Unavowed

[ Zawgyi ]

မထင္မွတ္ဘဲ ဒီႏွစ္ပိုင္းေတြမွာ သဘာဝလြန္ စြမ္းအင္ေတြ ပိုင္ဆိုင္တဲ့ သူရဲေကာင္း ဇာတ္ကားေတြ လူႀကိဳက္္မ်ားလာပါတယ္။ စိတ္ကူးယဥ္ဆန္တဲ့ ေခတ္လို႔ဆို ရမလားေပါ့။ ဝင္ေငြအေကာင္း ဆံုးနဲ႔ ၾကည့္႐ႈသူ အမ်ားဆံုး ဇာတ္ကားစာရင္းမွာ Supernatural ဆိုတဲ့ သဘာဝလြန္ စြမ္းအင္ပိုင္ဆုိင္သူေတြရဲ႕ ဇာတ္ကားေတြ ထိပ္ပိုင္းက ေနရာယူေနတာကို ၾကည့္ရင္ပဲ သိႏိုင္ေနတယ္ မဟုတ္လား။ ဒီေတာ့ အခုဂိမ္းဘက္မွာလည္း ပံုမွန္ထက္ပိုတဲ့ စြမ္းအင္ေတြ ပိုင္ဆိုင္တဲ့ ဂိမ္းေလးေတြဆိုရင္ စိတ္ဝင္စားၾကမလား။

ဂိမ္းနာမည္က ခပ္ဆန္းဆန္း၊ Unavowed၊ စြန္႔စားခန္း ဝင္ရမယ့္ဂိမ္း၊ ဇာတ္ေကာင္ကသဘာဝလြန္ စြမ္းအင္ေတြ ပိုင္ဆိုင္ထားသူေပါ့။ ျပည္တြင္းမွာ အမ်ားဆံုး ကစားတဲ့ ကြန္ပ်ဴတာေတြအတြက္ အရင္ဆံုး ထြက္လာတာပါ၊ MacOS ေရာ Wins စနစ္နဲ႔ပါ အဆင္ေျပပါတယ္။ ေနာက္ပိုင္းမွ Console ေတြအတြက္ လာဖို႔ ရွိပါတယ္။ Online ဂိမ္း မ ဟုတ္လုိ႔ Single အေနနဲ႔ပဲ ကစားႏိုင္ပါလိမ့္မယ္။

႐ုပ္ထြက္က Console ေတြအတြက္ ဖန္တီးတဲ့ ဂိမ္းေတြေလာက္ မေကာင္းပါဘူး။ ၾကည္လင္ျပတ္သားမႈ ေကာင္းေပမယ့္ လႈပ္ရွားမႈေတြက Animation ဆန္လြန္းေနပါတယ္။ကစား သူက ဇာတ္ေကာင္ ေရြးခ်ယ္မႈမွာ ေကာင္ေလးအေနနဲ႔ ကစားမလား၊ ေကာင္မေလးအေနနဲ႔ ကစားမလား ေရြးခ်ယ္ရမယ္၊ ၿပီးရင္ သူနဲ႔အတူ သဘာဝလြန္ စြမ္းအင္ေတြ ပိုင္ဆိုင္ထားတဲ့ ကစားသူကို လိုအပ္တာေတြ ကူညီေပးမယ့္၊ အဖြဲ႔နဲ႔အတူ စခန္းသြား ပံုစံကစားရမွာပါ။

လွ်ိဳ႕ဝွက္ခ်က္ေပါင္း မ်ားစြာပေဟဠိေပါင္းမ်ားစြာက အခန္းတစ္ခန္းခ်င္းစီမွာ ေစာင့္ႀကိဳေနပါ လိမ့္မယ္။ ေျဖရွင္းရမယ္၊ လိုအပ္ရင္ တိုက္ခိုက္ရမယ္၊ နယူးေယာက္ၿမိဳ႕ေတာ္က ပတ္ဝန္းက်င္ အေနအထားကို ပံုေဖာ္ထားၿပီး အဆံုးမဲ့ ပတ္ဝန္းက်င္မဟုတ္ေပမယ့္ အခန္းဆက္ အမ်ားႀကီး ထည့္ထားလို႔ ကစားရတာ မ႐ိုးေစပါဘူး။ ၿပီးေတာ့ ကစားသူကဘယ္ေတာ့မွ မေသဘူး၊ Game Over ဘယ္ေတာ့မွ မျဖစ္ပါဘူး။ ဒါဆို ဂိမ္းက ကစားရတာ ႐ိုးသြားမလား စဥ္းစားစရာပါ။ ဟုတ္ပါတယ္၊ ဘယ္ေတာ့မွ မေသဘူးဆိုေတာ့ လုပ္ခ်င္သလို လုပ္ေနလုိ႔ ရတာေပါ့။ ဒါေပမဲ့ ေသတယ္ဆိုတဲ့ သေဘာပါ အမွားတစ္ခုခု လုပ္မိၿပီဆိုတာနဲ႔ အဆိုပါ အမွားမလုပ္ခင္ အခ်ိန္စကၠန္႔ပိုင္း ေနရာကေန ျပန္ေပၚလာၿပီး ျပန္စကစားရမွာပါ။ ၿပီးေတာ့မိမိ ကစားအား ဘယ္ေလာက္ ေကာင္းတယ္ဆိုတာ ဘယ္အဆင့္၊ ဘယ္အခန္းထိ ေရာက္ေနၿပီ၊ ဘယ္ႏွစ္ႀကိမ္ေသထားၿပီ ဆိုတာကို ၾကည့္ၿပီး သိႏုိင္လုိ႔ၿပီး စလြယ္ေတာ့ မကစားျဖစ္ေတာ့ဘူးေပါ့။

ဇာတ္ေကာင္ကို ေကာင္ေလး၊ ေကာင္မေလး၊ တစ္ခုခုကို အရင္ေရြး၊ ၿပီးရင္ Mode ၃ ခု ရွိမယ္၊ Actor, Bartender နဲ႔ Cop ေတြထဲက ႏွစ္သက္ရာကို ေရြး၊ မိမိေရြးခ်ယ္တဲ့ Mode အေပၚမွာ မူတည္ၿပီးေတာ့ စြမ္းေဆာင္ရည္ သီးျခားစီရွိမယ္၊ ဂိမ္းမကစားခင္မွာလည္း ဘယ္လို Mode နဲ႔ဆိုရင္ ဘယ္လို စြမ္းရည္ရွိမယ္ဆိုတာ ေလ့လာႏိုင္ေသးတယ္၊ အဲဒီကေနမွမိမိ သေဘာက်တဲ့ Modeကို ေရြးခ်ယ္ၿပီး ဂိမ္းကိုစတင္ႏုိင္ပါၿပီ။ အခန္းတစ္ခန္းစတိုင္း ဌာနခ်ဳပ္ကေနစမယ္၊ အဲဒီကေနေပးလိုက္တဲ့ တာဝန္ကို သြားေရာက္ ၿပီးေျမာက္ေအာင္ကစား၊ တာဝန္ၿပီးတာနဲ႔ ဌာနခ်ဳပ္ ကိုျပန္လာ၊ တာဝန္အသစ္ကို လက္ခံ၊ ေနာက္တစ္ခန္းဆက္ၿပီးကစား၊ လြယ္ပါတယ္။ ရင္ဆိုင္ရမယ့္ ရန္သူေတြထဲမွာသက္ရွိေတြေရာ ဝိဉာဥ္လို ရန္သူေတြပါ ပါရွိၿပီး အဖြဲ႕လုိက္ ေအာင္ျမင္ေအာင္က စားႏုိင္မယ္ဆိုရင္ေတာ့ သင့္အတြက္ တစ္ခန္းၿပီးတစ္ခန္း၊တာဝန္ တစ္ခုၿပီးတစ္ခု ၿပီးေျမာက္ေအာင္ စိန္ေခၚႏိုင္မွာပါ။

-သက္ႏိုင္ဦ (UCSL)

[ Unicode ]

မထင်မှတ်ဘဲ ဒီနှစ်ပိုင်းတွေ မှာ သဘာဝလွန် စွမ်းအင်တွေ ပိုင်ဆိုင်တဲ့ သူရဲကောင်း ဇာတ်ကားတွေ လူကြိုက််များလာပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ခေတ်လို့ဆို ရမလားပေါ့။ ဝင်ငွေအကောင်း ဆုံးနဲ့ ကြည့်ရှုသူ အများဆုံး ဇာတ်ကားစာရင်းမှာ Supernatural ဆိုတဲ့ သဘာဝလွန် စွမ်းအင်ပိုင်ဆိုင်သူတွေရဲ့ ဇာတ်ကားတွေ ထိပ်ပိုင်းက နေရာယူနေတာကို ကြည့်ရင်ပဲ သိနိုင်နေတယ် မဟုတ်လား။ ဒီတော့ အခုဂိမ်းဘက်မှာလည်း ပုံမှန်ထက်ပိုတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်တဲ့ ဂိမ်းလေးတွေဆိုရင် စိတ်ဝင်စားကြမလား။

ဂိမ်းနာမည်က ခပ်ဆန်းဆန်း၊ Unavowed၊ စွန့်စားခန်း ဝင်ရမယ့်ဂိမ်း၊ ဇာတ်ကောင်ကသဘာဝလွန် စွမ်းအင်တွေ ပိုင်ဆိုင်ထားသူပေါ့။ ပြည်တွင်းမှာ အများဆုံး ကစားတဲ့ ကွန်ပျူတာတွေအတွက် အရင်ဆုံး ထွက်လာတာပါ၊ MacOS ရော Wins စနစ်နဲ့ပါ အဆင်ပြေပါတယ်။ နောက်ပိုင်းမှ Console တွေအတွက် လာဖို့ ရှိပါတယ်။ Online ဂိမ်း မ ဟုတ်လို့ Single အနေနဲ့ပဲ ကစားနိုင်ပါလိမ့်မယ်။

ရုပ်ထွက်က Console တွေအတွက် ဖန်တီးတဲ့ ဂိမ်းတွေလောက် မကောင်းပါဘူး။ ကြည်လင်ပြတ်သားမှု ကောင်းပေမယ့် လှုပ်ရှားမှုတွေက Animation ဆန်လွန်းနေပါတယ်။ကစား သူက ဇာတ်ကောင် ရွေးချယ်မှုမှာ ကောင်လေးအနေနဲ့ ကစားမလား၊ ကောင်မလေးအနေနဲ့ ကစားမလား ရွေးချယ်ရမယ်၊ ပြီးရင် သူနဲ့အတူ သဘာဝလွန် စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ ကစားသူကို လိုအပ်တာတွေ ကူညီပေးမယ့်၊ အဖွဲ့နဲ့အတူ စခန်းသွား ပုံစံကစားရမှာပါ။

လျှို့ဝှက်ချက်ပေါင်း များစွာပဟေဠိပေါင်းများစွာက အခန်းတစ်ခန်းချင်းစီမှာ စောင့်ကြိုနေပါ လိမ့်မယ်။ ဖြေရှင်းရမယ်၊ လိုအပ်ရင် တိုက်ခိုက်ရမယ်၊ နယူးယောက်မြို့တော်က ပတ်ဝန်းကျင် အနေအထားကို ပုံဖော်ထားပြီး အဆုံးမဲ့ ပတ်ဝန်းကျင်မဟုတ်ပေမယ့် အခန်းဆက် အများကြီး ထည့်ထားလို့ ကစားရတာ မရိုးစေပါဘူး။ ပြီးတော့ ကစားသူကဘယ်တော့မှ မသေဘူး၊ Game Over ဘယ်တော့မှ မဖြစ်ပါဘူး။ ဒါဆို ဂိမ်းက ကစားရတာ ရိုးသွားမလား စဉ်းစားစရာပါ။ ဟုတ်ပါတယ်၊ ဘယ်တော့မှ မသေဘူးဆိုတော့ လုပ်ချင်သလို လုပ်နေလို့ ရတာပေါ့။ ဒါပေမဲ့ သေတယ်ဆိုတဲ့ သဘောပါ အမှားတစ်ခုခု လုပ်မိပြီဆိုတာနဲ့ အဆိုပါ အမှားမလုပ်ခင် အချိန်စက္ကန့်ပိုင်း နေရာကနေ ပြန်ပေါ်လာပြီး ပြန်စကစားရမှာပါ။ ပြီးတော့မိမိ ကစားအား ဘယ်လောက် ကောင်းတယ်ဆိုတာ ဘယ်အဆင့်၊ ဘယ်အခန်းထိ ရောက်နေပြီ၊ ဘယ်နှစ်ကြိမ်သေထားပြီ ဆိုတာကို ကြည့်ပြီး သိနိုင်လို့ပြီး စလွယ်တော့ မကစားဖြစ်တော့ဘူးပေါ့။

ဇာတ်ကောင်ကို ကောင်လေး၊ ကောင်မလေး၊ တစ်ခုခုကို အရင်ရွေး၊ ပြီးရင် Mode ၃ ခု ရှိမယ်၊ Actor, Bartender နဲ့ Cop တွေထဲက နှစ်သက်ရာကို ရွေး၊ မိမိရွေးချယ်တဲ့ Mode အပေါ်မှာ မူတည်ပြီးတော့ စွမ်းဆောင်ရည် သီးခြားစီရှိမယ်၊ ဂိမ်းမကစားခင်မှာလည်း ဘယ်လို Mode နဲ့ဆိုရင် ဘယ်လို စွမ်းရည်ရှိမယ်ဆိုတာ လေ့လာနိုင်သေးတယ်၊ အဲဒီကနေမှမိမိ သဘောကျတဲ့ Modeကို ရွေးချယ်ပြီး ဂိမ်းကိုစတင်နိုင်ပါပြီ။ အခန်းတစ်ခန်းစတိုင်း ဌာနချုပ်ကနေစမယ်၊ အဲဒီကနေပေးလိုက်တဲ့ တာဝန်ကို သွားရောက် ပြီးမြောက်အောင်ကစား၊ တာဝန်ပြီးတာနဲ့ ဌာနချုပ် ကိုပြန်လာ၊ တာဝန်အသစ်ကို လက်ခံ၊ နောက်တစ်ခန်းဆက်ပြီးကစား၊ လွယ်ပါတယ်။ ရင်ဆိုင်ရမယ့် ရန်သူတွေထဲမှာသက်ရှိတွေရော ဝိဉာဉ်လို ရန်သူတွေပါ ပါရှိပြီး အဖွဲ့လိုက် အောင်မြင်အောင်က စားနိုင်မယ်ဆိုရင်တော့ သင့်အတွက် တစ်ခန်းပြီးတစ်ခန်း၊တာဝန် တစ်ခုပြီးတစ်ခု ပြီးမြောက်အောင် စိန်ခေါ်နိုင်မှာပါ။