အခန်းအစကနေ ပြန်ကစားရဖို့ ရှိနေပါတယ်။

Puzzle ဂိမ်းဆိုတဲ့ ပဟေဠိဂိမ်းလို့ဆိုနိုင်ပြီး ဂိမ်းသစ်မှာ အခန်းအသစ်၊ ကစားကွက်အသစ် ထည့်ထားမှုအနေနဲ့ ရေကန်တွေထဲမှာ ကြာရွက်တွေပေါ်ကို တစ်ယောက်ချင်းစီခုန်ပြီး နောက်တစ်ယောက်ကို အားပြုခုန်စေရတဲ့ အခန်းတွေ၊ မြေအောက်ဂူတွေထဲကနေ အထက်ကို တက်ရောက်ရာမှာ တစ်ဆင့်စီကို ဟန်ချက်ညီညီ ခုန်တက်ပြီး ကျန်တစ်ယောက်ကို အားပြုတက်ရောက်စေမှုတွေ ပါလာပါတယ်။ ရုပ်ထွက်နဲ့ အခြားအဆင့်မြှင့်မှုတွေ သိပ်မတွေ့ရပေမယ့် Multi အနေနဲ့ နှစ်ယောက် ကစားလာနိုင်မှုမှာရော အခန်းသစ် ထည့်သွင်းဖန်တီးမှုမှာ ၅ ခန်းလောက်ထိအောင် ပုံစံရော ကစားရမှုပါ အသစ်ထည့်သွင်းထားမှုက သဘောကျစရာပါ။

ပြီးတော့ နောက်ဆုံး အဆင့်လို့ ဆိုနိုင်တဲ့ အခန်းတွေမှာ စိန်ခေါ်ပြီး အခန်းရွေးချယ် ကစားနိုင်မှုတွေ လုပ်ဆောင်လာနို်င် အောင်လည်း ဖန်တီးထားတာ တွေ့ရပါတယ်။ ရှေ့ပိုင်းကတော့ ဇာတ်လမ်းသွား ပုံစံဖြစ်ပြီး နောက်ဆုံး အဆင့်လို အပိုင်းတွေမှာတော့ အခန်းတွေ ရွေးချယ်ပြီး မိမိနှစ်သက်ရာကို ရွေးချယ် ကစားနိုင်လာပါတယ်။ အထူး သဖြင့်တော့ နှစ်ယောက်တွဲ ကစားတတ်သူတွေအတွက် စိန်ခေါ်မှု အကောင်းဆုံး ပေးလာတဲ့ ဂိမ်းသစ်ဖြစ်ပြီး ဟန်ချက်ညီမှု အားနည်းရင် အစက ပြန်စရမယ်၊ ဒါမှမဟုတ် တစ်နေရာကနေ နောက် တစ်နေရာကို သွားဖို့၊ ခုန်ဖို့ အချင်းချင်း ပြောရင်းဆိုရင်းနဲ့ အချိန်ကုန်နေစေမယ့် ဂိမ်းလေးပါပဲ။

-သက်နိုင်ဦး (UCSL)