August 20, 2018

uGet Download Manager ကို ထည့်သွင်းခြင်း

uGet ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် download manager တစ်ခုပဲဖြစ်ပါတယ်။ uGet ဟာ တစ်ချိန်တည်းမှာ resource တွေကိုခွဲပြီး download လုပ်ယူပေးတာဖြစ်တဲ့ အတွက် download လုပ်ယူတဲ့ လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေ ပါတယ်။

Ubuntu OS မှာ uGet ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ uGet ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:plushuang-tw/uget-stable

sudo apt-get update

sudo apt-get install uget

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် uGet ကို Ubuntu OS မှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။