University of South Florida ကျောင်း၏ ပညာသင်ဆုများလျှောက်ထားနိုင်

[ Zawgyi ]



ကျောင်းလျှောက်ထား လိုသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉- ၅၁၄၀၈၀၂၊ ၀၉- ၇၈၅၁၄၀၈၀၂ ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-ဝေဝေ

[ Unicode ]

အမေရိကန်နိုင်ငံရှိ University of South Florida (USF) ကျောင်းရဲ့ 2019 Intake အတွက် ပညာသင်ဆုများကို လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကျောင်းမှာ ဘွဲ့ကြိုပညာသင်ဆု အပါအဝင် USF Presidential Award ပညာသင်ဆု၊ USF Directors Award ပညာသင်ဆု၊ USF Scholars Award ပညာသင်ဆုနဲ့ USF International ပညာသင်ဆုများနဲ့ လျှောက်ထားတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့ ဘွဲ့ကြိုအတွက် GPA 4.00+ သို့မဟုတ် SAT 1340+ ၊ USF Presidential Award အတွက် GPA 3.80+ သို့မဟုတ် SAT 1280+ ၊ USF Directors Award အတွက် GPA 3.60+ သို့မဟုတ် SAT 1240+ ၊ USF Scholars Award အတွက် GPA 3.5+ သို့မဟုတ် SAT 1180+ ရမှတ် ရရှိထားရမှာ ဖြစ်ပါတယ်။

ကျောင်းလျှောက်ထား လိုသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉- ၅၁၄၀၈၀၂၊ ၀၉- ရ၈၅၁၄၀၈၀၂ ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။