Under-display အေရွ႕ဘက္ကင္မရာ ပါဝင္တဲ့ စမတ္ဖုန္းဒီဇိုင္းတစ္မ်ိဳး LG မူပိုင္ခြင့္တင္

[Zawgyi]

In-display အေရွ႕ဘက္ကင္မရာတစ္ခု ပါဝင္တဲ့ full-screen စမတ္ဖုန္းတစ္မ်ိဳးကို ျဖန္႔ခ်ိဖို႔စီစဥ္ေနတာဟာ Samsung တစ္ခုတည္းတင္ မဟုတ္ပါဘူး။ LG ကလည္းပဲ အလားတူ concept တစ္မ်ိဳးကိုဖန္တီးေနပါတယ္။ ဒါ့အျပင္ LG ရဲ႕ ဒီဇိုင္းသစ္ဟာ notch တစ္ခုလိုအပ္ခ်က္နဲ႔ bezel ေတြကို ဖယ္ရွားထားပါတယ္။
ဒီမူပိုင္ခြင့္ကို LG က ေတာင္ကိုရီးယားမွာ မတူညီတဲ့ ဒီဇိုင္းႏွစ္ခုနဲ႔ တင္ခဲ့တာ ျဖစ္ပါတယ္။ ပထမတစ္ခုက ေကြးထားတဲ့ အနားေစာင္းေတြပါဝင္တဲ့ Curved ေမာ္ဒယ္ျဖစ္ၿပီး က်န္တစ္ခုက Straight ေမာ္ဒယ္ ျဖစ္ပါတယ္။ ဒါေပမဲ့ concept က အတူတူပဲျဖစ္ၿပီး ဥပံုစံ လွီးထုတ္ထားတဲ့ ေနရာမွာ ကင္မရာတစ္ခု ဒါမွမဟုတ္ ႏွစ္ခုနဲ႔အတူ proximity နဲ႔ ambient sensor ေတြကို ထည့္သြင္းႏိုင္ပါတယ္။ ဒါ့အျပင္ ကင္မရာေနရာဟာ အလယ္တည့္တည့္မွာ ျဖစ္ႏိုင္သလို အေပၚဘယ္ဘက္ ဒါမွမဟုတ္ အေပၚညာဘက္ေထာင့္မွာ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

In-display အရှေ့ဘက်ကင်မရာတစ်ခု ပါဝင်တဲ့ full-screen စမတ်ဖုန်းတစ်မျိုးကို ဖြန့်ချိဖို့စီစဉ်နေတာဟာ Samsung တစ်ခုတည်းတင် မဟုတ်ပါဘူး။ LG ကလည်းပဲ အလားတူ concept တစ်မျိုးကိုဖန်တီးနေပါတယ်။ ဒါ့အပြင် LG ရဲ့ ဒီဇိုင်းသစ်ဟာ notch တစ်ခုလိုအပ်ချက်နဲ့ bezel တွေကို ဖယ်ရှားထားပါတယ်။
ဒီမူပိုင်ခွင့်ကို LG က တောင်ကိုရီးယားမှာ မတူညီတဲ့ ဒီဇိုင်းနှစ်ခုနဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။ ပထမတစ်ခုက ကွေးထားတဲ့ အနားစောင်းတွေပါဝင်တဲ့ Curved မော်ဒယ်ဖြစ်ပြီး ကျန်တစ်ခုက Straight မော်ဒယ် ဖြစ်ပါတယ်။ ဒါပေမဲ့ concept က အတူတူပဲဖြစ်ပြီး ဥပုံစံ လှီးထုတ်ထားတဲ့ နေရာမှာ ကင်မရာတစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့အတူ proximity နဲ့ ambient sensor တွေကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာနေရာဟာ အလယ်တည့်တည့်မှာ ဖြစ်နိုင်သလို အပေါ်ဘယ်ဘက် ဒါမှမဟုတ် အပေါ်ညာဘက်ထောင့်မှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Ref: GSMArena