Ultimate Chicken Horse

ဒီနေ့ခေတ် ဂိမ်းတစ်ခု အောင်မြင်ဖို့ဆိုရင် Platform အစုံနဲ့ ကစားနိုင်မှ ဖြစ်မယ်။ Console တစ်ခုတည်းနဲ့ ကစားနိုင်နေရုံ မဖြစ်တော့ဘူး၊ လူငယ်အများစုကလည်း ဂိမ်းဆိုင်မသွားတော့ဘူး၊ အိမ်မှာလည်း လူတိုင်းဂိမ်းစက် မရှိဘူး၊ ဒါပေမဲ့ ကွန်ပျူတာတော့ လူငယ်တွေ အသုံးများတယ်၊ အထူးသဖြင့်တော့ Windows စနစ်နဲ့ပါ ကစားနိုင်မယ့်ဂိမ်းအဖြစ် ဖန်တီးနိုင်မှ လူကြိုက်များပါတယ်။ အခုလည်း Platform အစုံနဲ့ ကစားနိုင်မယ့် ဂိမ်းအသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

သူကတော့ Clever Endeavour Games ကနေ ဖန်တီးဖြန့်ချိတဲ့ Ultimate Chicken Horse ပါ။ ပထမဆုံး ထွက်ရှိ လာတာက Windows စနစ်အတွက်၊ နောက်တော့ ဂိမ်းသမားတွေအကြားမှာ နာမည်ရလာလို့ PS4 နဲ့ Xbox One တွေအတွက်ပါ ဆက်ထွက်လာပါပြီ။ ၂၀၁၆ ခုနှစ် မတ်လကတည်းက Wins အတွက် ထွက်ရှိထားတဲ့ အခုဂိမ်းက ပြီးခဲ့တဲ့ ဒီဇင်ဘာအားလပ်ရက်မှာ PS4 နဲ့ Xbox One အတွက် ထွက်လာပြီး အခုနှစ်ထဲမှာ Nintendo Switch အတွက်ပါ ဆက်ထွက်လာမယ် ဆိုတော့ ဒီဂိမ်းဘယ်လောက် အောင်မြင်တယ်ဆိုတာ ခန့်မှန်းလို့ရနေပြီ၊ တော်တော်တန်တန် ဂိမ်းတစ်ခုက Platform ၂ မျိုးအတွက်လောက် ထွက်ရင်တောင် ဟုတ်နေပြီ မဟုတ်လား။

Multi အနေနဲ့ ကစားနိုင်မယ့် အခုဂိမ်းက ကစားသမား အချင်းချင်း ကိုယ့် Level ကိုမြင့်အောင်လုပ်ပြီး ယှဉ်ပြိုင်ရမှာပါ။ ကစားချိန် ပိုပေးမယ်၊ တခြားသူထက် နှာတဖျားသာအောင် ကစားမယ်ဆိုရင် ကိုယ့် Level ပိုမြင့်ဖို့ လွယ်ပါလိမ့်မယ်။ အဆင့်တစ်ဆင့် (ထောင်ချက်ကို အောင်မြင်အောင် ဖြတ်ကျော်တာမျိုး၊ ရည်မှန်းချက် တစ်ခုပြီးစီးတာမျိုး) အတွက် အမှတ်တွေတက်မယ်၊ အမှတ်တွေ တက်လာတိုင်း Level မြင့်လာမှာလည်း ဖြစ်ပါတယ်။

အဖွဲ့လိုက် ရည်မှန်းချက်တစ်ခုကို သွားလာချိန်အတွင်း ထိခိုက်မှုတွေအတွက် အမှတ်လျှော့ခံရပါတယ်။ ကစားပွဲ အတိုလေးတွေဖြစ်ပြီး တစ်ပွဲကိုတစ်မိနစ် ဝန်းကျင်ပဲ ကြာပါတယ်၊

တစ်ပွဲပြီးတိုင်း ရမှတ်တွက်ပြီး သင့်ကို Level တက်စေပါတယ်၊ ဒါပေမဲ့ ပွဲစဉ်တွေကတော့ အများကြီးပါပဲ။ ပွဲစဉ် တစ်ခုမှာ ရှုံးနိမ့်မှုအတွက် ပြန်ကစားရတာတွေ၊ Level ပြန်ကျတာတွေလည်း ရှိနိုင်ပါတယ်။ အမြင် ဆန်းပြီး ကစားကွက်ရိုးပေမယ့် စိန်ခေါ်မှုက မထင်မှတ်ဘဲ လွယ် မလိုနဲ့ ခက်နေပါတယ်။

PC နဲ့ PS4 လို ချိတ်ဆက် ကစားနိုင်တဲ့ စနစ်တွေမှာ Online အနေနဲ့လည်း ကစားနိုင်တယ်၊ LAN ချိတ်ပြီးလည်း Multi အဖြစ်
ကစားနိုင်တယ်၊ Cross-play ပုံစံနဲ့လည်း ကစားနိုင်အောင် ဖန်တီးထားပါတယ်။ Online နဲ့ကစားရင်တော့ ကစားကွက်အ သစ်တွေပိုပြီး ရယူကစားနိုင်မှာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ဒီဇိုင်းဆွဲဖန်တီးမှု လုပ်ဆောင်နေခဲ့ပြီး Gardenarium နဲ့ Rimworld လို ဂိမ်းတွေကို ရေးဆွဲသူတွေ ပူးပေါင်း ဖန်တီးချက်ဖြစ်လို့ ဂိမ်းဖန်တီးမှုရော စနစ်ရော အားကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်နေတာပါ။ ပေါ့ပေါ့ပါးပါး ကစားချင်သူတွေအတွက် စိတ်ကြိုက်ဖြစ် ပါလိမ့်မယ်၊ Pro သမားတွေအတွက်ဆိုတာထက် မိန်းကလေးတွေနဲ့ အပျော်တမ်း ဂိမ်းသမားတွေအတွက် သဘောကျမယ့် အနေအထားပါ။

-သက်နိုင်ဦး (UCSL)